ကျနော်တို့က ချယ်ဆီးက ငယ်ရွယ်ပေမယ့် ငအလေးတွေ မဟုတ်ပါဘူးဆိုတဲ့ တီမို ဗာနာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ချယ်ဆီးအသင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူခဲ့တဲ့ ဗာနာက သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ဂုဏ်ယူစွာ ပြောဆိုပါတယ်။
လလ
ဒီရာသီတစ်လျှောက်လုံးမှာ သွင်းဂိုး နည်းပါးခြင်းကြောင့် ဝေဖန်မှုများစွာ ရရှိထားတဲ့ ဗာနာဟာ တူချယ် လက်အောက်မှာလည်း အားလုံးရဲ့ မျက်စိဒေါက်ထောက် ကြည့်မှုတွေကို ရင်ဆိုင်နေရတာပါ။ ရီးရဲလ်နှင့်ပွဲမှာ ဂိုးရယူနိုင်ခဲ့တာက သူ့အတွက်တော့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး အသင်းသားတွေက ငယ်ရွယ်ပေမယ့် အားလုံးမျှော်လင့်တဲ့ လမ်းကြောင်းပေါ် ရောက်လာခဲ့တယ်လို့ ဗာနာက ကျေနပ်ပျော်ရွှင်ပါတယ်။

ဗာနာက ” နောက်ဆုံး ၁၀ မိနစ်လောက်မှာ ကျနော် အတော်လေး အော်ဟစ်ခဲ့ရတယ်။ မန်နေဂျာတူချယ်နှင့်အတူ အဆင့် ၁၀ နေရာက စတင်လာခဲ့ပြီး အခုတော့ အားလုံးကို ရောက်လာခဲ့ပါပြီ။ ကျနေ်ာတို့ အဆင့်လေးထဲ ဝင်လာတယ်၊ ချန်ပီယံလိဂ်ကို အနိုင်ရနိုင်ချေရှိနေတယ်၊ အက်ဖ်အေဖလားကိုလည်း ရောက်လာခဲ့ပါတယ်။

ကျနေ်ာတို့ရဲ့ အသင်းက သိပ်ကို ကောင်းပါတယ်။ ကမ္ဘာအကောင်းဆုံး ကစားသမားတွေဖြင့် စုဖွဲ့ထားတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရာမှာ ကျနေ်ာတို့ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ်။ ကျနေ်ာတို့က ငယ်ရွယ်ပါတယ် ဒါပေမယ့် အမှားတွေကို ခပ်လွယ်လွယ် လုပ်မိရလောက်အောင်လည်း ငပိန်းတွေ မဟုတ်ပါဘူး။

ဘောလုံးကျသွားတာ မြင်ဖို့အတွက် ကျနော် အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ တစ်နာရီလောက် ကြာတယ်တောင် ထင်ခဲ့တယ်။ အဲ့တာက လွယ်ကူတဲ့ ဂိုးတစ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေး ဖန်တီးမှုကလည်း သိပ်ကောင်းခဲ့တာပါ။ အဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားတာက မလွယ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ကျနေ်ာတို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ ဗိုလ်လုပွဲ နှစ်ပွဲကစားဖို့ ရှိနေပြီး တစ်ပွဲက လက်စတာဖြင့် ယှဉ်ပြိုင်ရမယ့် အက်ဖ်အေပွဲဖြစ်တယ်။ ကျန်တစ်ပွဲကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် တူရကီနိုင်ငံ အင်စတမ်ဘူကွင်းမှာ မန်စီးတီးဖြင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ZAWGYI – ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ခ်ယ္ဆီးအသင္း ဗိုလ္လုပြဲကို တက္ေရာက္နုိင္ဖို႔အတြက္ အေရးပါတဲ့ သြင္းဂိုးကို သြင္းယူခဲ့တဲ့ ဗာနာက သူတို႔ အေကာင္းဆံုး လုပ္ႏိုင္ခဲ့တယ္လို႔ ဂုဏ္ယူစြာ ေျပာဆိုပါတယ္။

ဒီရာသီတစ္ေလွ်ာက္လံုးမွာ သြင္းဂိုး နည္းပါးျခင္းေၾကာင့္ ေဝဖန္မႈမ်ားစြာ ရရွိထားတဲ့ ဗာနာဟာ တူခ်ယ္ လက္ေအာက္မွာလည္း အားလံုးရဲ႕ မ်က္စိေဒါက္ေထာက္ ၾကည့္မႈေတြကို ရင္ဆိုင္ေနရတာပါ။ ရီးရဲလ္ႏွင့္ပြဲမွာ ဂိုးရယူႏုိင္ခဲ့တာက သူ႔အတြက္ေတာ့ မွတ္တိုင္တစ္ခုျဖစ္ခဲ့ျပီး အသင္းသားေတြက ငယ္ရြယ္ေပမယ့္ အားလံုးေမွ်ာ္လင့္တဲ့ လမ္းေၾကာင္းေပၚ ေရာက္လာခဲ့တယ္လို႔ ဗာနာက ေက်နပ္ေပ်ာ္ရႊင္ပါတယ္။

ဗာနာက ” ေနာက္ဆံုး ၁၀ မိနစ္ေလာက္မွာ က်ေနာ္ အေတာ္ေလး ေအာ္ဟစ္ခဲ့ရတယ္။ မန္ေနဂ်ာတူခ်ယ္ႏွင့္အတူ အဆင့္ ၁၀ ေနရာက စတင္လာခဲ့ျပီး အခုေတာ့ အားလံုးကို ေရာက္လာခဲ့ပါျပီ။ က်ေန္ာတို႔ အဆင့္ေလးထဲ ဝင္လာတယ္၊ ခ်န္ပီယံလိဂ္ကို အႏိုင္ရႏိုင္ေခ်ရွိေနတယ္၊ အက္ဖ္ေအဖလားကိုလည္း ေရာက္လာခဲ့ပါတယ္။

က်ေန္ာတို႔ရဲ႕ အသင္းက သိပ္ကို ေကာင္းပါတယ္။ ကမၻာအေကာင္းဆံုး ကစားသမားေတြျဖင့္ စုဖြဲ႔ထားတဲ့ အသင္းတစ္သင္းကို ရင္ဆုိင္ရာမွာ က်ေန္ာတို႔ အေကာင္းဆံုး ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ က်ေန္ာတို႔က ငယ္ရြယ္ပါတယ္ ဒါေပမယ့္ အမွားေတြကို ခပ္လြယ္လြယ္ လုပ္မိရေလာက္ေအာင္လည္း ငပိန္းေတြ မဟုတ္ပါဘူး။

ေဘာလံုးက်သြားတာ ျမင္ဖို႔အတြက္ က်ေနာ္ အခ်ိန္အၾကာၾကီး ေစာင့္ခဲ့ရပါတယ္။ တစ္နာရီေလာက္ ၾကာတယ္ေတာင္ ထင္ခဲ့တယ္။ အဲ့တာက လြယ္ကူတဲ့ ဂိုးတစ္ဂိုးလည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အခြင့္အေရး ဖန္တီးမႈကလည္း သိပ္ေကာင္းခဲ့တာပါ။ အဆံုးမွာေတာ့ ရီးရဲလ္မက္ဒရစ္ကို ရင္ဆုိင္ကစားတာက မလြယ္ခဲ့ပါဘူး။ ဒါေပမယ့္လည္း က်ေန္ာတို႔ အေကာင္းဆံုး လုပ္ႏုိင္ခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဒီရာသီမွာ ဗိုလ္လုပြဲ ႏွစ္ပြဲကစားဖို႔ ရွိေနျပီး တစ္ပြဲက လက္စတာျဖင့္ ယွဥ္ျပိဳင္ရမယ့္ အက္ဖ္ေအပြဲျဖစ္တယ္။ က်န္တစ္ပြဲကေတာ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ တူရကီႏုိင္ငံ အင္စတမ္ဘူကြင္းမွာ မန္စီးတီးျဖင့္ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။