ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲအတွက် အသင်းသားတွေကို ဂွာဒီယိုလာ သတိပေး

မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် ပီအက်စ်ဂျီကို ရင်ဆိုင်ရာမှာ ရင့်ကျက်လာတဲ့ အသင်းတစ်သင်းပုံစံကို မြင်လိုကြောင်း အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ သမိုင်းကြောင်းကောင်းတွေ မရှိထားပေမယ့် ဒီဘက် ဆယ်စုနှစ်မှာတော့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် အဆင့်တွေကို အကြိမ်ကြိမ် တက်လှမ်းလာတာပါ။ ပထမအကျော့မှာ ပီအက်စ်ဂျီကို ၂-၁ ဖြင့် အနိုင်ထားလို့ ဒီနှစ်ဟာ မန်စီးတီးအတွက် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်မယ့်နှစ်လည်း ဖြစ်လာနိုင်ပါတယ်။

ဂွာဒီယိုလာက ‘ ဒီအဆင့်ကို ကျော်ဖြတ်ဖို့က ကစားသမားတွေအပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့အားလုံးရဲ့ ခံစားချက်တွေကို ထိန်းချုပ်ပြီး တစ်ခုခုကို လုပ်လိုပြလိုစိတ်ပေါ် မူတည်ပါတယ်။ ထာဝရ မှတ်မိနေကြစေဖို့ ခြေတစ်လှမ်း ဆက်တိုးနိုင်အောင် လုပ်ရမှာပါ။

ကျနေ်ာတို့တွေ ကိုယ်ရဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်ရမယ်။ အဲ့လို လုပ်နိုင်ဖို့ ကျနေ်ာတို့ အာရုံစိုက်နေပြီး အနိုင်ရအောင် အကောင်းဆုံး လုပ်နိုင်ရမှာဖြစ်ပါတယ်။ ခံစားချက်တွေဟာ ပွဲကို လုံးဝ မမျှော်လင့်ထားအောင်ကိုပဲ ခြားနားသွားစေနိုင်ပါတယ်။ ဒါက တိုက်ပွဲကြီးဖြစ်ပြီး ခံစားရတဲ့ အခိုက်အတန့်တွေ ရှိတယ်ဆိုတာကို နားလည်ထားရမယ်။

ဒါပေမယ့် ကျနေ်ာတို့ အကောင်းဆုံး တုန့်ပြန်နိုင်မယ်ဆိုတာ သေချာပါတယ်။ ကိုယ်လုပ်ရမှာကို လုပ်ပြီး ဖြစ်နိုင်သလောက် ကိုယ်ဘာသာ အကောင်းဆုံး လုပ်ရမယ်။ ခံစားချက်တွေက အတွင်းကနေ လာမှာဖြစ်ပြီး ကိုယ်ဘာလုပ်ရမယ်ဆိုတာကို မြင်နိုင်ရပါမယ်။

မန်စီးတီးလူစာရင်းဟာ ဆိုးရွားတဲ့ အခိုက်အတန့်တွေ၊ ခံစားရမှုတွေကို အတူတကွ ရင်ဆိုင်လာခဲ့ကြတာပါ။ ဒီရာသီမှာ ကျနေ်ာတို့ လုပ်ထားခဲ့တာတွေအတိုင်းပဲ ပီအက်စ်ဂျီကို ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဆိုလိုတာက ဆိုးရွားတဲ့ အခိုက်အတန့်တွေကို တည်ငြိမ်အောင်နေပြီး ဘောလုံးကို ရယူကာ ကိုယ်ရဲ့ ပုံစံကောင်းတွေကို ပြသနိုင်ရမှာဖြစ်ပါတယ် ‘ လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – မန္စီးတီး မန္ေနဂ်ာ ဂြာဒီယိုလာက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အျဖစ္ ပီအက္စ္ဂ်ီကို ရင္ဆိုင္ရာမွာ ရင့္က်က္လာတဲ့ အသင္းတစ္သင္းပံုစံကို ျမင္လိုေၾကာင္း အသင္းသားေတြကို သတိေပးလိုက္ပါတယ္။

မန္စီးတီးဟာ ခ်န္ပီယံလိဂ္မွာ သမိုင္းေၾကာင္းေကာင္းေတြ မရွိထားေပမယ့္ ဒီဘက္ ဆယ္စုႏွစ္မွာေတာ့ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ အဆင့္ေတြကို အၾကိမ္ၾကိမ္ တက္လွမ္းလာတာပါ။ ပထမအေက်ာ့မွာ ပီအက္စ္ဂ်ီကို ၂-၁ ျဖင့္ အႏုိင္ထားလို႔ ဒီႏွစ္ဟာ မန္စီးတီးအတြက္ သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအၾကိမ္အျဖစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ေရာက္မယ့္ႏွစ္လည္း ျဖစ္လာႏုိင္ပါတယ္။

ဂြာဒီယိုလာက ‘ ဒီအဆင့္ကို ေက်ာ္ျဖတ္ဖို႔က ကစားသမားေတြအေပၚမွာပဲ မူတည္ပါတယ္။ က်ေနာ္တို႔အားလံုးရဲ႕ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ျပီး တစ္ခုခုကို လုပ္လိုျပလိုစိတ္ေပၚ မူတည္ပါတယ္။ ထာဝရ မွတ္မိေနၾကေစဖို႔ ေျခတစ္လွမ္း ဆက္တိုးႏိုင္ေအာင္ လုပ္ရမွာပါ။

က်ေန္ာတို႔ေတြ ကိုယ္ရဲ႕ ခံစားခ်က္ကို ထိန္းခ်ဳပ္ႏုိင္ရမယ္။ အဲ့လို လုပ္ႏုိင္ဖို႔ က်ေန္ာတို႔ အာရံုစိုက္ေနျပီး အႏုိင္ရေအာင္ အေကာင္းဆံုး လုပ္ႏိုင္ရမွာျဖစ္ပါတယ္။ ခံစားခ်က္ေတြဟာ ပြဲကို လံုးဝ မေမွ်ာ္လင့္ထားေအာင္ကိုပဲ ျခားနားသြားေစႏုိင္ပါတယ္။ ဒါက တိုက္ပြဲၾကီးျဖစ္ျပီး ခံစားရတဲ့ အခိုက္အတန္႔ေတြ ရွိတယ္ဆိုတာကို နားလည္ထားရမယ္။

ဒါေပမယ့္ က်ေန္ာတို႔ အေကာင္းဆံုး တုန္႔ျပန္ႏုိင္မယ္ဆိုတာ ေသခ်ာပါတယ္။ ကိုယ္လုပ္ရမွာကို လုပ္ျပီး ျဖစ္ႏုိင္သေလာက္ ကိုယ္ဘာသာ အေကာင္းဆံုး လုပ္ရမယ္။ ခံစားခ်က္ေတြက အတြင္းကေန လာမွာျဖစ္ျပီး ကိုယ္ဘာလုပ္ရမယ္ဆိုတာကို ျမင္ႏုိင္ရပါမယ္။

မန္စီးတီးလူစာရင္းဟာ ဆိုးရြားတဲ့ အခိုက္အတန္႔ေတြ၊ ခံစားရမႈေတြကို အတူတကြ ရင္ဆိုင္လာခဲ့ၾကတာပါ။ ဒီရာသီမွာ က်ေန္ာတို႔ လုပ္ထားခဲ့တာေတြအတိုင္းပဲ ပီအက္စ္ဂ်ီကို ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဆိုလိုတာက ဆိုးရြားတဲ့ အခိုက္အတန္႔ေတြကို တည္ျငိမ္ေအာင္ေနျပီး ေဘာလံုးကို ရယူကာ ကိုယ္ရဲ႕ ပံုစံေကာင္းေတြကို ျပသႏုိင္ရမွာျဖစ္ပါတယ္ ‘ လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။