မန်စီးတီးနဲ့ ဒီည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ပါဖို့ မသေချာသေးတဲ့ ပီအက်စ်ဂျီကြယ်ပွင့်

မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ဟာ ဒီည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ဒုတိယအကျော့ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပြီး အင်္ဂလန်မှာ ကစားရမှာ ဖြစ်ပါတယ်။ ပထမ အကျော့ စပိန်မြေမှာတော့ မန်စီးတီးက ၂-၁ နဲ့ အနိုင်ရထားတာကြောင့် ဒုကျော့ အတွက် အသာစီး ရထားတာပါ။

ဒီည အရေးကြီး အဆုံးအဖြတ် ဖြစ်လာမယ့် ဒုကျော့ ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းဘက်မှ ကြယ်ပွင့် တိုက်စစ်မှူး အမ် ဘတ်ပီ ပါဝင်နိုင်ဖို့ မသေချာသေးဘဲ ပွဲမတိုင်ခင်မှာ သူ့ရဲ့ ခြေသလုံး နာနေတဲ့ အနေအထားကို ထပ်မံ စစ်ဆေးရမှာ ဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောဆိုခဲ့ပါတယ်။

” ကျနော် အမ်ဘတ်ပီ အတွက် စိတ်ပူနေပါတယ်။ သူ့ ကြံ့ခိုင်မှု အခြေအနေကို မနက်ဖြန်မှာ ကျနော်တို့ ဆုံးဖြတ်ချက် ချကြရမှာပါ။ ကစားသမား အကုန်လုံး ကြံ့ခိုင်ပြီး ဝင်ကစားဖို့ အသင့်ရှိနေမှာပဲ ကျနေ်ာတို့က လိုလားတာ။ ဘတ်ပီ အခြေအနေကို လာမယ့် နာရီပိုင်းတွေ အတွင်း သိရနိုင်ပါတယ်။

ကျနော်တို့မှာ လူစာရင်း တောင့်တင်းပြီးသားပါ။ ကစားသမားတွေ အားလုံးက လုပ်ဆောင်နိုင်စွမ်း ရှိကြတယ်။ အမ် ဘတ်ပီ မပါနိုင်ဘူး ဆိုရင်လည်း အသင်းမှာ နိုင်ပွဲ ယူနိုင်တဲ့ အရည်အသွေးတွေ ရှိတယ်။ ” လို့ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုက ဆိုပါတယ်။

ပီအက်စ်ဂျီဟာ မန်ချက်စတာမြေ အိုးထရက်ဖို့ဒ်သို့ လာကစားတဲ့ အရင် နှစ်ပွဲမှာ နိုင်ပွဲတွေ ရထားခဲ့တာ ဖြစ်ပေမယ့် ဒီတကြိမ် အီတီဟက်မှာတော့ ထင်သလောက် လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။ ပိုချက်တီနိုက ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးကို ၂၀၁၉ တုန်းက ကွာတားဖိုင်နယ် အဆင့်မှာ ဖြုတ်ချဖူးပါတယ်။

Zawgyi – မန္စီးတီးနဲ႕ ပီအက္စ္ဂ်ီတို႔ဟာ ဒီည ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ ဒုတိယအေက်ာ့ ယွဥ္ျပိဳင္ ကစားေတာ့မွာ ျဖစ္ျပီး အဂၤလန္မွာ ကစားရမွာ ျဖစ္ပါတယ္။ ပထမ အေက်ာ့ စပိန္ေျမမွာေတာ့ မန္စီးတီးက ၂-၁ နဲ႕ အနုိင္ရထားတာေၾကာင့္ ဒုေက်ာ့ အတြက္ အသာစီး ရထားတာပါ။

ဒီည အေရးၾကီး အဆံုးအျဖတ္ ျဖစ္လာမယ့္ ဒုေက်ာ့ ပြဲစဥ္မွာ ပီအက္စ္ဂ်ီ အသင္းဘက္မွ ၾကယ္ပြင့္ တိုက္စစ္မွဴး အမ္ ဘတ္ပီ ပါ၀င္နုိင္ဖို႔ မေသခ်ာေသးဘဲ ပြဲမတိုင္ခင္မွာ သူ႔ရဲ႕ ေျခသလံုး နာေနတဲ့ အေနအထားကို ထပ္မံ စစ္ေဆးရမွာ ျဖစ္ေၾကာင္း နည္းျပ ပိုခ်က္တီနိုက ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ အမ္ဘတ္ပီ အတြက္ စိတ္ပူေနပါတယ္။ သူ႔ ၾကံ႕ခိုင္မႈ အေျခအေနကို မနက္ျဖန္မွာ က်ေနာ္တို႔ ဆံုးျဖတ္ခ်က္ ခ်ၾကရမွာပါ။ ကစားသမား အကုန္လံုး ၾကံ႕ခိုင္ျပီး ၀င္ကစားဖို႔ အသင့္ရွိေနမွာပဲ က်ေန္ာတို႔က လိုလားတာ။ ဘတ္ပီ အေျခအေနကို လာမယ့္ နာရီပိုင္းေတြ အတြင္း သိရနုိင္ပါတယ္။

က်ေနာ္တို႔မွာ လူစာရင္း ေတာင့္တင္းျပီးသားပါ။ ကစားသမားေတြ အားလံုးက လုပ္ေဆာင္နုိင္စြမ္း ရွိၾကတယ္။ အမ္ ဘတ္ပီ မပါနိုင္ဘူး ဆိုရင္လည္း အသင္းမွာ နုိင္ပြဲ ယူနုိင္တဲ့ အရည္အေသြးေတြ ရွိတယ္။ ” လို႔ ပီအက္စ္ဂ်ီ နည္းျပ ပိုခ်က္တီနိုက ဆိုပါတယ္။

ပီအက္စ္ဂ်ီဟာ မန္ခ်က္စတာေျမ အိုးထရက္ဖို႔ဒ္သို႔ လာကစားတဲ့ အရင္ နွစ္ပြဲမွာ နိုင္ပြဲေတြ ရထားခဲ့တာ ျဖစ္ေပမယ့္ ဒီတၾကိမ္ အီတီဟက္မွာေတာ့ ထင္သေလာက္ လြယ္ကူနိုင္မွာ မဟုတ္ပါဘူး။ ပိုခ်က္တီနိုက ပက္ ဂြာဒီယိုလာရဲ႕ မန္စီးတီးကို ၂၀၁၉ တုန္းက ကြာတားဖိုင္နယ္ အဆင့္မွာ ျဖဳတ္ခ်ဖူးပါတယ္။