လီဗာပူးနဲ့ အမှတ်ပေးပွဲ ပွဲပျက်ခဲ့ခြင်းကြောင့် ရမှတ်လျော့ခံရဖွယ်ရှိနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ လီဗာပူးနှင့် ယှဉ်ပြိုင်ရမယ့် ပရီးမီယားလိဂ်ပွဲကို ပရိသတ်တွေ ဆန္ဒပြခြင်းကြောင့် ဧည့်ခံနိုင်ခြင်း မရှိသည့်အတွက် ရမှတ်လျော့ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ဖို့ရှိခဲ့တာပါ။ ဒါပေမယ့်လို့ တနင်္ဂနွေနေ့ပွဲမှာ သရဲနီပရိသတ်တွေက အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန္ဒပြခဲ့ကြပြီး လိုဝီဟိုတယ်အပြင် အိုထရတ်ဖိုဒ့်ကွင်းထဲထိ ဝင်ရောက်ကာ အသင်းပိုင်ရှင်ကို မထောက်ခံတဲ့ သဘောထားတွေကို ပြသခဲ့တာဖြစ်တယ်။

ပွဲမစတင်ခင်တည်းက ဆန္ဒပြမှုကို မန်ချက်စတာရဲတွေကော ယူနိုက်တက်တာဝန်ရှိသူတွေပါ ထိန်းသိမ်းခဲ့ရတယ်။ ယူနိုက်တက်ပရိသတ် အများအပြားက ငြိမ်းချမ်းစွာ ဆန္ဒပြခ့ပေမယ့် အိုထရတ်ဖိုဒ့်ကွင်းထဲ ပရိသတ်တွေ ချိုးဖောက်ဝင်ရောက်ရာမှာ မီဒီယာဘက်ခြမ်းကို ဥပဒေမဲ့ လုပ်ဆောင်မှုတွေ ပါဝင်သွားခဲ့ပါတယ်။

ဆန္ဒပြမှုမှာ ယူနိုက်တက်ပရိသတ် အချို့က မီးပန်းတွေ ပုလင်းတွေဖြင့် ပစ်ပေါက်မှုလို ကိစ္စတွေလည်း လုပ်ခဲ့တယ်။ ကနဦးမှာ တာဝန်ရှိသူတွေက လူခွဲဖို့ကြိုးစားပြီး ပွဲစဉ်ကို အချိန်အနည်းငယ် နောက်ဆုတ်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကွင်းထဲမှာ ကျန်ရစ်တဲ့ အရာတွေကို ရှင်းလင်းမှုတွေပါ လုပ်ဖို့လိုအပ်ခြင်းကြောင့် ပွဲကို လုံးဝ ရွှေ့ဆိုင်းကြောင်းပါ ကြေညာခဲ့ရပါတယ်။

နောက်ဆက်တွဲအဖြစ် ပရီးမီးယားလိဂ်နဲ့ ဘောလုံးအဖွဲ့ချုပ်ဘက်က တနင်္ဂနွေနေ့ ပရိသတ်တွေ ဆန္ဒပြမှုကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပါပြီ။ အဖွဲ့အစည်းတွေဘက်က အသင်းပရိသတ်တွေကို ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိတဲ့ ယူနိုက်တက်ကို လိဂ်စည်းမျဉ်းတွေအရ အရေးယူမှုတွေ ပြုလုပ်သွားဖို့ တိုင်ပင်နေကြပြီဖြစ်တယ်။

ကလပ်တွေဟာ နှစ်ဘက် အသင်းသားတွေနှင့် ပွဲနေ့ တာဝန်ရှိသူတွေရဲ့ လုံခြုံရေးကို ကလပ်ဘက်က အာမခံချက် မပေးနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ကော အက်ဖ်အေကပါ ပြစ်ဒဏ်ချခွင့် ရှိထားပါတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းနှစ်ခုကို ချိုးဖောက်မှုဖြင့် ယူနိုက်တက်ကို စစ်ဆေးသွားမှာဖြစ်ကာ ထိုစစ်ဆေးမှုတွေအတွင်း ရဲတပ်ဖွဲ့၊ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနှင့် အခြားသော တာဝန်ရှိသူတွေပါ ပါဝင်သွားမှာဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ လီဗာပူးႏွင့္ ယွဥ္ျပိဳင္ရမယ့္ ပရီးမီယားလိဂ္ပြဲကို ပရိသတ္ေတြ ဆႏၵျပျခင္းေၾကာင့္ ဧည့္ခံႏုိင္ျခင္း မရွိသည့္အတြက္ ရမွတ္ေလ်ာ့ျပစ္ဒဏ္ က်ခံရႏုိင္တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၄ အျဖစ္ အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္နဲ႔ လီဗာပူးတို႔ ယွဥ္ျပိဳင္ဖို႔ရွိခဲ့တာပါ။ ဒါေပမယ့္လို႔ တနဂၤေႏြေန႔ပြဲမွာ သရဲနီပရိသတ္ေတြက အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို ဆႏၵျပခဲ့ၾကျပီး လိုဝီဟိုတယ္အျပင္ အိုထရတ္ဖိုဒ့္ကြင္းထဲထိ ဝင္ေရာက္ကာ အသင္းပိုင္ရွင္ကို မေထာက္ခံတဲ့ သေဘာထားေတြကို ျပသခဲ့တာျဖစ္တယ္။

ပြဲမစတင္ခင္တည္းက ဆႏၵျပမႈကို မန္ခ်က္စတာရဲေတြေကာ ယူႏုိက္တက္တာဝန္ရွိသူေတြပါ ထိန္းသိမ္းခဲ့ရတယ္။ ယူႏုိက္တက္ပရိသတ္ အမ်ားအျပားက ျငိမ္းခ်မ္းစြာ ဆႏၵျပခ့ေပမယ့္ အိုထရတ္ဖိုဒ့္ကြင္းထဲ ပရိသတ္ေတြ ခ်ိဳးေဖာက္ဝင္ေရာက္ရာမွာ မီဒီယာဘက္ျခမ္းကို ဥပေဒမဲ့ လုပ္ေဆာင္မႈေတြ ပါဝင္သြားခဲ့ပါတယ္။

ဆႏၵျပမႈမွာ ယူႏုိက္တက္ပရိသတ္ အခ်ိဳ႔က မီးပန္းေတြ ပုလင္းေတြျဖင့္ ပစ္ေပါက္မႈလို ကိစၥေတြလည္း လုပ္ခဲ့တယ္။ ကနဦးမွာ တာဝန္ရွိသူေတြက လူခြဲဖို႔ၾကိဳးစားျပီး ပြဲစဥ္ကို အခ်ိန္အနည္းငယ္ ေနာက္ဆုတ္ဖို႔ စီစဥ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ကြင္းထဲမွာ က်န္ရစ္တဲ့ အရာေတြကို ရွင္းလင္းမႈေတြပါ လုပ္ဖို႔လိုအပ္ျခင္းေၾကာင့္ ပြဲကို လံုးဝ ေရႊ႔ဆိုင္းေၾကာင္းပါ ေၾကညာခဲ့ရပါတယ္။

ေနာက္ဆက္တြဲအျဖစ္ ပရီးမီးယားလိဂ္နဲ႔ ေဘာလံုးအဖြဲ႔ခ်ဳပ္ဘက္က တနဂၤေႏြေန႔ ပရိသတ္ေတြ ဆႏၵျပမႈကို စစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါျပီ။ အဖြဲ႔အစည္းေတြဘက္က အသင္းပရိသတ္ေတြကို ထိန္းသိမ္းႏုိင္ခဲ့ျခင္း မရွိတဲ့ ယူႏုိက္တက္ကို လိဂ္စည္းမ်ဥ္းေတြအရ အေရးယူမႈေတြ ျပဳလုပ္သြားဖို႔ တိုင္ပင္ေနၾကျပီျဖစ္တယ္။

ကလပ္ေတြဟာ ႏွစ္ဘက္ အသင္းသားေတြႏွင့္ ပြဲေန႔ တာဝန္ရွိသူေတြရဲ႕ လံုျခံဳေရးကို ကလပ္ဘက္က အာမခံခ်က္ မေပးႏုိင္ခဲ့ရင္ ပရီးမီးယားလိဂ္ေကာ အက္ဖ္ေအကပါ ျပစ္ဒဏ္ခ်ခြင့္ ရွိထားပါတယ္။ ပရီးမီးယားလိဂ္ စည္းမ်ဥ္းႏွစ္ခုကို ခ်ိဳးေဖာက္မႈျဖင့္ ယူႏုိက္တက္ကို စစ္ေဆးသြားမွာျဖစ္ကာ ထိုစစ္ေဆးမႈေတြအတြင္း ရဲတပ္ဖြဲ႔၊ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြႏွင့္ အျခားေသာ တာဝန္ရွိသူေတြပါ ပါဝင္သြားမွာျဖစ္ပါတယ္။