ဆဲလ်တစ်နဲ့ ရိန်းဂျားကို ပရီးမီးယားလိဂ်ထံ ပေါင်းထည့်ပြီး ဗြိတိန်စူပါလိဂ် စတင်ဖို့ အစီအစဉ်

ပရီးမီးယားလိဂ် ကြီး ၆ ကြီးကတော့ ဥရောပစူပါလိဂ် ပြိုကွဲပြီးနောက်မှာ အင်္ဂလန်အမှတ်ပေးပွဲကို ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာစေဖို့ ဂလက်စကို ဒါဘီနှစ်သင်းဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရိန်းဂျားကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေါင်းထည့်လို့နေပါတယ်။

ဥရောပစူပါလိဂ်ဟာ ပြိုင်ပွဲအစီအစဉ်ကို စတင်ကြေညာပြီး ၄၈ နာရီ အကြာမှာပဲ မအောင်မြင်တဲ့ စီမံကိန်းအဖြစ် ကလပ် ၉ သင်းက နုတ်ထွက်ခဲ့တာပါ။ ဒါပေမယ့်လို့ တရားဝင် ဖျက်သိမ်းကြောင်းတွေ လုပ်ဆောင်ခြင်း မရှိသေးဘဲ ရပ်နားဆဲအဆင့်မှာပဲ ရှိနေသေးတာကြောင့် အနာဂတ်မှာ ပုံစံတစ်မျိုးဖြင့် ပြန်လည် ပေါ်ထွက်လာဖွယ်လည်း ရှိနေပါတယ်။

ဗြိတိန်လိဂ်ကတော့ ပြိုင်ပွဲပုံစံသစ်မှာ စကော့ ထိပ်သီးကလပ်တွေကို ပရီးမီးယားလိဂ်တွေကို ပေါင်းထည့်ဖို့ ဆန္ဒရှိနေတယ်။ ဒီအစီအစဉ်ဟာ ဥရောပစူပါလိဂ်လို ကန့်ကွက်ခံရဖို့ မရှိဘဲ ဖီဖာ၊ ယူအီးအက်ဖ်အေနဲ့ ဗြိတိန်အစိုးရဘက်ကပါ ကျောထောက်နောက်ခံ ပေးဖွယ်ရှိပါတယ်။

အဆိုပါသတင်းအပေါ် အတွင်းသတင်းပေးမှုမှာတော့ ‘ ဥရောပစူပါလိဂ် မဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်က အပြောင်းအလဲတွေဖြင့် တိုးတက်လာဖို့ လိုတယ်လို့ ကျနေ်ာတို့ ခံစားရတယ်။ ရိန်းဂျားနဲ့ ဆဲလ်တစ်တို့အတွက် လမ်းဖွင့်ဖို့ အချိန်တန်ပါပြီ။ အဲ့တာက အားလုံးအတွက် အဓိပ္ပာယ်ရှိပါတယ် ‘ လို့ ဆိုပါတယ်။

ဒီကိစ္စကို ဂလက်စကို နှစ်သင်းရဲ့ ပြိုင်ဘက်တွေကလည်း သဘောကျနေပြီး ဒါကပဲ သူတို့ အသင်းတွေကို ချန်ပီယံလိဂ်မှာ ခြေစစ်ပွဲဝင်ခွင့်အတွက် အခွင့်အရေး ပိုရလာစေနိုင်သလို၊ စကော့ချန်ပီယံဖြစ်ဖို့လည်း ပိုမို အခွင့်အလမ်း များလာစေမယ်လို့ ယုံကြည်နေတယ်။

မန်နေဂျာဂျရတ်အောက် ရိန်းဂျားအသင်းရဲ့ ဥရောပပြိုင်ပွဲတွေမှာ တောက်ပမှုကြောင့် ယူအီးအက်ဖ်အေမှာ အမှတ်တက်လာတဲ့ စကော့လိဂ်ဟာ ချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ခွင့် တစ်နေရာ ထိပ်တိုးပြီး ၂ နေရာရရှိခဲ့ပါပြီ။ လာမယ့်ရာသီမှာတော့ ဆဲလ်တစ်နဲ့ ရိန်းဂျားဟာ ချန်ပီယံလိဂ် ခြေစစ်ပွဲကနေ ပါဝင်ခွင့်တွေ ရရှိမှာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီးကေတာ့ ဥေရာပစူပါလိဂ္ ျပိဳကြဲျပီးေနာက္မွာ အဂၤလန္အမွတ္ေပးပြဲကို ျပိဳင္ဆိုင္မႈ ပိုမို ျပင္းထန္လာေစဖို႔ ဂလက္စကို ဒါဘီႏွစ္သင္းျဖစ္တဲ့ ဆဲလ္တစ္နဲ႔ ရိန္းဂ်ားကို ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ေပါင္းထည့္လို႔ေနပါတယ္။

ဥေရာပစူပါလိဂ္ဟာ ျပိဳင္ပြဲအစီအစဥ္ကို စတင္ေၾကညာျပီး ၄၈ နာရီ အၾကာမွာပဲ မေအာင္ျမင္တဲ့ စီမံကိန္းအျဖစ္ ကလပ္ ၉ သင္းက ႏုတ္ထြက္ခဲ့တာပါ။ ဒါေပမယ့္လို႔ တရားဝင္ ဖ်က္သိမ္းေၾကာင္းေတြ လုပ္ေဆာင္ျခင္း မရွိေသးဘဲ ရပ္နားဆဲအဆင့္မွာပဲ ရွိေနေသးတာေၾကာင့္ အနာဂတ္မွာ ပံုစံတစ္မ်ိဳးျဖင့္ ျပန္လည္ ေပၚထြက္လာဖြယ္လည္း ရွိေနပါတယ္။

ျဗိတိန္လိဂ္ကေတာ့ ျပိဳင္ပြဲပံုစံသစ္မွာ စေကာ့ ထိပ္သီးကလပ္ေတြကို ပရီးမီးယားလိဂ္ေတြကို ေပါင္းထည့္ဖို႔ ဆႏၵရွိေနတယ္။ ဒီအစီအစဥ္ဟာ ဥေရာပစူပါလိဂ္လို ကန္႔ကြက္ခံရဖို႔ မရွိဘဲ ဖီဖာ၊ ယူအီးအက္ဖ္ေအနဲ႔ ျဗိတိန္အစိုးရဘက္ကပါ ေက်ာေထာက္ေနာက္ခံ ေပးဖြယ္ရွိပါတယ္။

အဆိုပါသတင္းအေပၚ အတြင္းသတင္းေပးမႈမွာေတာ့ ‘ ဥေရာပစူပါလိဂ္ မျဖစ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္က အေျပာင္းအလဲေတြျဖင့္ တိုးတက္လာဖို႔ လိုတယ္လို႔ က်ေန္ာတို႔ ခံစားရတယ္။ ရိန္းဂ်ားနဲ႔ ဆဲလ္တစ္တို႔အတြက္ လမ္းဖြင့္ဖို႔ အခ်ိန္တန္ပါျပီ။ အဲ့တာက အားလံုးအတြက္ အဓိပၸာယ္ရွိပါတယ္ ‘ လို႔ ဆိုပါတယ္။

ဒီကိစၥကို ဂလက္စကို ႏွစ္သင္းရဲ႕ ျပိဳင္ဘက္ေတြကလည္း သေဘာက်ေနျပီး ဒါကပဲ သူတို႔ အသင္းေတြကို ခ်န္ပီယံလိဂ္မွာ ေျခစစ္ပြဲဝင္ခြင့္အတြက္ အခြင့္အေရး ပိုရလာေစႏုိင္သလို၊ စေကာ့ခ်န္ပီယံျဖစ္ဖို႔လည္း ပိုမို အခြင့္အလမ္း မ်ားလာေစမယ္လို႔ ယံုၾကည္ေနတယ္။

မန္ေနဂ်ာဂ်ရတ္ေအာက္ ရိန္းဂ်ားအသင္းရဲ႕ ဥေရာပျပိဳင္ပြဲေတြမွာ ေတာက္ပမႈေၾကာင့္ ယူအီးအက္ဖ္ေအမွာ အမွတ္တက္လာတဲ့ စေကာ့လိဂ္ဟာ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲဝင္ခြင့္ တစ္ေနရာ ထိပ္တိုးျပီး ၂ ေနရာရရွိခဲ့ပါျပီ။ လာမယ့္ရာသီမွာေတာ့ ဆဲလ္တစ္နဲ႔ ရိန္းဂ်ားဟာ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲကေန ပါဝင္ခြင့္ေတြ ရရွိမွာျဖစ္ပါတယ္။