အသင်းဟောင်း ချယ်ဆီးဖြင့် ယှဉ်ပြိုင်ရမယ့်ပွဲမှာ ဟာဇက် ပါဝင်နိုင်ချေအား ဇီဒန်း အဖြေပေး

ရီးရဲလ်မက်ဒရစ်မန်နေဂျာ ဇီဒန်းက လာမယ့်အပတ် ချန်ပီယံလိဂ်ပွဲမှာ ဟာဇက် ပါဝင်နိုင်မလား ကိစ္စအတွက် အကြောင်းပြန်မှု လုပ်သွားပါတယ်။

ဘယ်ဂျီယံလက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရသူဖြစ်ပြီး မတ်လလောက်ကတည်း ဘောလုံးမကစားနိုင်ပါဘူး။ ဇီဒန်းကတော့ ဟာဇက်ဟာ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောဆိုခဲ့ပြီး ကစားသမားရဲ့ စိတ်ခံစားချက်တွေ ပြန်ကောင်းမွန်လာဖို့ကိုပဲ အချိန်ယူနေတဲ့ သဘောတွေ ထုတ်ပြောခဲ့တယ်။

ဇီဒန်းက ” ဟာဇက်က ခံစားချက်တွေ ကောင်းနေပြီး အဆင်သင့်ဖြစ်နေပါတယ်။ အခြားသူတွေထက် သူကိုယ်တိုင်ကလည်း ပြန်ကစားလိုနေပါတယ်။ ကျနော်တို့ကလည်း ကာဗာဂျယ်နဲ့ ဟာဇက်တို့ရဲ့ အခြေအနေအပေါ် ပိုပြီး အာရုံစိုက်နေပါတယ်။ သူတို့ ပိုကောင်းလာနေပြီး ဒါကပဲ အသင်းအတွက် ကောင်းပါတယ် ” ဆိုပြီး ပြောပါတယ်။

ဒါပေမယ့်လို့ လာမယ့် လာလီဂါပွဲမှာ ဟာဇက်နဲ့ တိုနီ ခရုစ်တို့ ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း ပြင်သစ်မန်နေဂျာကြီးက အတည်ပြုပါတယ်။ သူတို့ နှစ်ဦက ချယ်ဆီးနှင့် ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲ ပထမအကျော့ကိုလည်း လွဲချော်သွားဖွယ် ရှိနေပါတယ်။

ဇီဒန်းက ပြောရာမှာ ” လာမယ့် လာလီဂါပွဲမှာ ဟာဇက် ပါနိုင်မှာ မဟုတ်သလို တိုနီခရုစ်လည်း ပါနိုင်မှာ မဟုတ်ပါဘူး။ ဟာဇက် မပါနိုင်ခဲ့ဘူးဆိုရင် အဲ့တာက သူ ရာနှုန်းပြည့် ကျန်းမာနေခြင်း မရှိလို့ပါပဲ။ အရေးကြီးဆုံးက သူပြန်ပါလာခဲ့ပြီဆိုရင် အဲ့တာ သူ ရာနှုန်းပြည့် ကြံ့ခိုင်နေလို့ပါပဲ။

ဟာဇက်ရဲ့ ခံစားချက်က အရင်လို မဟုတ်ပါဘူး။ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်။ ခံစားချက်တွေ ကောင်းနေဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ချန်ပီယံလိဂ် နှစ်ကျော့မှာ ဟာဇက်ဟာ ပွဲကစားချိန် အနည်းငယ်တော့ ရဖွယ်ရှိပြီး ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချယ်ဆီးကို ပြန်လည် ရင်ဆိုင်သွားဖွယ် ရှိနေဆဲဖြစ်ပါတယ်။

ZAWGYI – ရီးရဲလ္မက္ဒရစ္မန္ေနဂ်ာ ဇီဒန္းက လာမယ့္အပတ္ ခ်န္ပီယံလိဂ္ပြဲမွာ ဟာဇက္ ပါဝင္ႏုိင္မလား ကိစၥအတြက္ အေၾကာင္းျပန္မႈ လုပ္သြားပါတယ္။

ဘယ္ဂ်ီယံလက္ေရြးစင္ဟာ ရီးရဲလ္မက္ဒရစ္မွာ ဒဏ္ရာျပႆနာေတြေၾကာင့္ ရုန္းကန္ေနရသူျဖစ္ျပီး မတ္လေလာက္ကတည္း ေဘာလံုးမကစားႏုိင္ပါဘူး။ ဇီဒန္းကေတာ့ ဟာဇက္ဟာ အဆင္သင့္ျဖစ္ေနပါျပီလို႔ ေျပာဆိုခဲ့ျပီး ကစားသမားရဲ႕ စိတ္ခံစားခ်က္ေတြ ျပန္ေကာင္းမြန္လာဖို႔ကိုပဲ အခ်ိန္ယူေနတဲ့ သေဘာေတြ ထုတ္ေျပာခဲ့တယ္။

ဇီဒန္းက ” ဟာဇက္က ခံစားခ်က္ေတြ ေကာင္းေနျပီး အဆင္သင့္ျဖစ္ေနပါတယ္။ အျခားသူေတြထက္ သူကိုယ္တိုင္ကလည္း ျပန္ကစားလိုေနပါတယ္။ က်ေနာ္တို႔ကလည္း ကာဗာဂ်ယ္နဲ႔ ဟာဇက္တို႔ရဲ႕ အေျခအေနအေပၚ ပိုျပီး အာရံုစိုက္ေနပါတယ္။ သူတို႔ ပိုေကာင္းလာေနျပီး ဒါကပဲ အသင္းအတြက္ ေကာင္းပါတယ္ ” ဆိုျပီး ေျပာပါတယ္။

ဒါေပမယ့္လို႔ လာမယ့္ လာလီဂါပြဲမွာ ဟာဇက္နဲ႔ တိုနီ ခရုစ္တို႔ ပါဝင္ႏုိင္ဦးမွာ မဟုတ္ေၾကာင္း ျပင္သစ္မန္ေနဂ်ာၾကီးက အတည္ျပဳပါတယ္။ သူတို႔ ႏွစ္ဦက ခ်ယ္ဆီးႏွင့္ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲ ပထမအေက်ာ့ကိုလည္း လြဲေခ်ာ္သြားဖြယ္ ရွိေနပါတယ္။

ဇီဒန္းက ေျပာရာမွာ ” လာမယ့္ လာလီဂါပြဲမွာ ဟာဇက္ ပါႏုိင္မွာ မဟုတ္သလို တိုနီခရုစ္လည္း ပါႏိုင္မွာ မဟုတ္ပါဘူး။ ဟာဇက္ မပါႏုိင္ခဲ့ဘူးဆိုရင္ အဲ့တာက သူ ရာႏႈန္းျပည့္ က်န္းမာေနျခင္း မရွိလို႔ပါပဲ။ အေရးၾကီးဆံုးက သူျပန္ပါလာခဲ့ျပီဆိုရင္ အဲ့တာ သူ ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနလို႔ပါပဲ။

ဟာဇက္ရဲ႕ ခံစားခ်က္က အရင္လို မဟုတ္ပါဘူး။ ပိုျပီး အာရံုစိုက္ဖို႔ လိုပါတယ္။ ခံစားခ်က္ေတြ ေကာင္းေနဖို႔က အေရးၾကီးဆံုးပဲ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ခ်ယ္ဆီးတို႔ ထိပ္တိုက္ေတြ႔တဲ့ ခ်န္ပီယံလိဂ္ ႏွစ္ေက်ာ့မွာ ဟာဇက္ဟာ ပြဲကစားခ်ိန္ အနည္းငယ္ေတာ့ ရဖြယ္ရွိျပီး ၂၀၁၉ ေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ ခ်ယ္ဆီးကို ျပန္လည္ ရင္ဆိုင္သြားဖြယ္ ရွိေနဆဲျဖစ္ပါတယ္။