စူပါလိဂ် လမ်းခွဲကြောင့် လီဗာပူးအသင်းမှာ FSG ရဲ့ အနာဂတ် အဆုံးသတ်ဖွယ်ရှိကြောင်း ကာရေဂါ ပြော

လီဗာပူးဂန္တဝင် ကာရေဂါက စူပါလိဂ်မှာ ပါဝင်ဖို့ FSG ရဲ့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပေမယ့် ကလပ်နဲ့ အမေရိကန်ပိုင်ရှင်တွေကြား ဆက်နွယ်မှုက အဆုံးသတ်တော့မယ်လို့ မြင်နေပါတယ်။

လီဗာပူးအသင်းဟာ FSG လက်အောက်မှာ အောင်မြင်မှုတွေ ပြန်ရလာပေမယ့်လို့ ပရိသတ်တွေနဲ့ ပိုင်ရှင်တွေကြား ဆက်ဆံရေးက သိပ်အကောင်းကြီးလည်း မဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် လက်မှတ်နှုန်းထားကိစ္စမှာ ပြဿနာရှိခဲ့ဖူးတာ၊ မဲဝုဒ်ကို အိမ်ခြံမြေ ကုမ္ပဏီထံ ရောင်းချခဲ့တာတွေလို ဇာတ်လမ်းတွေ ရှိခဲ့ဖူးတယ်။

မန်နေဂျာယာဂင်ကလော့ပ်၊ လီဗာပူးလူစာရင်းနဲ့ အသင်းပရိသတ်တွေက ပိုင်ရှင်တွေရဲ့ အစီအမံတွေကို ငြင်းဆန်ခြင်းဟာ အနာဂတ်မှာတော့ အမေရိကန်သူဌေးတွေ လီဗာပူးကို စွန့်ခွာသွားနိုင်တဲ့ အကြောင်းတရားများ ဖြစ်လာမယ်လို့ ကာရေဂါက မြင်ပါတယ်။

ကာရေဂါက ” လီဗာပူးပိုင်ရှင်တွေရဲ့ အခြေအနေကို တွေးကြည့်မယ်ဆိုရင် သူတို့ အသင်းဖြင့် ရှေ့ဆက်သွားမယ့် အခြေအနေတွေကို မမြင်နိုင်တော့ပါဘူး။ သူတို့ ချက်ခြင်းကြီး စွန့်ခွာသွားမှာတော့ မဟုတ်ပါဘူး။ ဒီစီပွားရေးက ငွေကြေးပေါင်းများစွာ တန်ကြေးရှိပါတယ်။ ဒါပေမယ့်လို့ လီဗာပူးမှာတော့ FSG ရဲ့ အနာဂတ်ကို မမြင်မိတော့ပါဘူး။ ” လို့ မှတ်ချက်ပေးခဲ့တယ်။

လီဗာပူးပရိသတ်တွေက စူပါလိဂ် ကိစ္စနဲ့ ပက်သက်ပြီး ‘ စူပါလိဂ်ကို လီဗာပူးပရိသတ်တွေ ဆန့်ကျင်တယ်’ ဆိုတဲ့ စာသားနဲ့ ‘ရှက်စရာကောင်းလိုက်တာ၊ ၁၈၉၂ က စတင်တဲ့ လီဗာပူးက ၂၀၂၁ မှာ ပြီးဆုံးသွားပါပြီ ‘ လို့ အဓိပ္ပာယ်ရတဲ့ စာသားတွေကို အန်ဖီးကွင်းအပြင်မှာ လာချိတ်ပြီး ဆန္ဒပြခဲ့တယ်။

ကာရေဂါကပဲ ” ဒီကိစ္စက ဘယ်တော့မှ မေ့လို့ရတော့မှာ မဟုတ်ပါဘူး။ လီဗာပူးအတွက် အကောင်းဆုံးဖြစ်မယ့် ကိစ္စကတော့ ပိုင်ရှင်သစ်ကို ရှာဖွေတာပါပဲ။ လီဗာပူးပရိသတ်တွေနဲ့ အသင်းပိုင်ရှင်တွေကြား ဆက်ဆံရေးကလည်း ရှေ့ဆက်ဖို့ သိပ်ကို ခက်ခဲသွားပြီလို့ ကျနော် ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI – လီဗာပူးဂႏၱဝင္ ကာေရဂါက စူပါလိဂ္မွာ ပါဝင္ဖို႔ FSG ရဲ႕ ၾကိဳးစားမႈဟာ မေအာင္ျမင္ခဲ့ေပမယ့္ ကလပ္နဲ႔ အေမရိကန္ပိုင္ရွင္ေတြၾကား ဆက္ႏြယ္မႈက အဆံုးသတ္ေတာ့မယ္လို႔ ျမင္ေနပါတယ္။

လီဗာပူးအသင္းဟာ FSG လက္ေအာက္မွာ ေအာင္ျမင္မႈေတြ ျပန္ရလာေပမယ့္လို႔ ပရိသတ္ေတြနဲ႔ ပိုင္ရွင္ေတြၾကား ဆက္ဆံေရးက သိပ္အေကာင္းၾကီးလည္း မဟုတ္ခဲ့ပါဘူး။ အထူးသျဖင့္ လက္မွတ္ႏႈန္းထားကိစၥမွာ ျပႆနာရွိခဲ့ဖူးတာ၊ မဲဝုဒ္ကို အိမ္ျခံေျမ ကုမၸဏီထံ ေရာင္းခ်ခဲ့တာေတြလို ဇာတ္လမ္းေတြ ရွိခဲ့ဖူးတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္၊ လီဗာပူးလူစာရင္းနဲ႔ အသင္းပရိသတ္ေတြက ပိုင္ရွင္ေတြရဲ႕ အစီအမံေတြကို ျငင္းဆန္ျခင္းဟာ အနာဂတ္မွာေတာ့ အေမရိကန္သူေဌးေတြ လီဗာပူးကို စြန္႔ခြာသြားႏုိင္တဲ့ အေၾကာင္းတရားမ်ား ျဖစ္လာမယ္လို႔ ကာေရဂါက ျမင္ပါတယ္။

ကာေရဂါက ” လီဗာပူးပိုင္ရွင္ေတြရဲ႕ အေျခအေနကို ေတြးၾကည့္မယ္ဆိုရင္ သူတို႔ အသင္းျဖင့္ ေရွ႔ဆက္သြားမယ့္ အေျခအေနေတြကို မျမင္ႏုိင္ေတာ့ပါဘူး။ သူတို႔ ခ်က္ျခင္းၾကီး စြန္႔ခြာသြားမွာေတာ့ မဟုတ္ပါဘူး။ ဒီစီပြားေရးက ေငြေၾကးေပါင္းမ်ားစြာ တန္ေၾကးရွိပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးမွာေတာ့ FSG ရဲ႕ အနာဂတ္ကို မျမင္မိေတာ့ပါဘူး။ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

လီဗာပူးပရိသတ္ေတြက စူပါလိဂ္ ကိစၥနဲ႔ ပက္သက္ျပီး ‘ စူပါလိဂ္ကို လီဗာပူးပရိသတ္ေတြ ဆန္႔က်င္တယ္’ ဆိုတဲ့ စာသားနဲ႔ ‘ရွက္စရာေကာင္းလိုက္တာ၊ ၁၈၉၂ က စတင္တဲ့ လီဗာပူးက ၂၀၂၁ မွာ ျပီးဆံုးသြားပါျပီ ‘ လို႔ အဓိပၸာယ္ရတဲ့ စာသားေတြကို အန္ဖီးကြင္းအျပင္မွာ လာခ်ိတ္ျပီး ဆႏၵျပခဲ့တယ္။

ကာေရဂါကပဲ ” ဒီကိစၥက ဘယ္ေတာ့မွ ေမ့လို႔ရေတာ့မွာ မဟုတ္ပါဘူး။ လီဗာပူးအတြက္ အေကာင္းဆံုးျဖစ္မယ့္ ကိစၥကေတာ့ ပိုင္ရွင္သစ္ကို ရွာေဖြတာပါပဲ။ လီဗာပူးပရိသတ္ေတြနဲ႔ အသင္းပိုင္ရွင္ေတြၾကား ဆက္ဆံေရးကလည္း ေရွ႔ဆက္ဖို႔ သိပ္ကို ခက္ခဲသြားျပီလို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။