ကြားရက် ပရီးမီးယားလိဂ် ပွဲတွေ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲတွေကတော့ ကြားရက်မှာ ယှဉ်ပြိုင် ကစားကြဦးမှာ ဖြစ်ပြီး လီဗာပူးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကောင်းလည်း ပါဝင်နေပါတယ်။ ဒီပွဲစဉ်တွေနဲ့ ပတ်သတ်ပြီး နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

မန်စီးတီး Vs ဝုဗ်

ပွဲချိန်။ ။ မတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၂း၃၀ နာရီ။

ရလဒ်ကောင်းတွေ ဆက်တိုက် ရနေတဲ့ မန်စီးတီးရဲ့ နောက်ဆုံး ချေမှုန်းခံထားရတာကတော့ ပြီးခဲ့တဲ့ စနေက ဝက်စ်ဟမ်း အသင်းပဲ ဖြစ်ပါတယ်။ ထိုပွဲ က စီတီဇင်တွေရဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲ ဆက် အနိုင်လည်း ဖြစ်ပြီး ခပ်မြန်မြန်တော့ ဒီမှတ်တမ်းကောင်းကို အဆုံးသတ်ဦးမယ့် ပုံ မရှိပါဘူး။

ဝုဗ်ကလည်း နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ မရှိဘဲ ၃ ပွဲ အနိုင်ရထားပါတယ်။ ဒီပုံစံက သိပ်မဆိုးဘူး ဆိုရမှာပါ။ ဒါပေမယ့် စနေနေ့က နယူးကာဆယ်နဲ့ ပွဲမှာတော့ သူတို့က ဂိုးရှေ့မှာ အစွယ်မဲ့သလို ဖြစ်နေခဲ့ပါတယ်။ အီတီဟက်မှာတော့ ဒီလို လိုအပ်ချက်တွေ အမှားတွေကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ အရှိန်အဟုန်ကောင်း ရနေတဲ့ မန်စီးတီးကို ဒီတစ်ပတ် ပွဲက အနှောင့်အယှက်ပေးနိုင်မယ် မထင်ပါဘူး။ ပထမပိုင်း အပြီးရော ဒုတိယပိုင်း အပြီးပါ မန်စီးတီး အနိုင်ပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 ဝုဗ်

ခရစ္စတယ်ပဲလေ့စ် Vs မန်ချက်စတာ ယူနိုက်တက်

ပွဲချိန်။ ။ မတ်လ ၄ ရက်၊ ကြာသပတေးနေ့၊ နံနက် ၂း၄၅ နာရီ။

တနင်္ဂနွေနေ့ စတန်းဖို့ဘရစ်ချ်က ပွဲမှာ သရေကျလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်း ရှုံးပွဲ မရှိတာ ပွဲ ၂၀ ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်က ခါတိုင်းလို ကောင်တာ တိုက်စစ် ဆင်တာ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကလည်း ချယ်ဆီးအသင်းရဲ့ ဗျူဟာ အခင်းအကျင်းကြောင့် ဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ ပွဲမှာတော့ အရင်ပွဲနဲ့ နည်းနည်း ခြားနားပါလိမ့်မယ်။ ပဲလေ့စ်က အိမ်ကွင်းမှာဆို ပို ခြေစွမ်းပြချင်တဲ့ အသင်းပါ။ ဒါကြောင့် ယူနိုက်တက်ဟာ ကောင်တာကနေ အကျိုးရှိဖွယ် ရှိပါတယ်။ ကျနေ်ာကတော့ အဝေးအသင်း ယူနိုက်တက်ကပဲ ဂိုးပါးပါးနဲ့ အနိုင်ရမယ် ထင်ပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် 0-1 မန်ချက်စတာ ယူနိုက်တက်

လီဗာပူး Vs ချယ်ဆီး

ပွဲချိန်။ ။ မတ်လ ၅ ရက်၊ သောကြာနေ့၊ နံနက် ၂း၄၅ နာရီ။

ဒီတစ်ပတ် ကြားရက် ကန်တဲ့ ပွဲတွေထဲ အကောင်းဆုံး ပွဲ ဖြစ်နိုင်ပါတယ်။ အန်းဖီးမှာ ပြန် ကစားရမယ့် ဒီပွဲမှာ လီဗာပူးကတော့ အိမ်ကွင်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အသည်းအသန် ဆန္ဒရှိနေပါလိမ့်မယ်။

သူတို့က ချယ်ဆီးကို ကြိုဆိုရမှာ ဖြစ်လို့ သတိကြီးတော့ ထားရမှာပါ။ သောမတ်စ် တူချယ်ကသာ ကောင်တာနဲ့ ကစားမယ်ဆို လီဗာပူး ပြသနာတွေ ရှိသွားနိုင်ပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းကလည်း သတိထားရမယ့် နံပါတ် ၉ တိုက်စစ် ပျောက်ဆုံးနေတာပါ။ ဒါကြောင့် ဒီပွဲက အကြိတ်အနယ် ရှိပေမယ့် ဂိုးနည်းမယ် ထင်တယ်။ ကျနော်ကတော့ ၁ဂိုးစီ သရေလောက်ပဲ မှန်းပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ လီဗာပူး 1-1 ချယ်ဆီး

အခြားပွဲများအတွက် အိုဝင် ခန့်မှန်းရလဒ်များ

  • Burnley 0-1 Leicester City
  • Sheffield United 0-2 Aston Villa
  • West Brom 1-2 Everton
  • Fulham 1-1 Tottenham

Zawgyi – ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲေတြကေတာ့ ၾကားရက္မွာ ယွဥ္ျပိဳင္ ကစားၾကဦးမွာ ျဖစ္ျပီး လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲေကာင္းလည္း ပါ၀င္ေနပါတယ္။ ဒီပြဲစဥ္ေတြနဲ႕ ပတ္သတ္ျပီး နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

မန္စီးတီး Vs ၀ုဗ္

ပြဲခ်ိန္။ ။ မတ္လ ၃ ရက္၊ ဗုဒၶဟူးေန႔၊ နံနက္ ၂း၃၀ နာရီ။

ရလဒ္ေကာင္းေတြ ဆက္တိုက္ ရေနတဲ့ မန္စီးတီးရဲ႕ ေနာက္ဆံုး ေခ်မႈန္းခံထားရတာကေတာ့ ျပီးခဲ့တဲ့ စေနက ၀က္စ္ဟမ္း အသင္းပဲ ျဖစ္ပါတယ္။ ထိုပြဲ က စီတီဇင္ေတြရဲ႕ ပရီးမီးယားလိဂ္ ၁၄ ပြဲ ဆက္ အနုိင္လည္း ျဖစ္ျပီး ခပ္ျမန္ျမန္ေတာ့ ဒီမွတ္တမ္းေကာင္းကို အဆံုးသတ္ဦးမယ့္ ပံု မရွိပါဘူး။

၀ုဗ္ကလည္း ေနာက္ဆံုး ၅ ပြဲမွာ ရွံဳးပြဲ မရွိဘဲ ၃ ပြဲ အနုိင္ရထားပါတယ္။ ဒီပံုစံက သိပ္မဆိုးဘူး ဆိုရမွာပါ။ ဒါေပမယ့္ စေနေန႔က နယူးကာဆယ္နဲ႕ ပြဲမွာေတာ့ သူတို႔က ဂိုးေရွ႕မွာ အစြယ္မဲ့သလို ျဖစ္ေနခဲ့ပါတယ္။ အီတီဟက္မွာေတာ့ ဒီလို လုိအပ္ခ်က္ေတြ အမွားေတြကို ခြင့္ျပဳမွာ မဟုတ္ပါဘူး။ က်ေနာ္ကေတာ့ အရွိန္အဟုန္ေကာင္း ရေနတဲ့ မန္စီးတီးကို ဒီတစ္ပတ္ ပြဲက အေနွာင့္အယွက္ေပးနုိင္မယ္ မထင္ပါဘူး။ ပထမပိုင္း အျပီးေရာ ဒုတိယပိုင္း အျပီးပါ မန္စီးတီး အနုိင္ပါ။

အို၀င္ ခန္႔မွန္းရလဒ္။ ။ မန္စီးတီး 3-0 ၀ုဗ္

ခရစၥတယ္ပဲေလ့စ္ Vs မန္ခ်က္စတာ ယူနိုက္တက္

ပြဲခ်ိန္။ ။ မတ္လ ၄ ရက္၊ ၾကာသပေတးေန႔၊ နံနက္ ၂း၄၅ နာရီ။

တနဂၤေႏြေန႔ စတန္းဖို႔ဘရစ္ခ်္က ပြဲမွာ သေရက်လိုက္တဲ့ မန္ခ်က္စတာ ယူနိုက္တက္က အေ၀းကြင္း ရွံဳးပြဲ မရွိတာ ပြဲ ၂၀ ထိ ရွိလာခဲ့ျပီ ျဖစ္ပါတယ္။ အဲဒီပြဲမွာ ယူနိုက္တက္က ခါတိုင္းလုိ ေကာင္တာ တိုက္စစ္ ဆင္တာ မလုပ္နိုင္ခဲ့ပါဘူး။ ဒါကလည္း ခ်ယ္ဆီးအသင္းရဲ႕ ဗ်ဴဟာ အခင္းအက်င္းေၾကာင့္ ျဖစ္ပါတယ္။

ပဲေလ့စ္နဲ႕ ပြဲမွာေတာ့ အရင္ပြဲနဲ႕ နည္းနည္း ျခားနားပါလိမ့္မယ္။ ပဲေလ့စ္က အိမ္ကြင္းမွာဆို ပို ေျခစြမ္းျပခ်င္တဲ့ အသင္းပါ။ ဒါေၾကာင့္ ယူနုိက္တက္ဟာ ေကာင္တာကေန အက်ိဳးရွိဖြယ္ ရွိပါတယ္။ က်ေန္ာကေတာ့ အေ၀းအသင္း ယူနိုက္တက္ကပဲ ဂိုးပါးပါးနဲ႕ အနိုင္ရမယ္ ထင္ပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ခရစၥတယ္ပဲေလ့စ္ 0-1 မန္ခ်က္စတာ ယူနိုက္တက္

လီဗာပူး Vs ခ်ယ္ဆီး

ပြဲခ်ိန္။ ။ မတ္လ ၅ ရက္၊ ေသာၾကာေန႔၊ နံနက္ ၂း၄၅ နာရီ။

ဒီတစ္ပတ္ ၾကားရက္ ကန္တဲ့ ပြဲေတြထဲ အေကာင္းဆံုး ပြဲ ျဖစ္နုိင္ပါတယ္။ အန္းဖီးမွာ ျပန္ ကစားရမယ့္ ဒီပြဲမွာ လီဗာပူးကေတာ့ အိမ္ကြင္း ရလဒ္ဆိုးေတြကေန ရုန္း္ထြက္ျပီး လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ အသည္းအသန္ ဆႏၵရွိေနပါလိမ့္မယ္။

သူတို႔က ခ်ယ္ဆီးကို ၾကိဳဆိုရမွာ ျဖစ္လို႔ သတိၾကီးေတာ့ ထားရမွာပါ။ ေသာမတ္စ္ တူခ်ယ္ကသာ ေကာင္တာနဲ႕ ကစားမယ္ဆို လီဗာပူး ျပသနာေတြ ရွိသြားနိုင္ပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးအသင္းကလည္း သတိထားရမယ့္ နံပါတ္ ၉ တိုက္စစ္ ေပ်ာက္ဆံုးေနတာပါ။ ဒါေၾကာင့္ ဒီပြဲက အၾကိတ္အနယ္ ရွိေပမယ့္ ဂိုးနည္းမယ္ ထင္တယ္။ က်ေနာ္ကေတာ့ ၁ဂိုးစီ သေရေလာက္ပဲ မွန္းပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ လီဗာပူး 1-1 ခ်ယ္ဆီး