လီဗာပူးနဲ့ လက်စတာက အဆင့် ၄ နေရာ အပြိုင် လုရလိမ့်မယ် ဆိုတဲ့ မာဖီရဲ့ ရာသီကုန် ထိပ်သီး လေးသင်း ခန့်မှန်း

လီဗာပူး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဒန်နီ မာဖီက ဒီရာသီ ကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုက ဘယ်လိုရှိမလဲ ခန့်မှန်း သုံးသပ်သွားခဲ့ပြီး သူ့ကလပ်ဟောင်း လီဗာပူးကတော့ အဆင့် ၄ နေရာ အတွက်တောင် လက်စတာနဲ့ လုရဦးမယ်လို့ ဆိုထားပါတယ်။

ထိပ်ဆုံး လေးသင်းမှာ မန်စီးတီးအပြင် ယူနိုက်တက်နဲ့ ချယ်ဆီးတို့လည်း အသီးသီးပါဝင်မယ်လို့ မာဖီက ခန့်မှန်းထားပါတယ်။ မန်ချက်စတာ စီးတီးဟာ ပွဲ ၂၀ ဆက် အနိုင်ယူပြီး ရာသီသိမ်းဖို့ ၁၂ ပွဲ ကျန်ချိန် အမှတ်ပေးဇယား ထိပ်မှာ ၁၂ မှတ် ဖြတ် ဦးဆောင်နေပြီ ဖြစ်ပါတယ်။ အမှတ်ပေးဖလားက အီတီဟက် ရောက်ဖို့ သေချာသလောက် ဖြစ်နေပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် ၄ အတွင်း ဝင်ဖို့ ပြိုင်ပွဲကတော့ ပြင်းထန်နေဆဲပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ အဆင့် ၅ နေရာက ချယ်ဆီးနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် ၎င်းရဲ့ ဒုတိယနေရာကို ဆက်လက် ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ချယ်ဆီးဟာ အဆင့် ၃ နေရာထိ တက်လာနိုင်တယ်လို့ မာဖီက မျှော်လင့်ထားပြီး နောက်ဆုံး အဆင့် ၄ တစ်နေရာ အတွက်တော့ လီဗာပူး မဟုတ်ရင် လက်စတာ ဖြစ်မယ်လို့ ဆိုပါတယ်။

” ပြိုင်ဆိုင်မှုတွေကတော့ ပြင်းထန်နေဆဲပါ။ မန်ချက်စတာ ယူနိုက်တက်က တနင်္ဂနွေနေ့က ချယ်ဆီးနဲ့ ပွဲမှာ ခြေစွမ်းကောင်းတွေ မပြနိုင်လို့ ဝေဖန်ခံနေရပါတယ်။ ဒါပေမယ့် ဆိုးရှားရဲ့ အသင်းက အဆင့် ၅ နေရာက ချယ်ဆီးနဲ့ ၆ မှတ်ကွာဟနေပါတယ်။ ယူနိုက်တက်ကတော့ အဆင့် ၂ နေရာ ရဖို့ များပါတယ်။

ချယ်ဆီး လူစာရင်းကလည်း တောင့်တင်းတာကြောင့် သူတို့ ထိပ်သီး လေးသင်းထဲ ဝင်နိုင်ပါတယ်။ တူချယ် ရောက်လာပြီး သူတို့ ကို ရင်ဆိုင်ရ ဘယ်လောက် ခက်လာလဲ အားလုံး သိကြပါတယ်။ သူတို့ တစ်ပွဲမှကို မရှူံးသေးဘူး။

နောက် တစ်နေရာ အတွက်က ပြောဖို့ တော်တော် ခက်ပါတယ်။ လက်စတာ၊ လီဗာပူး၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန် အသင်းတွေဟာ အခွင့်အရေးကောင်းတွေ အသီးသီး ရှိတယ်။ စပါးနဲ့ အာဆင်နယ်ကလည်း ဒီအပတ် နိုင်ပွဲကောင်းတွေ ရထားတယ်။ ကျနော့် အမြင်တော့ ခြေစွမ်း တည်ငြိမ်တာက အဆုံးအဖြတ် ဖြစ်သွားမယ် ထင်ပါတယ်။

စပါးနဲ့ အာဆင်နယ်တို့က က ခြေတွေ့နေရင် ကြည့်လို့ ကောင်းပေမယ့် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ဖို့က သူတို့ အတွက် စိန်ခေါ်မှုကြီး ဖြစ်နေတယ်။ အဲဗာတန်လည်း လုပ်ကောင်း လုပ်နိုင်ပြီး ဝက်စ်မ်းလည်း ရှိပေမယ့် ဒေးဗစ် မိုယက်စ် ကို အရှူံးသမားလို့ ကျနော်ကတော့ ခံစားမိနေတုန်းပဲ။

လက်စတာက ဒဏ်ရာ ပြသနာတွေ ရှိလို့ စိုးရိမ်ရပေမယ့် ဟာဗေး ဘန်းစ် မရှိဘဲလည်း သူတို့ အဆင်ပြေနေပါတယ်။ အဆင့် ၄ နေရာ အတွက်ကတော့ ကျနော့် အမြင် လက်စတာ မဟုတ်ရင် လီဗာပူးပါပဲ။ နှစ်သင်းလုံးကလည်း ဒီအခြေအနေတွေ အတွက် အတွေ့အကြုံကောင်းတွေ ရှိနေတယ်။ ဖိအားတွေ များလာချိန်ကျ အဲဗာတန်၊ ဝက်စ်ဟမ်းတို့ထက် ဒီနှစ်သင်းက ပို လုပ်ပြနိုင်ပါတယ်။ ” လို့ မာဖီက သုံးသပ်ခဲ့ပါတယ်။

Zawgyi – လီဗာပူး ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ ဒန္နီ မာဖီက ဒီရာသီ ကုန္ဆံုးခ်ိန္မွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ရပ္တည္မႈက ဘယ္လိုရွိမလဲ ခန္႔မွန္း သံုးသပ္သြားခဲ့ျပီး သူ႔ကလပ္ေဟာင္း လီဗာပူးကေတာ့ အဆင့္ ၄ ေနရာ အတြက္ေတာင္ လက္စတာနဲ႕ လုရဦးမယ္လို႔ ဆိုထားပါတယ္။

ထိပ္ဆံုး ေလးသင္းမွာ မန္စီးတီးအျပင္ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔လည္း အသီးသီးပါ၀င္မယ္လို႔ မာဖီက ခန္႔မွန္းထားပါတယ္။ မန္ခ်က္စတာ စီးတီးဟာ ပြဲ ၂၀ ဆက္ အနုိင္ယူျပီး ရာသီသိမ္းဖို႔ ၁၂ ပြဲ က်န္ခ်ိန္ အမွတ္ေပးဇယား ထိပ္မွာ ၁၂ မွတ္ ျဖတ္ ဦးေဆာင္ေနျပီ ျဖစ္ပါတယ္။ အမွတ္ေပးဖလားက အီတီဟက္ ေရာက္ဖို႔ ေသခ်ာသေလာက္ ျဖစ္ေနေပမယ့္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အဆင့္ ၄ အတြင္း ၀င္ဖို႔ ျပိဳင္ပြဲကေတာ့ ျပင္းထန္ေနဆဲပါ။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အဆင့္ ၅ ေနရာက ခ်ယ္ဆီးနဲ႕ ဂိုးမရွိ သေရက်ခဲ့ေပမယ့္ ၄င္းရဲ႕ ဒုတိယေနရာကို ဆက္္လက္ ထိန္းထားနုိင္ဆဲ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ အဆင့္ ၃ ေနရာထိ တက္လာနုိင္တယ္လို႔ မာဖီက ေမွ်ာ္လင့္ထားျပီး ေနာက္ဆံုး အဆင့္ ၄ တစ္ေနရာ အတြက္ေတာ့ လီဗာပူး မဟုတ္ရင္ လက္စတာ ျဖစ္မယ္လို႔ ဆိုပါတယ္။

” ျပိဳင္ဆိုင္မႈေတြကေတာ့ ျပင္းထန္ေနဆဲပါ။ မန္ခ်က္စတာ ယူနိုက္တက္က တနဂၤေႏြေန႔က ခ်ယ္ဆီးနဲ႕ ပြဲမွာ ေျခစြမ္းေကာင္းေတြ မျပနိုင္လို႔ ေ၀ဖန္ခံေနရပါတယ္။ ဒါေပမယ့္ ဆိုးရွားရဲ႕ အသင္းက အဆင့္ ၅ ေနရာက ခ်ယ္ဆီးနဲ႕ ၆ မွတ္ကြာဟေနပါတယ္။ ယူနိုက္တက္ကေတာ့ အဆင့္ ၂ ေနရာ ရဖို႔ မ်ားပါတယ္။

ခ်ယ္ဆီး လူစာရင္းကလည္း ေတာင့္တင္းတာေၾကာင့္ သူတို႔ ထိပ္သီး ေလးသင္းထဲ ၀င္နုိင္ပါတယ္။ တူခ်ယ္ ေရာက္လာျပီး သူတို႔ ကို ရင္ဆိုင္ရ ဘယ္ေလာက္ ခက္လာလဲ အားလံုး သိၾကပါတယ္။ သူတို႔ တစ္ပြဲမွကို မရွံဴးေသးဘူး။

ေနာက္ တစ္ေနရာ အတြက္က ေျပာဖို႔ ေတာ္ေတာ္ ခက္ပါတယ္။ လက္စတာ၊ လီဗာပူး၊ ၀က္စ္ဟမ္းနဲ႕ အဲဗာတန္ အသင္းေတြဟာ အခြင့္အေရးေကာင္းေတြ အသီးသီး ရွိတယ္။ စပါးနဲ႕ အာဆင္နယ္ကလည္း ဒီအပတ္ နုိင္ပြဲေကာင္းေတြ ရထားတယ္။ က်ေနာ့္ အျမင္ေတာ့ ေျခစြမ္း တည္ျငိမ္တာက အဆံုးအျဖတ္ ျဖစ္သြားမယ္ ထင္ပါတယ္။

စပါးနဲ႕ အာဆင္နယ္တို႔က က ေျခေတြ႔ေနရင္ ၾကည့္လို႔ ေကာင္းေပမယ့္ ရလဒ္ေကာင္းေတြ ဆက္တိုက္ ရယူနုိင္ဖို႔က သူတို႔ အတြက္ စိန္ေခၚမႈၾကီး ျဖစ္ေနတယ္။ အဲဗာတန္လည္း လုပ္ေကာင္း လုပ္နုိင္ျပီး ၀က္စ္မ္းလည္း ရွိေပမယ့္ ေဒးဗစ္ မိုယက္စ္ ကို အရွံဴးသမားလို႔ က်ေနာ္ကေတာ့ ခံစားမိေနတုန္းပဲ။

လက္စတာက ဒဏ္ရာ ျပသနာေတြ ရွိလို႔ စိုးရိမ္ရေပမယ့္ ဟာေဗး ဘန္းစ္ မရွိဘဲလည္း သူတို႔ အဆင္ေျပေနပါတယ္။ အဆင့္ ၄ ေနရာ အတြက္ကေတာ့ က်ေနာ့္ အျမင္ လက္စတာ မဟုတ္ရင္ လီဗာပူးပါပဲ။ နွစ္သင္းလံုးကလည္း ဒီအေျခအေနေတြ အတြက္ အေတြ႔အၾကံဳေကာင္းေတြ ရွိေနတယ္။ ဖိအားေတြ မ်ားလာခ်ိန္က် အဲဗာတန္၊ ၀က္စ္ဟမ္းတို႔ထက္ ဒီနွစ္သင္းက ပို လုပ္ျပနိုင္ပါတယ္။ ” လို႔ မာဖီက သံုးသပ္ခဲ့ပါတယ္။