ဘာစီလိုနာမန်နေဂျာ ရာထူးအတွက် အာတီတာ ထည့်တွက်ခံရမှာ မဟုတ်ဘူးလို့ Goal အတည်ပြု

စပိန်သတင်းတွေမှာ စပိန်သားမန်နေဂျာ အာတီတာဟာ မန်နေဂျာကိုးမန်နေရာ အစားဝင်ပြီး နူးကမ့်ရဲ့ ထိုင်ခုံပူပေါ် တက်ထိုင်နိုင်သူတွေထဲက တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဖော်ပြနေကြတယ်။

ဒါပေမယ့်လို့ ဗြိတိန်သတင်းဌာနဖြစ်တဲ့ Goal ကတော့ ဘာစီလိုနာ ဥက္ကဌရာထူးအတွက် လာပေါ်တေး အရွေးခံရမယ်ဆိုရင် မန်နေဂျာသစ်ဟာ အာတီတာဖြစ်လာမှာ မဟုတ်သလို အရွေးချယ်ခံစာရင်းထဲမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ကနေစပြီး ဘာစီလိုနာနဲ့ အာတီတာကြား သတင်းတွေ စတင်ထွက်ပေါ်လာခဲ့တာပါ။ Goal ဘက်ကတော့ ဒီလထဲ ဥက္ကဌ ရွေးပွဲမှာ လာပေါ်တေး ပြန်လည် အရွေးခံရမယ်ဆိုရင် အဲ့ကိစ္စ ဖြစ်မလာဖို့ သေချာပါတယ်လို့ ဆိုတယ်။ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ အာတီတာနဲ့လည်း ဆွေးနွေးမှု လုံးဝ မရှိတဲ့ အနေအထားဖြစ်တယ်။

ဘာစီလိုနာဟာ ဇန်နဝါရီလထဲမှာ ဥက္ကဌ ရွေးချယ်ပွဲ လုပ်ရမှာဖြစ်သော်လည်း အကြောင်းတွေကြောင့် မတ်လ ၈ ရက်နေ့ထိ ရွေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာပဲ လာပေါ်တေးနဲ့ အခြားသော ပြိုင်ဘက် နှစ်ဦးတို့ဟာ တရားဝင် စကားစစ်ထိုးမှုကို စတင်သွားကြပါလိမ့်မယ်။

ဘာစီလိုနာဟာ ရုန်းကန်ရမှုတွေ ရှိနေပေမယ့် မန်နေဂျာကိုးမန်းကို ရေရှည်အတွက် တာဝန်ပေးလိုစိတ် ရှိထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဆက်တီယန်နေရာ အစားဝင်တဲ့ နယ်သာလန်သား မန်နေဂျာဟာ ဒီရာသီမှာ ဆုဖလား တစ်လုံးမှ မရယူနိုင်ရင် ရာသီကုန်မှာ ဘာစီလိုနာမှာ ဆက်ရှိနေဖို့က ဖြစ်နိုင်ခဲပါတယ်။

ဂွာဒီယိုလာရဲ့ လက်ထောက် နည်းပြဟောင်းဖြစ်သူ အာတီတာဟာ ထူးချွန်တဲ့ နည်းစနစ်ပိုင်းတွေကို လမ်းညွှန်နိုင်သူအဖြစ် ချီးကျူးမှုတွေ ရှိထားခဲ့တယ်။ သူဟာ အာဆင်နယ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ပြန်လည် ကြိုးစားပေးရမှာဖြစ်ပြီး လန်ဒန်ကလပ်ရဲ့ အသွင်ပြောင်းကာလမှာ အိုဇေး အပါအဝင် ကစားသမား ရှင်းထုတ်မှုတွေအတွက် ကြိုးစားပေးနေဆဲဖြစ်ပါတယ်။

ZAWGYI – စပိန္သတင္းေတြမွာ စပိန္သားမန္ေနဂ်ာ အာတီတာဟာ မန္ေနဂ်ာကိုးမန္ေနရာ အစားဝင္ျပီး ႏူးကမ့္ရဲ႕ ထိုင္ခံုပူေပၚ တက္ထိုင္ႏုိင္သူေတြထဲက တစ္ဦး ျဖစ္လာလိမ့္မယ္လို႔ ေဖာ္ျပေနၾကတယ္။

ဒါေပမယ့္လို႔ ျဗိတိန္သတင္းဌာနျဖစ္တဲ့ Goal ကေတာ့ ဘာစီလိုနာ ဥကၠဌရာထူးအတြက္ လာေပၚေတး အေရြးခံရမယ္ဆိုရင္ မန္ေနဂ်ာသစ္ဟာ အာတီတာျဖစ္လာမွာ မဟုတ္သလို အေရြးခ်ယ္ခံစာရင္းထဲမွာ ပါဝင္မွာ မဟုတ္ဘူးလို႔ အတည္ျပဳပါတယ္။

ျပီးခဲ့တဲ့ သီတင္းပတ္ အကုန္ကေနစျပီး ဘာစီလိုနာနဲ႔ အာတီတာၾကား သတင္းေတြ စတင္ထြက္ေပၚလာခဲ့တာပါ။ Goal ဘက္ကေတာ့ ဒီလထဲ ဥကၠဌ ေရြးပြဲမွာ လာေပၚေတး ျပန္လည္ အေရြးခံရမယ္ဆိုရင္ အဲ့ကိစၥ ျဖစ္မလာဖို႔ ေသခ်ာပါတယ္လို႔ ဆိုတယ္။ ဘာစီလိုနာအသင္း တာဝန္ရွိသူေတြဟာ အာတီတာနဲ႔လည္း ေဆြးေႏြးမႈ လံုးဝ မရွိတဲ့ အေနအထားျဖစ္တယ္။

ဘာစီလိုနာဟာ ဇန္နဝါရီလထဲမွာ ဥကၠဌ ေရြးခ်ယ္ပြဲ လုပ္ရမွာျဖစ္ေသာ္လည္း အေၾကာင္းေတြေၾကာင့္ မတ္လ ၈ ရက္ေန႔ထိ ေရြ႔ဆိုင္းခဲ့တာျဖစ္ပါတယ္။ လာမယ့္ တနဂၤေႏြေန႔မွာပဲ လာေပၚေတးနဲ႔ အျခားေသာ ျပိဳင္ဘက္ ႏွစ္ဦးတို႔ဟာ တရားဝင္ စကားစစ္ထိုးမႈကို စတင္သြားၾကပါလိမ့္မယ္။

ဘာစီလိုနာဟာ ရုန္းကန္ရမႈေတြ ရွိေနေပမယ့္ မန္ေနဂ်ာကိုးမန္းကို ေရရွည္အတြက္ တာဝန္ေပးလိုစိတ္ ရွိထားပါတယ္။ ျပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ဆက္တီယန္ေနရာ အစားဝင္တဲ့ နယ္သာလန္သား မန္ေနဂ်ာဟာ ဒီရာသီမွာ ဆုဖလား တစ္လံုးမွ မရယူႏုိင္ရင္ ရာသီကုန္မွာ ဘာစီလိုနာမွာ ဆက္ရွိေနဖို႔က ျဖစ္ႏုိင္ခဲပါတယ္။

ဂြာဒီယိုလာရဲ႕ လက္ေထာက္ နည္းျပေဟာင္းျဖစ္သူ အာတီတာဟာ ထူးခၽြန္တဲ့ နည္းစနစ္ပိုင္းေတြကို လမ္းညႊန္ႏုိင္သူအျဖစ္ ခ်ီးက်ဴးမႈေတြ ရွိထားခဲ့တယ္။ သူဟာ အာဆင္နယ္ကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ရေအာင္ ျပန္လည္ ၾကိဳးစားေပးရမွာျဖစ္ျပီး လန္ဒန္ကလပ္ရဲ႕ အသြင္ေျပာင္းကာလမွာ အိုေဇး အပါအဝင္ ကစားသမား ရွင္းထုတ္မႈေတြအတြက္ ၾကိဳးစားေပးေနဆဲျဖစ္ပါတယ္။