အက်ဖ်အေဖလား နိုင်ပွဲအပြီး ဖိုဒန်ကို ဒီဘရိုင်းဖြစ်လာအောင် မလုပ်နဲ့လို့ သတိပေးတဲ့ ဂွာဒီယိုလာ

ပက်ဂွာဒီယိုလာက ဖီးဖိုဒန်ကို ကိုယ့်ကိုယ်ကို ရပ်တည်ဖို့ အားပေးခဲ့ပြီး မန်စီးတီးအတွက် ဒီဘရိုင်းလုပ်သလို ထပ်တူလိုက်လုပ်ဖို့ မကြိုးစားနဲ့လို့ သတိပေးလိုက်ပါတယ်။

ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာကြောင့် လေးပတ်ကနေ ခြောက်ပတ်လောက်အထိ အနားယူရမယ့် အရေးနဲ့ ရင်ဆိုင်နေတာက စီးတီးရဲ့ လူအင်အားကို ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီဘရိုင်းက ၆ပတ်လုံး အပြည့်နားရမယ်ဆိုရင် သူဟာ ဝက်စ်ဘရွန်း၊ ရှက်ဖီး၊ ဘန်လေ၊ လီဗာပူး၊ စပါး၊ အာဆင်နယ်၊ မိုချင်ဂလက်ဘက်၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲတွေကို လွဲချော်ရမှာဖြစ်သလို မတ်လ ၆ ရက်မှာ ကစားမယ့် မန်ချက်စတာဒါဘီကျမှ ပြန်လာနိုင်ဖို့ ရှိနေတာပါ။

ဒီဘရိုင်းဟာ စီးတီးအသင်းမှာ အစားထိုးလို့ မရတဲ့သူ ဖြစ်ပေမယ့် ဂွာဒီယိုလာမှာ ဘာနာဒိုဆေးဗားနဲ့ ဂန်ဒိုဂမ်တို့လို ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူတွေ အများအပြား ရှိနေတာဖြစ်ပါတယ်။ ဖိုဒန်က အသင်းကို ဖန်တီးနိုင်စွမ်းတွေ ယူဆောင်လာပေးသလို ပြောင်းလဲပေးနိုင်တဲ့ အင်အားရှိပေမယ့် ဂွာဒီယိုလာက သူ့ကို ဒီဘရိုင်းရဲ့ အစားထိုး ဖြစ်လာဖို့ထက် သူ့ပုံစံအတိုင်းသာ ဆက်ကစားဖို့ အလိုရှိနေတာပါ။

“ကျွန်တော်တို့မှာ ကစားသမားတွေရှိပါတယ်။ ဖိုဒန်က ဖိုဒန်ပဲ ဖြစ်ရမယ်။ ဒီဘရိုင်းဖြစ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒီဘရိုင်းက တစ်ယောက်ထဲပဲ ရှိတာပါ။ ဖိုဒန်အနေနဲ့ ကျွန်တော်တို့ ရှုံးနေတဲ့အခါမျိုး၊ ဆိုးရွားတဲ့ အချိန်တွေမှာ အသင်းအတွက် သူပေးဆပ်ခဲ့သလိုမျိုး ဆက်လုပ်ပေးသွားဖို့ပဲ လိုပါတယ်”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ဒီဘရိုင်းရဲ့ ဟာကွက်ကို ဖြည့်ဆည်းဖို့ လိုအပ်မှာဖြစ်ပြီး ဂန်ဒိုဂမ်၊ မာရက်ဇ်နဲ့ ကန်ဆယ်လိုတို့က ပွဲကစားဖို့ တာဝန်တွေ ရရှိလာဖို့ ဖြစ်နိုင်ပါတယ်။

“ လူငယ်ကစားသမား နှစ်ယောက်က တကယ်ကိုကောင်းကောင်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် final third ဇုန်ထဲမှာ ဂန်ဒိုနဲ့ ကန်ဆယ်လိုတို့က တကယ်ကို အရေးပါတယ်။ ဂန်ဒိုက ဖန်တီးပေးနိုင်ပြီးတော့ ဂိုးသွင်းဖို့ အာရုံခံနိုင်တဲ့ အရည်အသွေးရှိတယ်။ ပြီးတော့ ဖိုဒန်၊ မာရက်ဇ်နဲ့ ကန်ဆယ်လို့တို့ကလဲ နောက်ထပ် ပေးပို့မှုအပိုင်းမှာ အရည်အချင်းရှိကြပါတယ်။ ” လို့ မန်စီးတီးမန်နေဂျာက ပြောပါတယ်။

မန်စီးတီးဟာ အက်ဖ်အေဖလားပွဲမှာ ချယ်တင်ဟမ်ကို ၃-၁ နဲ့ အနိုင်ယူဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး ဂွာဒီယိုလာကတော့ လိဂ်တူးကလပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုကို သူ့အသင်း ရင်ဆိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်ကျေနပ်နေခဲ့ပါတယ်။

“လက်ပစ်ဘောတိုင်းက ထောင့်ကန်ဘောတို့ ဖရီးကစ်တို့ထက် ပိုအရေးကြီးတယ်။ သူတို့မှာ အဲ့လို အခိုက်အတန့်တွေရှိပြီးတော့ သူတို့က အရပ်ပိုရှည်တယ်၊ လူကောင်ပိုကြီးတယ်၊ ရုပ်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ထက် ပိုကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့တယ်။

ဒီပြိုင်ပွဲမှာ ပရီးမီးယားလိဂ် အသင်းတစ်သင်းက အခက်အခဲကြုံရတာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ မိနစ် ၉၀ အတွင်း ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက အားကောင်းခဲ့တယ်။ ၁-၀ အခြေအနေမှာ ကျွန်တော်တို့ ကစားပုံအတွက် ဘာမှနောင်တ မရခဲ့ပါဘူး။ ကံကောင်းစွာပဲ ကန်ဆယ်လိုရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဂေဘရီရယ်နဲ့ ဖီးဖိုဒန်တို့အဆုံးသတ် ဂိုးသွင်းယူခဲ့တာတွေက သိပ်ကောင်းခဲ့တယ်”လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI – ပက္ဂြာဒီယိုလာက ဖီးဖိုဒန္ကို ကိုယ့္ကိုယ္ကို ရပ္တည္ဖို႔ အားေပးခဲ့ၿပီး မန္စီးတီးအတြက္ ဒီဘ႐ိုင္းလုပ္သလို ထပ္တူလိုက္လုပ္ဖို႔ မႀကိဳးစားနဲ႔လို႔ သတိေပးလိုက္ပါတယ္။

ဒီဘ႐ိုင္းဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ေလးပတ္ကေန ေျခာက္ပတ္ေလာက္အထိ အနားယူရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနတာက စီးတီးရဲ႕ လူအင္အားကို ထိခိုက္ေစခဲ့တာ ျဖစ္ပါတယ္။ ဒီဘ႐ိုင္းက ၆ပတ္လုံး အျပည့္နားရမယ္ဆိုရင္ သူဟာ ဝက္စ္ဘ႐ြန္း၊ ရွက္ဖီး၊ ဘန္ေလ၊ လီဗာပူး၊ စပါး၊ အာဆင္နယ္၊ မိုခ်င္ဂလက္ဘက္၊ ဝက္စ္ဟမ္းတို႔နဲ႔ ပြဲေတြကို လြဲေခ်ာ္ရမွာျဖစ္သလို မတ္လ ၆ ရက္မွာ ကစားမယ့္ မန္ခ်က္စတာဒါဘီက်မွ ျပန္လာႏိုင္ဖို႔ ရွိေနတာပါ။

ဒီဘ႐ိုင္းဟာ စီးတီးအသင္းမွာ အစားထိုးလို႔ မရတဲ့သူ ျဖစ္ေပမယ့္ ဂြာဒီယိုလာမွာ ဘာနာဒိုေဆးဗားနဲ႔ ဂန္ဒိုဂမ္တို႔လို ဖန္တီးႏိုင္စြမ္းရွိတဲ့ ကြင္းလယ္လူေတြ အမ်ားအျပား ရွိေနတာျဖစ္ပါတယ္။ ဖိုဒန္က အသင္းကို ဖန္တီးႏိုင္စြမ္းေတြ ယူေဆာင္လာေပးသလို ေျပာင္းလဲေပးႏိုင္တဲ့ အင္အားရွိေပမယ့္ ဂြာဒီယိုလာက သူ႔ကို ဒီဘ႐ိုင္းရဲ႕ အစားထိုး ျဖစ္လာဖို႔ထက္ သူ႔ပုံစံအတိုင္းသာ ဆက္ကစားဖို႔ အလိုရွိေနတာပါ။

“ကြၽန္ေတာ္တို႔မွာ ကစားသမားေတြရွိပါတယ္။ ဖိုဒန္က ဖိုဒန္ပဲ ျဖစ္ရမယ္။ ဒီဘ႐ိုင္းျဖစ္လို႔ မရဘူး။ ဘာလို႔လဲဆိုေတာ့ ဒီဘ႐ိုင္းက တစ္ေယာက္ထဲပဲ ရွိတာပါ။ ဖိုဒန္အေနနဲ႔ ကြၽန္ေတာ္တို႔ ရႈံးေနတဲ့အခါမ်ိဳး၊ ဆိုး႐ြားတဲ့ အခ်ိန္ေတြမွာ အသင္းအတြက္ သူေပးဆပ္ခဲ့သလိုမ်ိဳး ဆက္လုပ္ေပးသြားဖို႔ပဲ လိုပါတယ္”လို႔ ဂြာဒီယိုလာက ဆိုပါတယ္။

မန္စီးတီးအသင္းဟာ ဒီဘ႐ိုင္းရဲ႕ ဟာကြက္ကို ျဖည့္ဆည္းဖို႔ လိုအပ္မွာျဖစ္ၿပီး ဂန္ဒိုဂမ္၊ မာရက္ဇ္နဲ႔ ကန္ဆယ္လိုတို႔က ပြဲကစားဖို႔ တာဝန္ေတြ ရရွိလာဖို႔ ျဖစ္ႏိုင္ပါတယ္။

“ လူငယ္ကစားသမား ႏွစ္ေယာက္က တကယ္ကိုေကာင္းေကာင္း လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ final third ဇုန္ထဲမွာ ဂန္ဒိုနဲ႔ ကန္ဆယ္လိုတို႔က တကယ္ကို အေရးပါတယ္။ ဂန္ဒိုက ဖန္တီးေပးႏိုင္ၿပီးေတာ့ ဂိုးသြင္းဖို႔ အာ႐ုံခံႏိုင္တဲ့ အရည္အေသြးရွိတယ္။ ၿပီးေတာ့ ဖိုဒန္၊ မာရက္ဇ္နဲ႔ ကန္ဆယ္လို႔တို႔ကလဲ ေနာက္ထပ္ ေပးပို႔မႈအပိုင္းမွာ အရည္အခ်င္းရွိၾကပါတယ္။ ” လို႔ မန္စီးတီးမန္ေနဂ်ာက ေျပာပါတယ္။

မန္စီးတီးဟာ အက္ဖ္ေအဖလားပြဲမွာ ခ်ယ္တင္ဟမ္ကို ၃-၁ နဲ႔ အႏိုင္ယူဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရၿပီး ဂြာဒီယိုလာကေတာ့ လိဂ္တူးကလပ္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ စိန္ေခၚမႈကို သူ႔အသင္း ရင္ဆိုင္ခဲ့တဲ့အေပၚ ေပ်ာ္႐ႊင္ေက်နပ္ေနခဲ့ပါတယ္။

“လက္ပစ္ေဘာတိုင္းက ေထာင့္ကန္ေဘာတို႔ ဖရီးကစ္တို႔ထက္ ပိုအေရးႀကီးတယ္။ သူတို႔မွာ အဲ့လို အခိုက္အတန႔္ေတြရွိၿပီးေတာ့ သူတို႔က အရပ္ပိုရွည္တယ္၊ လူေကာင္ပိုႀကီးတယ္၊ ႐ုပ္ပိုင္းဆိုင္ရာမွာ ကြၽန္ေတာ္တို႔ထက္ ပိုေကာင္းတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ေကာင္းေကာင္း တုံ႔ျပန္ႏိုင္ခဲ့တယ္။

ဒီၿပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ အသင္းတစ္သင္းက အခက္အခဲႀကဳံရတာ ဒါ ပထမဆုံးေတာ့ မဟုတ္ပါဘူး။ မိနစ္ ၉၀ အတြင္း ကြၽန္ေတာ္တို႔ရဲ႕ တုံ႔ျပန္မႈက အားေကာင္းခဲ့တယ္။ ၁-၀ အေျခအေနမွာ ကြၽန္ေတာ္တို႔ ကစားပုံအတြက္ ဘာမွေနာင္တ မရခဲ့ပါဘူး။ ကံေကာင္းစြာပဲ ကန္ဆယ္လိုရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ေဂဘရီရယ္နဲ႔ ဖီးဖိုဒန္တို႔အဆုံးသတ္ ဂိုးသြင္းယူခဲ့တာေတြက သိပ္ေကာင္းခဲ့တယ္”လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။