ဟာဗက်ရဲ့ အခြေအနေကို ဒီဘရိုင်းနဲ့ ဆာလာတို့ဖြင့် ဥပမာပေး နှိုင်းယှဉ်သွားတဲ့ လမ်းပတ်
နွေတုန်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ဟာဗက် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့အပေါ် မန်နေဂျာလမ်းပတ်က ခုခံပြောဆိုမှု ပြုလုပ်လာခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဂျာမာန်သား လူငယ်ကစားသမားက ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရတာပါ။ လမ်းပတ်က ချယ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဆာလာတို့ကလည်း လူငယ် ကစားသမား ဘဝတွေမှာ ရုန်းကန်ခဲ့ရကာ ချယ်ဆီးကနေ ထွက်ခွာသွားပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လာချိန်မှာ ခြေစွမ်း တောက်ပလာတဲ့ အနေအထားတွေဖြင့် နှိုင်းယှဉ်ခဲ့တယ်။
ဟာဗက်ရဲ့ လှုပ်အားနှုန်းအပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေပေမယ့် လမ်းပတ်ကတော့ လူငယ် ကွင်းလယ်ဖန်တီးရှင်ဟာ ကြိုးစားလိုစိတ်ရှိသူဖြစ်ကာ သူ့အပေါ် အားပေးထောက်ခံကြဖို့နဲ့ စိတ်ရှည်ပေးဖို့ တောင်းဆိုလာပါတယ်။
လမ်းပတ်က ” ဟာဗက်ရဲ့ ကြိုးစားမှုက ပြဿနာ မဟုတ်ပါဘူး။ အခုချိန်မှာတော့ သူက ယုံကြည်မှုတွေ ရှိမနေဘူး။ သူက ချယ်ဆီးအသင်းက အခြားသော အသင်းဖော်တွေလိုပဲ ခက်ခဲမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒီဘရိုင်းနဲ့ ဆာလာတို့ကလည်း ကိုင်လို အသက်အရွယ်မှာ တူညီတဲ့ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်။ သူတို့ အဝေးကို ထွက်ခွာသွားခဲ့ပြီး အချိန်တစ်ခုမှာ ပြန်လာခဲ့ကြတယ်။ အခုချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တွေ ဖြစ်လာနေပါပြီ။
ကိုင်းနဲ့ ပက်သက်လို့ သူ့အပေါ် ဖိအားတွေ ပုံပေးလိုစိတ် မရျိပါဘူး။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာ လူငယ်ကစားသမားတွေက အချိန်ယူရမှာပါ။ သူ့နဲ့ ပက်သက်လို့ စိတ်ရှည်ပေးရမှာဖြစ်တယ်။ စွမ်းဆောင်ရည် တစ်ခုတည်းနဲ့ လအတန်ကြာမှာ အားလုံး ပြေလည်သွားမှာ မဟုတ်ပါဘူး။
ကျနော်က အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး မြင်ဖူးပါတယ်။ ဒါပေမယ့် ကိုင်ဟာဗက်ရဲ့ လိုအင်ဆန္ဒနဲ့ ပွဲအတွင်း အချက်အလက်တွေက ကောင်းမွန်ပါတယ်။ သူက အချိန်လိုတာပါ။ ကစားသမားတွေ အများကြီး အချိန်လိုတယ်ဆိုတာကို ကျနေ်ာတို့ မြင်ထားခဲ့ပြီးပါပြီ။
ဟာဗက်အကြောင်း ကျနော် ကောင်းကောင်းသိပါတယ်။ သူက လူကောင်လေးပါ။ ကျနော်ရဲ့ အလုပ်က လူငယ်ကစားသမားဘဝမှာ ကျနော်ရခဲ့တဲ့ နည်းပြတွေလို သူတို့အပေါ် လမ်းညွှန်ပေးနိုင်တဲ့ နည်းပြတစ်ဦး ဖြစ်လာဖို့ပါပဲ။ သူတို့ရဲ့ နာမည်တွေကို တောက်ပလာပြီး သူတို့ တိုးတက်လာအောင် လုပ်ပေးရမှာပါ။
အခုချိန်မှာ သူ ယုံကြည်မှုတွေ ရလာဖို့ အချိန်ပေးရမှာဖြစ်ပြီး သူ့အပေါ် ကျနော်ရဲ့ ထောက်ခံမှုတွေကို ပြသရမှာဖြစ်တယ်။ ဟာဗက်က ကျနော်ရဲ့ ယုံကြည် ထောက်ပံ့မှုတွေကို တကယ်ကိုပဲ ပိုင်ဆိုင်ထားပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ ဟာဗက်၊ ဗာနာလို ဂျာမာန်အတွဲနဲ့ ဆေးဗား၊ ချီးဝဲလ်၊ ဇီယက်၊ မန်ဒီတို့ကို ဒီနွေမှာ ခေါ်ယူထားတာပါ။ ကစားသမားသစ်တွေ အထိုင်မကျမှုနဲ့အတူ ရလဒ်တွေ ထိခိုက်လာနေတဲ့အပေါ် လမ်းပတ်တင်မကဘဲ ကစားသမားတွေပါ ဖိအားတွေ ရှိနေတာ ဖြစ်ပါတယ်။
ZAWGYI – နွေတုန်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ဟာဗက် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့အပေါ် မန်နေဂျာလမ်းပတ်က ခုခံပြောဆိုမှု ပြုလုပ်လာခဲ့ပါတယ်။