ဆာလက္ ေရပန္စားေနတဲ့ အာဖရိက တစ္ႏွစ္တာ အေကာင္းဆံုးကစားသမား စကားတင္ (၃) ဦး

[Zawgyi] လီဗာပူးကစားသမားေတြျဖစ္တဲ့ ဆာလက္နဲ႔ မာေနးတို႔ဟာ 2018 ခုႏွစ္အတြက္ အာဖရိက အေကာင္းဆံုး ကစားသမား စကားတင္ 3 ဦးစာရင္းမွာ ပါဝင္လာပါတယ္။ 2017 မွာတုန္းက ဆာလက္ဟာ အသင္းေဖာ္ျဖစ္တဲ့ မာေနး၊ ေဒါ့မြန္တိုက္စစ္သမား အူဘာမီယန္တို႔ကို ေက်ာ္ျဖတ္ျပီး အဆိုပါဆုကို ရရွိထားခဲ့တာပါ။

အာဖရိက လက္ေရြးစင္အသင္း နည္းျပေတြ၊ နည္းစနစ္ဒါရိုက္တာေတြ၊ အဖြဲ႔အစည္း နည္းစနည္းပိုင္းဆိုင္ရာနဲ႔ တိုးတက္မႈအဖြဲ႔ေတြ ေနာက္ျပီး မီဒီယာေတြ စုေပါင္း မဲေပးၾကမႈေတြကေနမွာ 2018 ခုႏွစ္အတြက္ ဆုရသူကို ေရြးခ်ယ္မွာျဖစ္တယ္။ ဒီႏွစ္အတြက္လည္း တူညီတဲ့ ကစားသမား 3 ဦးကပဲ စကားတင္စာရင္းထဲ ပါဝင္လာခဲ့တာျဖစ္တယ္။

ဒီႏွစ္အတြက္လည္း လီဗာပူးအသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ေအာင္ ကူညီေပးခဲ့ျပီး သြင္းဂိုးအမ်ားဆံုး ပရီးမီးယားလိဂ္ကစားသမား ျဖစ္ခဲ့တဲ့ ဆာလက္ကပဲ ရသြားမယ္လို႔ တစ္ေျပးေနပါတယ္။ ဆာလက္ဟာ ဘလြန္းဒီေအာ့ဖ္ဆုအတြက္ ေရပန္းစားမႈမွာလည္း ပါဝင္ႏိုင္ခဲ့သူျဖစ္တယ္။

2018-2019 ေဘာလံုးရာသီ လီဗာပူးအသင္း အမွတ္ေပးဇယား ထိပ္ဆံုးကိုေရာက္ဖုိ႔ရာ ဆာလက္က သြင္းဂိုးေတြနဲ႔ ကူညီေပးခဲ့ျပီး လီဗာပူးကစားသမားဘဝအျဖစ္ တစ္ႏွစ္သာအေကာင္းဆံုးဆုကို 2 ၾကိမ္ဆက္အျဖစ္ မာေနးကို ေက်ာ္ျဖတ္ျပီး ရသြားဖို႔ရွိေနတယ္။

ဆုေပးပြဲကိုေတာ့ 2019 ဇန္နဝါရီလ 8 ရက္ ဆီနီေဂါႏိုင္ငံ ဒက္ဂါမွာ အခမ္းအနားနဲ႔ ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ဆုေပးမယ့္အခ်ိန္က မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲနဲ႔ ဝုဗ္နဲ႔ ယွဥ္ျပိဳင္ရမယ့္ အက္ဖ္ေအပြဲၾကား ျဖစ္ေနပါတယ္။

ဆာလက္ဟာ မႏွစ္က ေႏြရာသီမွာ လီဗာပူးကို ေပါင္ 36 သန္းနဲ႔ ေျပာငး္ေရႊ႔ျပီးေနာက္ပိုင္း ကမၻာအဆင့္ တိုက္စစ္သမားအျဖစ္ ထြန္းေတာက္လာခဲ့တာပါ။ သူဟာ 18 လေလာက္အတြင္းမွာပဲ လီဗာပူးမွာ စြမ္းေဆာင္ျပခဲ့တဲ့ ေကာင္းမြန္တဲ့ ေျခစြမ္းေတြေၾကာင့္ တစ္ကိုယ္ေတာ္ ထူးခၽြန္ဆုေပါင္း ေျမာက္မ်ားစြာကို အႏုိင္ရရွိထားပါတယ္။

Sports Home Time

[Unicode] လီဗာပူးကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ မာနေးတို့ဟာ 2018 ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ကစားသမား စကားတင် 3 ဦးစာရင်းမှာ ပါဝင်လာပါတယ်။ 2017 မှာတုန်းက ဆာလက်ဟာ အသင်းဖော်ဖြစ်တဲ့ မာနေး၊ ဒေါ့မွန်တိုက်စစ်သမား အူဘာမီယန်တို့ကို ကျော်ဖြတ်ပြီး အဆိုပါဆုကို ရရှိထားခဲ့တာပါ။

အာဖရိက လက်ရွေးစင်အသင်း နည်းပြတွေ၊ နည်းစနစ်ဒါရိုက်တာတွေ၊ အဖွဲ့အစည်း နည်းစနည်းပိုင်းဆိုင်ရာနဲ့ တိုးတက်မှုအဖွဲ့တွေ နောက်ပြီး မီဒီယာတွေ စုပေါင်း မဲပေးကြမှုတွေကနေမှာ 2018 ခုနှစ်အတွက် ဆုရသူကို ရွေးချယ်မှာဖြစ်တယ်။ ဒီနှစ်အတွက်လည်း တူညီတဲ့ ကစားသမား 3 ဦးကပဲ စကားတင်စာရင်းထဲ ပါဝင်လာခဲ့တာဖြစ်တယ်။

ဒီနှစ်အတွက်လည်း လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင် ကူညီပေးခဲ့ပြီး သွင်းဂိုးအများဆုံး ပရီးမီးယားလိဂ်ကစားသမား ဖြစ်ခဲ့တဲ့ ဆာလက်ကပဲ ရသွားမယ်လို့ တစ်ပြေးနေပါတယ်။ ဆာလက်ဟာ ဘလွန်းဒီအော့ဖ်ဆုအတွက် ရေပန်းစားမှုမှာလည်း ပါဝင်နိုင်ခဲ့သူဖြစ်တယ်။

2018-2019 ဘောလုံးရာသီ လီဗာပူးအသင်း အမှတ်ပေးဇယား ထိပ်ဆုံးကိုရောက်ဖို့ရာ ဆာလက်က သွင်းဂိုးတွေနဲ့ ကူညီပေးခဲ့ပြီး လီဗာပူးကစားသမားဘဝအဖြစ် တစ်နှစ်သာအကောင်းဆုံးဆုကို 2 ကြိမ်ဆက်အဖြစ် မာနေးကို ကျော်ဖြတ်ပြီး ရသွားဖို့ရှိနေတယ်။

ဆုပေးပွဲကိုတော့ 2019 ဇန်နဝါရီလ 8 ရက် ဆီနီဂေါနိုင်ငံ ဒက်ဂါမှာ အခမ်းအနားနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဆုပေးမယ့်အချိန်က မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲနဲ့ ဝုဗ်နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေပွဲကြား ဖြစ်နေပါတယ်။

ဆာလက်ဟာ မနှစ်က နွေရာသီမှာ လီဗာပူးကို ပေါင် 36 သန်းနဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ကမ္ဘာအဆင့် တိုက်စစ်သမားအဖြစ် ထွန်းတောက်လာခဲ့တာပါ။ သူဟာ 18 လလောက်အတွင်းမှာပဲ လီဗာပူးမှာ စွမ်းဆောင်ပြခဲ့တဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် တစ်ကိုယ်တော် ထူးချွန်ဆုပေါင်း မြောက်များစွာကို အနိုင်ရရှိထားပါတယ်။

Sports Home Time