လမ်းပတ်က ယာဂင်ကလော့ပ် မဟုတ်ဘူးလို့ သုံးသပ်ဖော်ပြသွားတဲ့ အင်္ဂလန်နာမည်ကြီး သတင်းဌာန

လမ်းပတ်ဟာ ချယ်ဆီးရဲ့ ပြင်းထန်တဲ့ ကျဆင်းမှုအပေါ် ရှင်းပြနိုင်ခဲ့ပေမယ့် ဒါကို ရပ်တန့်အောင် လုပ်ဖို့တော့ မတတ်နိုင်ဘူး ဆိုတာ သက်သေပြနေတယ်လို့ အင်္ဂလန် နာမည်ကြီး Goal သတင်းဌာနက အောက်ပါအတိုင်း သုံးသပ် ဖော်ပြသွားပါတယ်။

လမ်းပတ် က ကလပ်ရဲ့ ဂန္တဝင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူက စတန်းဖို့ဒ်ဘရစ်ခ်ျထံကို အောင်မြင်မှုတွေ ပြန်ယူလာပေးမယ့်သူ ဆိုတာ ရိုမန် အေဘရာမိုဗစ်ခ်ျ ယုံကြည်အောင် လုပ်ဖို့အတွက် အနည်းဆုံးတော့ သူ့ရဲ့ ချယ်ဆီးအသင်းက ဒီရာသီမှာ တိုးတက်မှု အရိပ်အယောင်တွေကို ပြသဖို့ လိုအပ်ခဲ့တာပါ။

ချယ်ဆီးလို ဂုဏ်သိက္ခာကြီးမားတဲ့ အသင်းအတွက် ဒါက ခက်ခဲတဲ့ တောင်းဆိုမှုမဟုတ်ခဲ့ပါဘူး။ နည်းပြက ကမ္ဘာ့အကောင်းဆုံး အကယ်ဒမီနဲ့ အလုပ် လုပ်ရပြီးတော့ အပြောင်းအရွှေ့ဈေးကွက်မှာလဲ ပေါင်သန်း၂၂၀ သုံးကာ တီမိုဗာနာ၊ ကိုင်ဟားဗတ်၊ ဟာကင်ဇီယက်ခ်ျတို့လို ကစားသမားတွေကို ခေါ်ယူခွင့်ရခဲ့တယ်။

လမ်းပတ်အတွက် ဒီအသုံးစရိတ်ဟာ လူဝယ်ခွင့် ပိတ်ခံထားရတဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့် ရစေခဲ့တဲ့အတွက် ဆုလာဘ် ဖြစ်ခဲ့ပေမယ့် အခုတော့ သူဟာ ဖိအားတွေနဲ့လူ ဖြစ်နေပါပြီ။ သူက ဒီအလုပ်မှာ ၁၈လပဲ ရှိသေးတယ်ဆိုပေမယ့် သူ့ရဲ့ လေလုံးတွေက နောက်ပိုင်းမှာ ဒရာမာ ဆန်ဆန် ပြောင်းလဲသွားခဲ့တယ်။

လမ်းပတ် က စိတ်ရှည်ရှည်ထားဖို့ပဲ ပြောနေပြီးတော့ ပရိသတ်တွေကို သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြန်ပြင်ဆင်ထားဖို့ တောင်းဆိုနေပါတယ်။ ချယ်ဆီး တို့ အဓိက ဆုဖလားတွေအတွက် စတင်စိန်ခေါ်နိုင်မယ့်နေ့ဟာ လမ်းပတ်စကားပြောတဲ့အချိန်တိုင်း တဖြည်းဖြည်း ပိုပိုဝေးသွားတယ်။
ဒါပေမယ့် ဒီလိုပြောတာတွေက ချယ်ဆီးမှာ အဆင်ပြေစေမှာမဟုတ်ပါဘူး။ နည်းပြ အနည်းသာ အောင်မြင်မှုရဖို့နှစ်နှစ်ကျော် အချိန်ယူခဲ့ရတယ်။

ယာဂန်ကလော့က လီဗာပူးမှာ အချိန်များကြီး ရခဲ့ပြီးတော့ ကျရှုံးနေတဲ့ ထိပ်တန်းအသင်းကို အဆင့်မြှင့်တင်ပေးဖို့ သေချာ အစီအစဉ်ဆွဲခဲ့တယ်။
ဂျာမန်သားဟာ ၎င်းရဲ့ လေးရာသီမြောက်မှာ ဆုဖလား မအောင်မြင်ခင် အဆင့်၈၊ အဆင့် ၄ နဲ့ အဆင့် ၄ ပဲ ထပ်ရခဲ့တာပါ။ ဒါပေမယ့် ကလော့ပ်က သူ့ရဲ အလုပ်ရှင်တွေဆီက ယုံကြည်မှုရဖို့ လိုအပ်တဲ့ နည်းပြ အရည်အသွေး မှတ်တမ်းမှတ်ရာ ရှိခဲ့တယ်။

ကလော့ပ် သွားခဲ့တဲ့ ခရီးလမ်းက ရှည်ကြာညောင်းခဲ့ပြီး ဗိုလ်လုပွဲတွေလဲ ရှုံးခဲ့ဖူးတယ်။ ဒါပေမယ့် လီဗာပူးက မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာ အမြဲသိသာခဲ့တယ်။ ကလပ်မှာရှိတဲ့ လူတိုင်းကလဲ နည်းပြအပေါ် ယုံကြည်မှုရှိတယ်ဆိုတာ ထင်ရှားတယ်။

ချယ်ဆီးက သူတို့ရဲ့ နောက်ကွယ်က တည်ဆောက်မှုတွေအပေါ် ယုံကြည်တယ်။ သူတို့မှာ သိပ်ကောင်းတဲ့ အကယ်ဒမီရှိပြီးတော့ အသင်းရဲ့ လူသ စ်ဝယ်တာတွေကလဲ ပိုပြီး အောင်မြင်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် အခုတော့ သူတို့က လမ်းပတ်အပေါ် နားလည်ပေးနိုင်စရာ သံသယတွေ ရှိလာတယ်။

သူတို့က နည်းပြကို အချိန်ပေးချင်ပေမယ့် လက်စတာကို ၂-၀ နဲ့ ရှုံးခဲ့တဲ့ပွဲက စွမ်းဆောင်ရည်မျိုးက သူတို့ကို တွန့်ဆုတ်စေတယ်။ လက်စတာ ကို ရှုံးတာက အရှက်ရစရာတော့ မဟုတ်ဘူး။ သူတို့က အခု ဇယားထိပ်က အသင်းဖြစ်နေတယ်။ ဒါပေမယ့် ထိပ်တန်းအသင်းတွေဆိုရင် အမြဲရှုံးနေတာက ကလပ်အတွက် စိုးရိမ်စရာ ဖြစ်တယ်။

ချယ်ဆီးက ဒီရာသီ ထိပ်သီး၆သင်းထဲမှာ တစ်သင်းမှ အနိုင်မယူနိုင်ခဲ့ဘူး။ ယူနိုက်တက်၊ စပါးတို့နဲ့ ဂိုးမရှိသရေကျ၊ အဲဗာတန်၊ လက်စတာ၊ လီဗာပူးနဲ့ မန်စီးတီးတို့ကို ရှုံးတယ်။ ဒါတွေက ကြည့်လို့ ကောင်းတဲ့ အချက်အလက်တွေ မဟုတ်ဘူး။ ချယ်ဆီးက အဆင့် ၁၀ ရခဲ့တဲ့ ရာသီက လွဲရင် အေဘရာမိုဗစ်ခ်ျ လက်ထက်နောက်ပိုင်း ၁၉ ပွဲအပြီး အနည်းဆုံး ရမှတ်ကို အခု ရခဲ့တယ်။

လမ်းပတ်ကလဲ ၁၉၉၂ မှာ ပရီးမီးယားလိဂ် စတင်ပြီးနောက်ပိုင်း ချယ်ဆီးနည်းပြတွေထဲမှာ အဆိုးဆုံး လိဂ်အဝေးကွင်းမှတ်တမ်းကို ရခဲ့တယ်။
ဒီအဆိုးတွေကြားထဲ့ အကောင်းမြင်စရာတစ်ခုက ချယ်ဆီးက အမှတ်ပေးဇယားထိပ်နဲ့ ၉ မှတ်ပဲကွာနေတာပဲ။ ဒါပေမယ့် သူတို့ရှေ့က ၇ သင်း ထဲမှာ ပွဲကျန်ကစားရမယ့် အသင်းတွေက အများကြီးရှိသေးတယ်။ ချယ်ဆီးက ဒါကို ပြောင်းလဲနိုင်ပေမယ့် နည်းပြသစ်နဲ့မှ ပိုလွယ်ကူနိုင်မှာပါ။

တူချယ်၊ နာဂယ်မန်းစ်၊ ဟက်ဆင်ဟူတယ်၊ မက်စ်အယ်လီဂရီ ဒါမှမဟုတ် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ်တို့က နည်းပြသစ် အလောင်းလျာတွေ ဖြစ်ပြီး တချို့ကတော့ စတန်းဖို့ဒ်ဘရစ်ခ်ျ နည်းပြနေ ရာအတွက် ချိန်ရွယ်နေပြီးသား ဖြစ်ပါတယ်။

လမ်းပတ်က ချယ်ဆီးအတွက် အမြဲတမ်း ဂန္တဝင်တစ်ယောက် ဖြစ်နေမှာပါ။ ဒါပေမယ့် သူက ဒီထက်ပိုပြီး အကြာကြီးတော့ နည်းပြ မဖြစ်နေနိုင်ပါဘူး လို့ Goal က ဖော်ပြထားခဲ့ပါတယ်။

Zawgyi – လမ္းပတ္ဟာ ခ်ယ္ဆီးရဲ႕ ျပင္းထန္တဲ့ က်ဆင္းမႈအေပၚ ရွင္းျပႏိုင္ခဲ့ေပမယ့္ ဒါကို ရပ္တန္႔ေအာင္ လုပ္ဖို႔ေတာ့ မတတ္ႏိုင္ဘူး ဆိုတာ သက္ေသျပေနတယ္လို႔ အဂၤလန္ နာမည္ၾကီး Goal သတင္းဌာနက ေအာက္ပါအတိုင္း သံုးသပ္ ေဖာ္ျပသြားပါတယ္။

လမ္းပတ္ က ကလပ္ရဲ႕ ဂႏၲဝင္ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သူက စတန္းဖို႔ဒ္ဘရစ္ခ္်ထံကို ေအာင္ျမင္မႈေတြ ျပန္ယူလာေပးမယ့္သူ ဆိုတာ ႐ိုမန္ ေအဘရာမိုဗစ္ခ္် ယုံၾကည္ေအာင္ လုပ္ဖို႔အတြက္ အနည္းဆုံးေတာ့ သူ႔ရဲ႕ ခ်ယ္ဆီးအသင္းက ဒီရာသီမွာ တိုးတက္မႈ အရိပ္အေယာင္ေတြကို ျပသဖို႔ လိုအပ္ခဲ့တာပါ။

ခ်ယ္ဆီးလို ဂုဏ္သိကၡာႀကီးမားတဲ့ အသင္းအတြက္ ဒါက ခက္ခဲတဲ့ ေတာင္းဆိုမႈမဟုတ္ခဲ့ပါဘူး။ နည္းျပက ကမာၻ႔အေကာင္းဆုံး အကယ္ဒမီနဲ႔ အလုပ္လုပ္ရၿပီးေတာ့ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာလဲ ေပါင္သန္း၂၂၀ သုံးကာ တီမိုဗာနာ၊ ကိုင္ဟားဗတ္၊ ဟာကင္ဇီယက္ခ္်တို႔လို ကစားသမားေတြကို ေခၚယူခြင့္ရခဲ့တယ္။

လမ္းပတ္အတြက္ ဒီအသုံးစရိတ္ဟာ လူဝယ္ခြင့္ ပိတ္ခံထားရတဲ့ ၂၀၁၉-၂၀၂၀ ရာသီမွာခ်န္ပီယံလိဂ္ဝင္ခြင့္ ရေစခဲ့တဲ့အတြက္ ဆုလာဘ္ ျဖစ္ခဲ့ေပမယ့္ အခုေတာ့ သူဟာ ဖိအားေတြနဲ႔လူ ျဖစ္ေနပါၿပီ။ သူက ဒီအလုပ္မွာ ၁၈လပဲ ရွိေသးတယ္ဆိုေပမယ့္ သူ႔ရဲ႕ ေလလုံးေတြက ေနာက္ပိုင္းမွာ ဒရာမာ ဆန္ဆန္ ေျပာင္းလဲသြားခဲ့တယ္။

လမ္းပတ္ က စိတ္ရွည္ရွည္ထားဖို႔ပဲ ေျပာေနၿပီးေတာ့ ပရိသတ္ေတြကို သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ျပန္ျပင္ဆင္ထားဖို႔ ေတာင္းဆိုေနပါတယ္။ ခ်ယ္ဆီး တို႔ အဓိက ဆုဖလားေတြအတြက္ စတင္စိန္ေခၚႏိုင္မယ့္ေန႔ဟာ လမ္းပတ္စကားေျပာတဲ့အခ်ိန္တိုင္း တျဖည္းျဖည္း ပိုပိုေဝးသြားတယ္။
ဒါေပမယ့္ ဒီလိုေျပာတာေတြက ခ်ယ္ဆီးမွာ အဆင္ေျပေစမွာမဟုတ္ပါဘူး။ နည္းျပ အနည္းသာ ေအာင္ျမင္မႈရဖို႔ႏွစ္ႏွစ္ေက်ာ္ အခ်ိန္ယူခဲ့ရတယ္။

ယာဂန္ကေလာ့က လီဗာပူးမွာ အခ်ိန္မ်ားႀကီး ရခဲ့ၿပီးေတာ့ က်ရႈံးေနတဲ့ ထိပ္တန္းအသင္းကို အဆင့္ျမႇင့္တင္ေပးဖို႔ ေသခ်ာ အစီအစဥ္ဆြဲခဲ့တယ္။
ဂ်ာမန္သားဟာ ၎ရဲ႕ ေလးရာသီေျမာက္မွာ ဆုဖလား မေအာင္ျမင္ခင္ အဆင့္၈၊ အဆင့္ ၄ နဲ႔ အဆင့္ ၄ ပဲ ထပ္ရခဲ့တာပါ။ ဒါေပမယ့္ ကေလာ့ပ္က သူ႔ရဲ အလုပ္ရွင္ေတြဆီက ယုံၾကည္မႈရဖို႔ လိုအပ္တဲ့ နည္းျပ အရည္အေသြး မွတ္တမ္းမွတ္ရာ ရွိခဲ့တယ္။

ကေလာ့ပ္ သြားခဲ့တဲ့ ခရီးလမ္းက ရွည္ၾကာေညာင္းခဲ့ၿပီး ဗိုလ္လုပြဲေတြလဲ ရႈံးခဲ့ဖူးတယ္။ ဒါေပမယ့္ လီဗာပူးက မွန္ကန္တဲ့ လမ္းေၾကာင္းကို ဦးတည္ေနတယ္ဆိုတာ အၿမဲသိသာခဲ့တယ္။ ကလပ္မွာရွိတဲ့ လူတိုင္းကလဲ နည္းျပအေပၚ ယုံၾကည္မႈရွိတယ္ဆိုတာ ထင္ရွားတယ္။

ခ်ယ္ဆီးက သူတို႔ရဲ႕ ေနာက္ကြယ္က တည္ေဆာက္မႈေတြအေပၚ ယုံၾကည္တယ္။ သူတို႔မွာ သိပ္ေကာင္းတဲ့ အကယ္ဒမီရွိၿပီးေတာ့ အသင္းရဲ႕ လူသ စ္ဝယ္တာေတြကလဲ ပိုၿပီး ေအာင္ျမင္တယ္ဆိုတာ သိတယ္။ ဒါေပမယ့္ အခုေတာ့ သူတို႔က လမ္းပတ္အေပၚ နားလည္ေပးႏိုင္စရာ သံသယေတြ ရွိလာတယ္။

သူတို႔က နည္းျပကို အခ်ိန္ေပးခ်င္ေပမယ့္ လက္စတာကို ၂-၀ နဲ႔ ရႈံးခဲ့တဲ့ပြဲက စြမ္းေဆာင္ရည္မ်ိဳးက သူတို႔ကို တြန္႔ဆုတ္ေစတယ္။ လက္စတာ ကို ရႈံးတာက အရွက္ရစရာေတာ့ မဟုတ္ဘူး။ သူတို႔က အခု ဇယားထိပ္က အသင္းျဖစ္ေနတယ္။ ဒါေပမယ့္ ထိပ္တန္းအသင္းေတြဆိုရင္ အၿမဲရႈံးေနတာက ကလပ္အတြက္ စိုးရိမ္စရာ ျဖစ္တယ္။

ခ်ယ္ဆီးက ဒီရာသီ ထိပ္သီး၆သင္းထဲမွာ တစ္သင္းမွ အႏိုင္မယူႏိုင္ခဲ့ဘူး။ ယူႏိုက္တက္၊ စပါးတို႔နဲ႔ ဂိုးမရွိသေရက်၊ အဲဗာတန္၊ လက္စတာ၊ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို ရႈံးတယ္။ ဒါေတြက ၾကည့္လို႔ ေကာင္းတဲ့ အခ်က္အလက္ေတြ မဟုတ္ဘူး။ ခ်ယ္ဆီးက အဆင့္ ၁၀ ရခဲ့တဲ့ ရာသီက လြဲရင္ ေအဘရာမိုဗစ္ခ္် လက္ထက္ေနာက္ပိုင္း ၁၉ ပြဲအၿပီး အနည္းဆုံး ရမွတ္ကို အခု ရခဲ့တယ္။

လမ္းပတ္ကလဲ ၁၉၉၂ မွာ ပရီးမီးယားလိဂ္ စတင္ၿပီးေနာက္ပိုင္း ခ်ယ္ဆီးနည္းျပေတြထဲမွာ အဆိုးဆုံး လိဂ္အေဝးကြင္းမွတ္တမ္းကို ရခဲ့တယ္။
ဒီအဆိုးေတြၾကားထဲ့ အေကာင္းျမင္စရာတစ္ခုက ခ်ယ္ဆီးက အမွတ္ေပးဇယားထိပ္နဲ႔ ၉ မွတ္ပဲကြာေနတာပဲ။ ဒါေပမယ့္ သူတို႔ေရွ႕က ၇ သင္း ထဲမွာ ပြဲက်န္ကစားရမယ့္ အသင္းေတြက အမ်ားႀကီးရွိေသးတယ္။ ခ်ယ္ဆီးက ဒါကို ေျပာင္းလဲႏိုင္ေပမယ့္ နည္းျပသစ္နဲ႔မွ ပိုလြယ္ကူႏိုင္မွာပါ။

တူခ်ယ္၊ နာဂယ္မန္းစ္၊ ဟက္ဆင္ဟူတယ္၊ မက္စ္အယ္လီဂရီ ဒါမွမဟုတ္ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ္တို႔က နည္းျပသစ္ အေလာင္းလ်ာေတြ ျဖစ္ၿပီး တခ်ိဳ႕ကေတာ့ စတန္းဖို႔ဒ္ဘရစ္ခ္် နည္းျပေန ရာအတြက္ ခ်ိန္႐ြယ္ေနၿပီးသား ျဖစ္ပါတယ္။

လမ္းပတ္က ခ်ယ္ဆီးအတြက္ အၿမဲတမ္း ဂႏၲဝင္တစ္ေယာက္ ျဖစ္ေနမွာပါ။ ဒါေပမယ့္ သူက ဒီထက္ပိုၿပီး အၾကာႀကီးေတာ့ နည္းျပ မျဖစ္ေနႏိုင္ပါဘူး လို႔ Goal က ေဖာ္ျပထားခဲ့ပါတယ္။