မော်ရင်ညို လုပ်ကွက်တွေကို ယူနိုက်တက်မှာ သူ ပြောင်းပြန်လှန်ပစ်ခဲ့ကြောင်း ပြောလာတဲ့ ဆိုးရှား

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက သူဟာ မန်နေဂျာဟောင်း မော်ရင်ညိုလို လူမြင်ကွင်းမှာ ဝေဖန်မှုတွေဖြင့် ကစားသမားတွေကို သွေးထိုးပေးခြင်းထက် တစ်ဦးချင်း ဆွေးနွေးမှုတွေကို ပိုမို နှစ်သက်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မော်ရင်ညိုက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ လုရှော၊ မာရှယ်တို့ကို လူရှေ့မှာ ယေဖန်မှုတွေနဲ့တကွ ကစားသမားတွေအပေါ် စိန်ခေါ်မှုတွေ လုပ်ဆောင်လေ့ ရှိတာပါ။ ဆိုးရှားကတော့ တစ်ီးချင်း သီးသန့် တွေ့ဆုံမှုတွေဖြင့်ပဲ ကစားသမားတွေထံက အကောင်းဆုံးတွေကို ဖော်ထုတ်လိုမှုကို အားသန်သူဖြစ်တယ်။

အရင်မန်နေဂျာနဲ့ ခြားနားတဲ့ အုပ်ချုပ်မှုတွေ လုပ်နေကြောင်းကို ဆိုးရှားက “ ပုဂ္ဂိုလ်ရေးအရ အသင်းသားတွေနဲ့ စကားပြောရတာကို ကျနော် ကြိုက်ပါတယ်။ သူတို့နဲ့ တစ်ဦးချင်း စကားပြောရတာကို သဘောကျတယ်။ အဲ့လိုဆိုရင် လူတိုင်းရဲ့ တစ်ဦးချင်းနဲ့ သူတို့က ဘယ်လိုလူတွေလဲဆိုတာကို မြင်နိုင်တယ်။ ကျနော်ရဲ့ အချိန် အတော်များများကို အသင်းသားတွေနဲ့ တစ်ဦးချင်း စကားပြောမှုတွေနဲ့ ကုန်ဆုံးပါတယ်။

အခန်းထဲကနေ ထွက်လာတိုင်းမှာ အချင်းချင်းအတွက် သက်ရောက်မှုရှိဖို့ အမြဲတမ်း ကြိုးစားပါတယ်။ ကောင်းမွန်တဲ့ ခံစားချက် အပြုံးမျက်နှာတွေနဲ့ ထွက်လာနိုင်ဖို့ ကြိုးစားတယ်။ တစ်ဦးချင်း စကားပြောရတာတွေကို ကျနော် ပျော်ရွှင်ပြီး အဲ့တာက အရေးပါတယ်လို့ ထင်မိတယ်။

ကျနော် ကစားသမားဘဝတုန်းက မန်နေဂျာတွေ နည်းပြတွေနဲ့ ဆက်ဆံရတဲ့ အချိန်တွေကို သတိရမိတယ်။ သူတို့က ကျနေ်ာရဲ့ အားလုံး၊ မိသားစုဝင်တွေအကြောင်း ကိစ္စတွေ အားလုံးကို သိနားလည်တာက ကျနော်ရဲ့ ကစားဟန်အတွက် အရမ်းကို သက်ရောက်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ရုန်းကန်ရမှုတွေ ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ တိုးတက်မှုတွေ ပြသလာနေပါတယ်။ အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နိုင်ခဲ့ပြီး မန်စီးတီး၊ လီဗာပူးတို့ကို ယှဉ်ပြိုင်မယ့် အသင်းအဖြစ် ပေါ်ထွက်လာနေခဲ့တယ်။

ယူနိုက်တက်မန်နေဂျာကပဲ “ အားလုံးက အောင်မြင်မှုတွေရဖို့ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတာနဲ့ တည်ငြိမ်ဖို့ လိုတယ်ဆိုတာ နားလည်ပါတယ်။ ကျနော်ကလည်း သိပ်ကောင်းတဲ့ အားပေးထောက်ခံမှုနဲ့ ခေါင်းဆောင်မှုတွေကို ကလပ်ထံက ရနေတယ်လို့ ခံစားရတယ်။ ဒီခရီးမှာ ကျနေ်ာတို့က အနိမ့်အမြင်တွေကို ရင်ဆိုင်ခဲ့ရတာ ရှင်းပါတယ်။

ကျနေ်ာတို့က ကာလရှည် အမြင်တွေ အမြဲတမ်း ရှိပါတယ်။ အဲ့တာက ကလပ်အပေါ်ပဲ မူတည်တယ် သူတို့က ကလပ်ကို မောင်းနှင်နေသူတွေလေ။ ဒါပေမယ့် တစ်ခါတလေမှာ တည်ငြိမ်မှုနဲ့ စိတ်ရှည်မှုက ရလဒ်ကောင်းတွေ ခံစားရစေပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက သူဟာ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳလို လူျမင္ကြင္းမွာ ေဝဖန္မႈေတြျဖင့္ ကစားသမားေတြကို ေသြးထိုးေပးျခင္းထက္ တစ္ဦးခ်င္း ေဆြးေႏြးမႈေတြကို ပိုမို ႏွစ္သက္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ေမာ္ရင္ညိဳက အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ေပါ့ဘာ၊ လုေရွာ၊ မာရွယ္တို႔ကို လူေရွ႔မွာ ေယဖန္မႈေတြနဲ႔တကြ ကစားသမားေတြအေပၚ စိန္ေခၚမႈေတြ လုပ္ေဆာင္ေလ့ ရွိတာပါ။ ဆိုးရွားကေတာ့ တစ္ီးခ်င္း သီးသန္႔ ေတြ႔ဆံုမႈေတြျဖင့္ပဲ ကစားသမားေတြထံက အေကာင္းဆံုးေတြကို ေဖာ္ထုတ္လိုမႈကို အားသန္သူျဖစ္တယ္။

အရင္မန္ေနဂ်ာနဲ႔ ျခားနားတဲ့ အုပ္ခ်ဳပ္မႈေတြ လုပ္ေနေၾကာင္းကို ဆိုးရွားက “ ပုဂၢိဳလ္ေရးအရ အသင္းသားေတြနဲ႔ စကားေျပာရတာကို က်ေနာ္ ၾကိဳက္ပါတယ္။ သူတို႔နဲ႔ တစ္ဦးခ်င္း စကားေျပာရတာကို သေဘာက်တယ္။ အဲ့လိုဆိုရင္ လူတိုင္းရဲ႕ တစ္ဦးခ်င္းနဲ႔ သူတို႔က ဘယ္လိုလူေတြလဲဆိုတာကို ျမင္ႏုိင္တယ္။ က်ေနာ္ရဲ႕ အခ်ိန္ အေတာ္မ်ားမ်ားကို အသင္းသားေတြနဲ႔ တစ္ဦးခ်င္း စကားေျပာမႈေတြနဲ႔ ကုန္ဆံုးပါတယ္။

အခန္းထဲကေန ထြက္လာတိုင္းမွာ အခ်င္းခ်င္းအတြက္ သက္ေရာက္မႈရွိဖို႔ အျမဲတမ္း ၾကိဳးစားပါတယ္။ ေကာင္းမြန္တဲ့ ခံစားခ်က္ အျပံဳးမ်က္ႏွာေတြနဲ႔ ထြက္လာႏုိင္ဖို႔ ၾကိဳးစားတယ္။ တစ္ဦးခ်င္း စကားေျပာရတာေတြကို က်ေနာ္ ေပ်ာ္ရႊင္ျပီး အဲ့တာက အေရးပါတယ္လို႔ ထင္မိတယ္။

က်ေနာ္ ကစားသမားဘဝတုန္းက မန္ေနဂ်ာေတြ နည္းျပေတြနဲ႔ ဆက္ဆံရတဲ့ အခ်ိန္ေတြကို သတိရမိတယ္။ သူတို႔က က်ေန္ာရဲ႕ အားလံုး၊ မိသားစုဝင္ေတြအေၾကာင္း ကိစၥေတြ အားလံုးကို သိနားလည္တာက က်ေနာ္ရဲ႕ ကစားဟန္အတြက္ အရမ္းကို သက္ေရာက္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ ျပီးခဲ့တဲ့ ရာသီေတြမွာ ရုန္းကန္ရမႈေတြ ရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ တိုးတက္မႈေတြ ျပသလာေနပါတယ္။ အမွတ္ေပးဇယားထိပ္ကို ဦးေဆာင္ႏုိင္ခဲ့ျပီး မန္စီးတီး၊ လီဗာပူးတို႔ကို ယွဥ္ျပိဳင္မယ့္ အသင္းအျဖစ္ ေပၚထြက္လာေနခဲ့တယ္။

ယူႏုိက္တက္မန္ေနဂ်ာကပဲ “ အားလံုးက ေအာင္ျမင္မႈေတြရဖို႔ ဆက္လက္ လုပ္ေဆာင္ရမယ္ဆိုတာနဲ႔ တည္ျငိမ္ဖို႔ လိုတယ္ဆိုတာ နားလည္ပါတယ္။ က်ေနာ္ကလည္း သိပ္ေကာင္းတဲ့ အားေပးေထာက္ခံမႈနဲ႔ ေခါင္းေဆာင္မႈေတြကို ကလပ္ထံက ရေနတယ္လို႔ ခံစားရတယ္။ ဒီခရီးမွာ က်ေန္ာတို႔က အနိမ့္အျမင္ေတြကို ရင္ဆိုင္ခဲ့ရတာ ရွင္းပါတယ္။

က်ေန္ာတို႔က ကာလရွည္ အျမင္ေတြ အျမဲတမ္း ရွိပါတယ္။ အဲ့တာက ကလပ္အေပၚပဲ မူတည္တယ္ သူတို႔က ကလပ္ကို ေမာင္းႏွင္ေနသူေတြေလ။ ဒါေပမယ့္ တစ္ခါတေလမွာ တည္ျငိမ္မႈနဲ႔ စိတ္ရွည္မႈက ရလဒ္ေကာင္းေတြ ခံစားရေစပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။