ဆယ်စုနှစ်ရဲ့ အကောင်းဆုံး မန်နေဂျာစာရင်းမှာ ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ (၂) နဲ့ (၃) မှာပဲရှိနေ

ဆယ်စုနှစ်ရဲ့ အကောင်းဆုံး မန်နေဂျာတွေအဖြစ် နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ အချက်အလက်ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ (IFFHS) က ရွေးချယ်ပေးမှုတွေ လုပ်သွားခဲ့ပြီဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း စွမ်းဆောင်နိုင်ခဲ့မှုတွေအရ ထိပ်ဆုံးကို ရောက်လာတာက နာမည်ကျော် မန်နေဂျာတွေဖြစ်တဲ့ ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ မဟုတ်ဘဲ လာလီဂါကလပ် အက်သလက်တီကိုအသင်း မန်နေဂျာ ဆီမြွန်နီပဲ ဖြစ်ပါတယ်။ ဆီမြွန်နီဟာ ထိပ်ဆုံးနေရာအတွက် နာမည်ကြီး ပြိုင်ဘက်တွေဖြစ်တဲ့ မော်ရင်ညိုနဲ့ ဇီဒန်းကိုလည်း ကျော်ဖြတ်နိုင်ခဲ့တယ်။

ဆီမြွန်နီဟာ သူ့ရဲ့ မန်နေဂျာဘဝမှာ လာလီဂါဖလား တစ်ကိမ်ပဲ အနိုင်ရခဲ့ပေမယ့် ကိုပါဒယ်ရေးဖလား (၁) ကြိမ်၊ စူပါဖလား (၁) ကြိမ်၊ ယူရိုပါလိဂ်ဖလား (၂) ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား (၂) ကြိမ်နဲ့ ချန်ပီယံလိဂ် ဒုတိယဆုနေရာ (၂) ကြိမ်တို့ကို အောင်မြင်ခဲ့သူဖြစ်တယ်။

အဓိကအားဖြင့် မက်ဒရစ် အခြေစိုက် ကလပ်အသင်းကို လာလီဂါမှာတင် မကဘဲ ဥရောပရဲ့ အင်အားကြီး ကလပ်ဖြစ်လာဖို့ ဆီမြွန်နီက ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်တယ်။ ၂၀၁၁ ကနေ ၂၀၂၀ ခုနှစ်ထိ ၁၀ နှစ်အတွင်း စွမ်းဆောင်ရည်မှာ ဆီမြွန်နီကို အဓိက ဖိအားပေးနိုင်ခဲ့တာက ဂွာဒီယိုလာနဲ့ ယာဂင်ကလာ့ပ်တို့ပဲ ဖြစ်ပါတယ်။

ဆယ်စုနှစ်ရဲ့ အကောင်းဆုံး မန်နေဂျာဆုကိုတော့ ဆုဖလား အောင်မြင်မှုပေါ် အခြေခံပြီး IFFHS က ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အဆိုပါအဖွဲ့ရဲ့ အမှတ်ပေးမှု စနစ်မှာ ဆီမြွန်နီက ရလဒ်ကောင်းတွေ ရခဲ့ခြင်းကြောင့် အခုလို ထိပ်ဆုံးမှာ ရှိနေခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ်ဖလား အကြိမ်အများဆုံး အနိုင်ရထားတဲ့ ဇီဒန်းကတော့ နံပတ် (၇) နေရာမှာပဲ ရှိနေခဲ့ကာ ထူးထူးခြားခြားအဖြစ် အာဆင်နယ်ကနေ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ အမ်မရီက နံပါတ် (၆) နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ဆယ္စုႏွစ္ရဲ႕ အေကာင္းဆံုး မန္ေနဂ်ာေတြအျဖစ္ ႏုိင္ငံတကာ ေဘာလံုးသမိုင္းနဲ႔ အခ်က္အလက္ဆိုင္ရာ အဖြဲ႔ျဖစ္တဲ့ (IFFHS) က ေရြးခ်ယ္ေပးမႈေတြ လုပ္သြားခဲ့ျပီျဖစ္ပါတယ္။

ကုန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း စြမ္းေဆာင္ႏုိင္ခဲ့မႈေတြအရ ထိပ္ဆံုးကို ေရာက္လာတာက နာမည္ေက်ာ္ မန္ေနဂ်ာေတြျဖစ္တဲ့ ဂြာဒီယိုလာနဲ႔ ကေလာ့ပ္တို႔ မဟုတ္ဘဲ လာလီဂါကလပ္ အက္သလက္တီကိုအသင္း မန္ေနဂ်ာ ဆီျမြန္နီပဲ ျဖစ္ပါတယ္။ ဆီျမြန္နီဟာ ထိပ္ဆံုးေနရာအတြက္ နာမည္ၾကီး ျပိဳင္ဘက္ေတြျဖစ္တဲ့ ေမာ္ရင္ညိဳနဲ႔ ဇီဒန္းကိုလည္း ေက်ာ္ျဖတ္ႏုိင္ခဲ့တယ္။

ဆီျမြန္နီဟာ သူ႔ရဲ႕ မန္ေနဂ်ာဘဝမွာ လာလီဂါဖလား တစ္ကိမ္ပဲ အႏုိင္ရခဲ့ေပမယ့္ ကိုပါဒယ္ေရးဖလား (၁) ၾကိမ္၊ စူပါဖလား (၁) ၾကိမ္၊ ယူရိုပါလိဂ္ဖလား (၂) ၾကိမ္၊ ယူအီးအက္ဖ္ေအ စူပါဖလား (၂) ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ ဒုတိယဆုေနရာ (၂) ၾကိမ္တို႔ကို ေအာင္ျမင္ခဲ့သူျဖစ္တယ္။

အဓိကအားျဖင့္ မက္ဒရစ္ အေျခစိုက္ ကလပ္အသင္းကို လာလီဂါမွာတင္ မကဘဲ ဥေရာပရဲ႕ အင္အားၾကီး ကလပ္ျဖစ္လာဖို႔ ဆီျမြန္နီက ဦးေဆာင္ေပးႏုိင္ခဲ့တာျဖစ္တယ္။ ၂၀၁၁ ကေန ၂၀၂၀ ခုႏွစ္ထိ ၁၀ ႏွစ္အတြင္း စြမ္းေဆာင္ရည္မွာ ဆီျမြန္နီကို အဓိက ဖိအားေပးႏုိင္ခဲ့တာက ဂြာဒီယိုလာနဲ႔ ယာဂင္ကလာ့ပ္တို႔ပဲ ျဖစ္ပါတယ္။

ဆယ္စုႏွစ္ရဲ႕ အေကာင္းဆံုး မန္ေနဂ်ာဆုကိုေတာ့ ဆုဖလား ေအာင္ျမင္မႈေပၚ အေျခခံျပီး IFFHS က ေရြးခ်ယ္ခဲ့တာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ အဆိုပါအဖြဲ႔ရဲ႕ အမွတ္ေပးမႈ စနစ္မွာ ဆီျမြန္နီက ရလဒ္ေကာင္းေတြ ရခဲ့ျခင္းေၾကာင့္ အခုလို ထိပ္ဆံုးမွာ ရွိေနခဲ့တာျဖစ္တယ္။

ခ်န္ပီယံလိဂ္ဖလား အၾကိမ္အမ်ားဆံုး အႏုိင္ရထားတဲ့ ဇီဒန္းကေတာ့ နံပတ္ (၇) ေနရာမွာပဲ ရွိေနခဲ့ကာ ထူးထူးျခားျခားအျဖစ္ အာဆင္နယ္ကေန ရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ အမ္မရီက နံပါတ္ (၆) ေနရာမွာ ရွိေနခဲ့တာ ျဖစ္ပါတယ္။