အားလုံး ရင်သပ်ရှှုမော ဖြစ်ရမယ့် ပွဲ လီဗာပူးနဲ့ ကစားပြမယ် ဆိုတဲ့ ယူနိုက်တက်ကြယ်ပွင့် ပေါ့ဘာ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာကတော့ လာမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ ပွဲဟာ တကယ့် ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်ပြီး ယူနိုက်တက်ကတော့ စိန်ခေါ်မှုအတွက် အသင့် ဖြစ်နေပြီလို့ ဘန်လေနဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပေါ့ဘာဟာ ဘန်လေဘက် ဂိုးသွင်းယူခဲ့ပြီး ယူနိုက်တက်ကို ဇယားထိပ် ဆွဲခေါ်ပေးခဲ့ပါတယ်။

ပြင်သစ်သားဟာ ဘန်လေနဲ့ ပွဲပြီးတာနဲ့ နောက်ထပ် တစ်ပွဲ ဖြစ်တဲ့ လီဗာပူးနဲ့ ပွဲ အတွက် စိတ်အားထက်သန်နေပြီ ဖြစ်ပြီး ယူနိုက်တက်ဟာ အန်းဖီးမသွားခင် အမှတ်ပေးဇယား ထိပ် သို့ တက်ရောက်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်းမှာ ဒီနှစ်ကာသာ နယူးရီးယား ကာလအပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာ ပထမဆုံး အကြိမ် ပြန် တက်လှမ်းနိုင်ခဲ့တာပါ။ ပေါ့ဘာကတော့ ဒီ အခြေအေနကနေ အခွင့်ကောင်းယူကာ လက်ရှိ ချန်ပီယံ လီဗာပူးထက် အသာစီးယူဖို့ စိတ်အားထက်သန်နေပါတယ်။

” (လာမယ့် ဆန်းဒေး) လီဗာပူူးနဲ့ ပွဲက လူတိုင်းအတွက် ရင်သပ်ရှုမော ဖြစ်ရမယ့် လှပတဲ့ ပွဲတစ်ပွဲ ဖြစ်မှာပါ။ တကယ့် ပွဲကြီး ပွဲကောင်း တစ်ပွဲ လာတော့မှာ ဖြစ်လို့ ဒီအတွက် အသင့်ပြင်ကြပါစို့။ ဘန်လေနဲ့ ပွဲနိုင်ရင် လီဗာပူးနဲ့ သွားမတွေ့ခင် ကျနေ်ာတို့ ဇယားထိပ် ရောက်မယ် ဆိုတာ ကြိုသိခဲ့တယ်။ ကျနေ်ာတို့ စိတ်အေးအေးထားဖို့သာ လိုပါတယ်။ အခုက အခြေအနေကောင်း ဖြစ်နေပြီ ဘာတွေ ဆက်ဖြစ်လာမလဲ ကြည့်ကြရမှာပါ။ ” လို့ ပေါ့ဘာက ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နိုဝင်ဘာလ အစက အမှတ်ပေးဇယား အဆင့် ၁၅ မှာသာ ရှိခဲ့ရာကနေ အခုလို တက်လာခဲ့ပြီး လက်ရှိ ချန်ပီယံ လီဗာပူးကိုပါ ကျော်ဖြတ်ကာ အဆင့် ၁ နေရာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာကေတာ့ လာမယ့္ တနဂၤေႏြေန႔ လီဗာပူးနဲ႕ ပြဲဟာ တကယ့္ ပြဲၾကီးပြဲေကာင္း တစ္ပြဲ ျဖစ္ျပီး ယူနိုက္တက္ကေတာ့ စိန္ေခၚမႈအတြက္ အသင့္ ျဖစ္ေနျပီလို႔ ဘန္ေလနဲ႕ ပြဲအျပီးမွာ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ေပါ့ဘာဟာ ဘန္ေလဘက္ ဂိုးသြင္းယူခဲ့ျပီး ယူနိုက္တက္ကို ဇယားထိပ္ ဆြဲေခၚေပးခဲ့ပါတယ္။

ျပင္သစ္သားဟာ ဘန္ေလနဲ႕ ပြဲျပီးတာနဲ႕ ေနာက္ထပ္ တစ္ပြဲ ျဖစ္တဲ့ လီဗာပူးနဲ႕ ပြဲ အတြက္ စိတ္အားထက္သန္ေနျပီ ျဖစ္ျပီး ယူနိုက္တက္ဟာ အန္းဖီးမသြားခင္ အမွတ္ေပးဇယား ထိပ္ သို႔ တက္ေရာက္ထားခဲ့ျပီလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆာအဲလက္စ္ ဖာဂူဆန္ ေနာက္ပိုင္းမွာ ဒီနွစ္ကာသာ နယူးရီးယား ကာလအျပီး အမွတ္ေပးဇယား အဆင့္ ၁ ေနရာ ပထမဆံုး အၾကိမ္ ျပန္ တက္လွမ္းနိုင္ခဲ့တာပါ။ ေပါ့ဘာကေတာ့ ဒီ အေျခေအနကေန အခြင့္ေကာင္းယူကာ လက္ရွိ ခ်န္ပီယံ လီဗာပူးထက္ အသာစီးယူဖို႔ စိတ္အားထက္သန္ေနပါတယ္။

” (လာမယ့္ ဆန္းေဒး) လီဗာပူူးနဲ႕ ပြဲက လူတိုင္းအတြက္ ရင္သပ္ရႈေမာ ျဖစ္ရမယ့္ လွပတဲ့ ပြဲတစ္ပြဲ ျဖစ္မွာပါ။ တကယ့္ ပြဲၾကီး ပြဲေကာင္း တစ္ပြဲ လာေတာ့မွာ ျဖစ္လို႔ ဒီအတြက္ အသင့္ျပင္ၾကပါစို႔။ ဘန္ေလနဲ႕ ပြဲနုိင္ရင္ လီဗာပူးနဲ႕ သြားမေတြ႔ခင္ က်ေန္ာတို႔ ဇယားထိပ္ ေရာက္မယ္ ဆိုတာ ၾကိဳသိခဲ့တယ္။ က်ေန္ာတို႔ စိတ္ေအးေအးထားဖို႔သာ လိုပါတယ္။ အခုက အေျခအေနေကာင္း ျဖစ္ေနျပီ ဘာေတြ ဆက္ျဖစ္လာမလဲ ၾကည့္ၾကရမွာပါ။ ” လုိ႔ ေပါ့ဘာက ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ နို၀င္ဘာလ အစက အမွတ္ေပးဇယား အဆင့္ ၁၅ မွာသာ ရွိခဲ့ရာကေန အခုလို တက္လာခဲ့ျပီး လက္ရွိ ခ်န္ပီယံ လီဗာပူးကိုပါ ေက်ာ္ျဖတ္ကာ အဆင့္ ၁ ေနရာ သိမ္းပိုက္ခဲ့တာ ျဖစ္ပါတယ္။