အဂွယ်ရိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးစားမယ့် ဥရောပထိပ်သီး (၂) သင်း

ဘာစီလိုနာက ဒီရာသီကုန်မှာ မန်စီးတီးတိုက်စစ်မှူး အဂွယ်ရိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် အာဂျင်တီးနားသားကို အပြိုင်ကြိုးစားမယ့် ထိပ်သီး ကလပ်က (၂) သင်း ဖြစ်လာခဲ့ပါပြီ။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်မှာ တောက်ပခဲ့ဖူးသူဖြစ်တယ်။ သူဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ့် အလားအလာ မရှိသေးတာကြောင့် ဒီနွေမှာ အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းထံ အလွတ်ဖြင့် ထွက်ခွာသွားမယ့် အနေအထားမှာ ရှိနေပါတယ်။

လူးဝစ် ဆွာရက်စ်နဲ့ လမ်းခွဲခဲ့တဲ့ ဘာစီလိုနာဟာ တိုက်စစ်သမား တစ်ဦးကို ခေါ်ယူလိုနေဆဲဖြစ်ပြီး မက်ဆီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားတဲ့ အဂွယ်ရိုကို ပြိုင်ဘက်တွေထက် လက်ဦးမှု ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ အဂွယ်ရိုကို နောက်ထပ် စိတ်ဝင်စားနေတဲ့ ကလပ်ကတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီဖြစ်တယ်။

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ အဂွယ်ရိုဟာ ဒီရာသီမှာ ပွဲကစားခွင့်တွေ နည်းပါးနေပါတယ်။ အဂွယ်ရို မပါတဲ့ တိုက်စစ်ဟာ ရာသီစမှာ သွင်းဂိုးအတွက် ရုန်းကန်နေခဲ့ရပေမယ့် ဒီနောက်ပိုင်းမှာတော့ ဂိုးပေါက် ပြန်တွေ့မှုတွေ ရှိလာနေပြီဖြစ်တယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ခံစစ်ပိုင်းကို အဓိက ခေါ်ယူခဲ့ပြီး တိုက်စစ်ဘက်ကို အားပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လို့ လာမယ့် နွေမှာ မန်စီးတီးရဲ့ ဦးတည်းချက်က ထိပ်တန်း ခံစစ်သမား တစ်ဦးကို ခေါ်ယူရေးက အဓိကကျလာမှာဖြစ်တယ်။

ကလပ်ရဲ့ စံချိန်တင် ဂိုးသွင်းရှင်လည်းဖြစ်တဲ့ အဂွယ်ရိုအပေါ် ဂွာဒီယိုလာနဲ့ မန်စီးတီးဘက်က လေးစားမှု ရှိနေပေမယ့် သူ့ကို ထွက်ခွာခွင့်ပေးပြီး ထိပ်တန်း တိုက်စစ်သမား တစ်ဦးကို အင်အားဖြည့်ဖို့ ကြိုးစားသွားဖွယ် ရှိပါတယ်။

မန်စီးတီးဟာ ဒေါ့မွန်အသင်းမှ ဟာလန်းကို သဘောတွေ့နေသလို ပီအက်စ်ဂျီမှ အမ်ဘတ်ပီကိုလည်း စိတ်ဝင်စားတဲ့ သတင်းတွေ ရှိထားပေမယ့် တိုက်စစ်အတွက် တစ်ဦးဦးဖြင့် နာမည်ထွက်နေတာမျိုးတော့ မရှိသေးပါဘူး။

ZAWGYI – ဘာစီလိုနာက ဒီရာသီကုန္မွာ မန္စီးတီးတိုက္စစ္မွဴး အဂြယ္ရိုကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူဖို႔ စိတ္ဝင္စားလာတာေၾကာင့္ အာဂ်င္တီးနားသားကို အျပိဳင္ၾကိဳးစားမယ့္ ထိပ္သီး ကလပ္က (၂) သင္း ျဖစ္လာခဲ့ပါျပီ။

အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ လာလီဂါကလပ္ အက္သလက္တီကို မက္ဒရစ္မွာ ေတာက္ပခဲ့ဖူးသူျဖစ္တယ္။ သူဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ့္ အလားအလာ မရွိေသးတာေၾကာင့္ ဒီေႏြမွာ အဂၤလန္ျပင္ပ ကလပ္တစ္သင္းထံ အလြတ္ျဖင့္ ထြက္ခြာသြားမယ့္ အေနအထားမွာ ရွိေနပါတယ္။

လူးဝစ္ ဆြာရက္စ္နဲ႔ လမ္းခြဲခဲ့တဲ့ ဘာစီလိုနာဟာ တိုက္စစ္သမား တစ္ဦးကို ေခၚယူလိုေနဆဲျဖစ္ျပီး မက္ဆီနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိထားတဲ့ အဂြယ္ရိုကို ျပိဳင္ဘက္ေတြထက္ လက္ဦးမႈ ယူႏုိင္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။ အဂြယ္ရိုကို ေနာက္ထပ္ စိတ္ဝင္စားေနတဲ့ ကလပ္ကေတာ့ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီျဖစ္တယ္။

ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနရတဲ့ အဂြယ္ရိုဟာ ဒီရာသီမွာ ပြဲကစားခြင့္ေတြ နည္းပါးေနပါတယ္။ အဂြယ္ရို မပါတဲ့ တိုက္စစ္ဟာ ရာသီစမွာ သြင္းဂိုးအတြက္ ရုန္းကန္ေနခဲ့ရေပမယ့္ ဒီေနာက္ပိုင္းမွာေတာ့ ဂိုးေပါက္ ျပန္ေတြ႔မႈေတြ ရွိလာေနျပီျဖစ္တယ္။

မန္စီးတီးဟာ ျပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္း ခံစစ္ပိုင္းကို အဓိက ေခၚယူခဲ့ျပီး တိုက္စစ္ဘက္ကို အားျပဳႏုိင္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္လို႔ လာမယ့္ ေႏြမွာ မန္စီးတီးရဲ႕ ဦးတည္းခ်က္က ထိပ္တန္း ခံစစ္သမား တစ္ဦးကို ေခၚယူေရးက အဓိကက်လာမွာျဖစ္တယ္။

ကလပ္ရဲ႕ စံခ်ိန္တင္ ဂိုးသြင္းရွင္လည္းျဖစ္တဲ့ အဂြယ္ရိုအေပၚ ဂြာဒီယိုလာနဲ႔ မန္စီးတီးဘက္က ေလးစားမႈ ရွိေနေပမယ့္ သူ႔ကို ထြက္ခြာခြင့္ေပးျပီး ထိပ္တန္း တိုက္စစ္သမား တစ္ဦးကို အင္အားျဖည့္ဖို႔ ၾကိဳးစားသြားဖြယ္ ရွိပါတယ္။

မန္စီးတီးဟာ ေဒါ့မြန္အသင္းမွ ဟာလန္းကို သေဘာေတြ႔ေနသလို ပီအက္စ္ဂ်ီမွ အမ္ဘတ္ပီကိုလည္း စိတ္ဝင္စားတဲ့ သတင္းေတြ ရွိထားေပမယ့္ တိုက္စစ္အတြက္ တစ္ဦးဦးျဖင့္ နာမည္ထြက္ေနတာမ်ိဳးေတာ့ မရွိေသးပါဘူး။