လီဗာပူးကို အနိုင်ရအပြီး မျက်ရည်ကျခဲ့ရတဲ့ ဟက်ဆန်ဟက်က ‘ လေတိုက်နေလို့ပါ’ တဲ့

ဒန်နီအင့်ရဲ့ သွင်းဂိုးဖြင့် လီဗာပူးကို အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနဲ့ ၄ မှတ်အကွာကို ရောက်လာတဲ့နောက် ဟက်ဆန်ဟက်က အတော်လေး ခံစားခဲ့ရပုံရပါတယ်။

မနှစ်က လက်စတာကို ၉-၀ ဖြင့် အရေးနိမ့်အပြီးမှာ ဆောက်သမ်တန်ကို အကောင်းဆုံး ပုံစံ ပြန်ရအောင် ဟက်ဆန်ဟက်က ဦးဆောင်လာပေးတာပါ။ သူ့အသင်းဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံတွေကို ပြသနေပြီး လီဗာပူးကို အနိုင်ရအပြီးမှာ ကွင်းဘေးအတွင်း ဒူးထောက် ထိုင်ချပြီး မျက်ရည်တွေ ဝဲနေခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီး စကားပြောဆိုချိန်ထိ စိတ်ထိခိုက်နေဆဲဖြစ်တဲ့ ဟက်ဆန်ဟက်က ” ပွဲအပြီးမှာ ကျနော် မျက်ရည်ကျခဲ့တာက လေအရမ်းတိုက်လို့ပါ။ ” လို့ သူ့ရဲ့ ငိုကြွေးမှုကို ဖာထေးစကား ပြောပါတယ်။

ဆက်ပြီးလည်း ” အသင်းသားတွေက သူတို့ အစွမ်းရှိသမျှ ကြိုးစားတိုက်ခိုက်နေတာက ကျနော်ကို အတော်လေး ဂုဏ်ယူရစေပါတယ်။ လီဗာပူးကို ရင်ဆိုင်ကစားဖို့တာက ပြည့်စုံနေတဲ့ ပွဲဖြစ်ဖို့ လိုပါတယ်။ ကျနော်တို့ ဒါကို လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ကျနော်တို့ ဖိအားကြီးကို ရင်ဆိုင်ခဲ့ရပြီး ဧရိယာဘောက်အတွင်းက အရေးပါတဲ့ နေရာတွေမှာ ခုခံမှုတွေ လုပ်ခဲ့၇တယ်။ ဘောလုံးကိုလည်း အကောင်းဆုံး ကြိုးစားပြီး ကစားခဲ့ပါတယ်။ ကောင်းမွန်တဲ့ နည်းလမ်းနဲ့အတူ ကျနေ်ာတို့ လုပ်နိုင်ခဲ့ပါတယ်။

ပြင်းထန်တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ကျနော် အော်ဟစ်ရလွန်းလို့ အသံပါ ပျော်သွားခဲ့ရတယ်။ အသင်းကောင်းတစ်သင်းကို ရင်ဆိုင် အနိုင်ယူဖို့ ကောင်လေးတွေလည်း ပင်ပန်းခဲ့ပါတယ်။ သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့လည်း ယုံကြည်နေကြတယ်။

ပွဲချိန် ၉၂ မိနစ်လောက်မှာတော့ ကျနေ်ာတို့ တစ်ခုခု ရတော့မယ်လို့ ခံစားခဲ့ရတယ်။ သိပ်ပြည့်စုံတဲ့ ညပိုင်းလေး ဖြစ်ခဲ့ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI – ဒန္နီအင့္ရဲ႕ သြင္းဂိုးျဖင့္ လီဗာပူးကို အႏုိင္ယူျပီး အမွတ္ေပးဇယား ထိပ္ဆံုးနဲ႔ ၄ မွတ္အကြာကို ေရာက္လာတဲ့ေနာက္ ဟက္ဆန္ဟက္က အေတာ္ေလး ခံစားခဲ့ရပံုရပါတယ္။

မႏွစ္က လက္စတာကို ၉-၀ ျဖင့္ အေရးနိမ့္အျပီးမွာ ေဆာက္သမ္တန္ကို အေကာင္းဆံုး ပံုစံ ျပန္ရေအာင္ ဟက္ဆန္ဟက္က ဦးေဆာင္လာေပးတာပါ။ သူ႔အသင္းဟာ ဒီရာသီမွာ အေကာင္းဆံုး ပံုစံေတြကို ျပသေနျပီး လီဗာပူးကို အႏုိင္ရအျပီးမွာ ကြင္းေဘးအတြင္း ဒူးေထာက္ ထိုင္ခ်ျပီး မ်က္ရည္ေတြ ဝဲေနခဲ့တာ ျဖစ္ပါတယ္။

ပြဲျပီး စကားေျပာဆိုခ်ိန္ထိ စိတ္ထိခိုက္ေနဆဲျဖစ္တဲ့ ဟက္ဆန္ဟက္က ” ပြဲအျပီးမွာ က်ေနာ္ မ်က္ရည္က်ခဲ့တာက ေလအရမ္းတိုက္လို႔ပါ။ ” လို႔ သူ႔ရဲ႕ ငိုေၾကြးမႈကို ဖာေထးစကား ေျပာပါတယ္။

ဆက္ျပီးလည္း ” အသင္းသားေတြက သူတို႔ အစြမ္းရွိသမွ် ၾကိဳးစားတိုက္ခုိက္ေနတာက က်ေနာ္ကို အေတာ္ေလး ဂုဏ္ယူရေစပါတယ္။ လီဗာပူးကို ရင္ဆိုင္ကစားဖို႔တာက ျပည့္စံုေနတဲ့ ပြဲျဖစ္ဖို႔ လိုပါတယ္။ က်ေနာ္တို႔ ဒါကို လုပ္ႏုိင္ခဲ့တယ္လို႔ ထင္ပါတယ္။

က်ေနာ္တို႔ ဖိအားၾကီးကို ရင္ဆိုင္ခဲ့ရျပီး ဧရိယာေဘာက္အတြင္းက အေရးပါတဲ့ ေနရာေတြမွာ ခုခံမႈေတြ လုပ္ခဲ့၇တယ္။ ေဘာလံုးကိုလည္း အေကာင္းဆံုး ၾကိဳးစားျပီး ကစားခဲ့ပါတယ္။ ေကာင္းမြန္တဲ့ နည္းလမ္းနဲ႔အတူ က်ေန္ာတို႔ လုပ္ႏုိင္ခဲ့ပါတယ္။

ျပင္းထန္တဲ့ ပြဲျဖစ္ခဲ့ပါတယ္။ က်ေနာ္ ေအာ္ဟစ္ရလြန္းလို႔ အသံပါ ေပ်ာ္သြားခဲ့ရတယ္။ အသင္းေကာင္းတစ္သင္းကို ရင္ဆိုင္ အႏုိင္ယူဖို႔ ေကာင္ေလးေတြလည္း ပင္ပန္းခဲ့ပါတယ္။ သူတို႔ အေကာင္းဆံုး လုပ္ႏုိင္ခဲ့တယ္လို႔လည္း ယံုၾကည္ေနၾကတယ္။

ပြဲခ်ိန္ ၉၂ မိနစ္ေလာက္မွာေတာ့ က်ေန္ာတို႔ တစ္ခုခု ရေတာ့မယ္လို႔ ခံစားခဲ့ရတယ္။ သိပ္ျပည့္စံုတဲ့ ညပိုင္းေလး ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။