ယူနိုက်တက်က ကာဗာနီကို ခေါ်ယူလိုက်ခြင်းကြောင့် အကျိုးအမြတ် ရလာခဲ့တဲ့ ပယ်လီစထွီ

ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် ဖာကန်ဒို ပယ်လီစထွီက သူ့ကို အင်္ဂလန်မှာ အထိုင်ကျအောင် ကူညီပေးခဲ့တဲ့အတွက် ဝါရင့်တိုက်စစ်မှူး ကာဗာနီအပေါ် ကျေးဇူးတင်ကြောင်း ထုတ်ပြောခဲ့ပြီး ဥရုဂွေးသား တိုက်စစ်မှူးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာမှာ ပီနာရိုကနေ ပယ်လီစထွီကို ယူရို ၁၀ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် ကစားသမားကို ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ စီနီယာအဆင့်ကို မရောက်ခင် တိုးတက်ဖို့ အချိန်လိုအပ်ခြင်းကြောင့် ယူ ၂၃ အသင်းနဲ့အတူ ၎င်းရဲ့ ပထမ ၃ လတာ အချိန်ကို ကုန်ဆုံးခဲ့ရတာပါ။

နွေအပြောင်းအရွှေ့မှာပဲ သရဲနီတွေထံကို ရောက်လာခဲ့တဲ့ ကာဗာနီဟာ သူ့ကို ကူညီပေးတဲ့နေရာမှာ အဓိက အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ကြောင်း ပယ်လီစထွီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“တောင်အမေရိက အသင်းဖော်အများစုက ကျွန်တော်နဲ့ ပိုနီးစပ်တဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်က လူတိုင်းနဲ့ အဆင်ပြေပါတယ်။ ဒီက အသင်းဖော်တိုင်းက သိပ်ကို ကြင်နာတယ်။ အသင်းကြီးမှာရော ယူ ၂၃ မှာရောပေါ့။ ကျွန်တော့်အပေါ် အရမ်းကောင်းပြီး သိပ်ကိုအရေးပါတဲ့ လူတွေအများကြီးနဲ့ တွေ့ခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာ၊ မာတာနဲ့ ကာဗာနီတို့က ကျွန်တော်နဲ့ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး သူတွေနဲ့ လေ့ကျင့်ရတာ အံ့ဩစရာကောင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူတို့ကို TV ပေါ်မှာ ကြည့်ခဲ့ရပြီးတော့ အခု သူတို့နဲ့အတူ လေ့ကျင့်နေရတယ်လေ။ သူတို့မှာရှိတဲ့ မြင့်မားတဲ့ အရည်အသွေး၊ အရှိန်အဟုန်တွေနဲ့အတူ သူတို့နဲ့ ကစားရတာ ကျွန်တော့်အတွက် အကျိုးရှိခဲ့ပြီး အများကြီး တိုးတက်လာခဲ့တယ်။

တချိန်လုံး ကျွန်တော် ကာဗာနီနဲ့ စကားပြောဖြစ်ပြီး သူက သိပ်ကောင်းတဲ့လူပါ။ သူက အမြဲတမ်း ကျွန်တော့်နားမှာနေပြီး အကြံညဏ်နဲ့ ကျွန်တော်လိုအပ်သမျှ အရာအားလုံးပေးဖို့ ကြိုးစားတယ်။ သူက ကျွန်တော့်ကို ကူညီပေးဖို့ အဲ့ဒီ့မှာရှိနေပြီး ဒါက ကျွန်တော့်အတွက် အရမ်းအရေးပါပါတယ်။ ဒါကို ကျွန်တော် အရမ်းကျေနပ်တယ်။

သူက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ဥရုဂွေးရဲ့ ထာဝရအကောင်းဆုံး ကစားသမားလည်း ဖြစ်သလို လူကောင်းတစ်ယောက်လဲ ဖြစ်ပါတယ်”လို့ ပယ်လီစထွီက ဆိုပါတယ်။

ဆယ်ကျော်သက် တိုက်စစ်သမားလေးဟာ အက်ဖ်အေပွဲအဖြစ် ယှဉ်ပြိုင်ကစားတဲ့ ဝတ်ဖိုဒ့်နဲ့ပွဲမှာ ပါဝင်ရဖို့ ရည်ရွယ်ခံခဲ့ရတာပါ။ ဒါပေမယ့်လို့ ကိုဗစ် ကူးစက်ခံရတာကြောင့် အစီအစဉ် ပျက်ခဲ့တာဖြစ်ပြီး မကြာခင်မှာ ပွဲထွက်ခွင့်တွေ ရလာဖို့ ရှိနေပါတယ်။

ZAWGYI – ယူႏိုက္တက္ရဲ႕ လူငယ္ၾကယ္ပြင့္ ဖာကန္ဒို ပယ္လီစထြီက သူ႔ကို အဂၤလန္မွာ အထိုင္က်ေအာင္ ကူညီေပးခဲ့တဲ့အတြက္ ဝါရင့္တိုက္စစ္မွဴး ကာဗာနီအေပၚ ေက်းဇူးတင္ေၾကာင္း ထုတ္ေျပာခဲ့ျပီး ဥ႐ုေဂြးသား တိုက္စစ္မႉးဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ေယာက္ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေအာက္တိုဘာမွာ ပီနာ႐ိုကေန ပယ္လီစထြီကို ယူ႐ို ၁၀ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားကို ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ ၎ဟာ စီနီယာအဆင့္ကို မေရာက္ခင္ တိုးတက္ဖို႔ အခ်ိန္လိုအပ္ျခင္းေၾကာင့္ ယူ ၂၃ အသင္းနဲ႔အတူ ၎ရဲ႕ ပထမ ၃ လတာ အခ်ိန္ကို ကုန္ဆုံးခဲ့ရတာပါ။

ေႏြအေျပာင္းအေ႐ႊ႕မွာပဲ သရဲနီေတြထံကို ေရာက္လာခဲ့တဲ့ ကာဗာနီဟာ သူ႔ကို ကူညီေပးတဲ့ေနရာမွာ အဓိက အေရးပါဆုံးပုဂၢိဳလ္ျဖစ္ခဲ့ေၾကာင္း ပယ္လီစထြီက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ေတာင္အေမရိက အသင္းေဖာ္အမ်ားစုက ကြၽန္ေတာ္နဲ႔ ပိုနီးစပ္တဲ့သူေတြပါ။ ဒါေပမယ့္ ကြၽန္ေတာ္က လူတိုင္းနဲ႔ အဆင္ေျပပါတယ္။ ဒီက အသင္းေဖာ္တိုင္းက သိပ္ကို ၾကင္နာတယ္။ အသင္းႀကီးမွာေရာ ယူ ၂၃ မွာေရာေပါ့။ ကြၽန္ေတာ့္အေပၚ အရမ္းေကာင္းၿပီး သိပ္ကိုအေရးပါတဲ့ လူေတြအမ်ားႀကီးနဲ႔ ေတြ႕ခဲ့ရပါတယ္။

ရက္ရွ္ဖို႔ဒ္၊ ေပါ့ဘာ၊ မာတာနဲ႔ ကာဗာနီတို႔က ကြၽန္ေတာ္နဲ႔ သိပ္ရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္ၿပီး သူေတြနဲ႔ ေလ့က်င့္ရတာ အံ့ဩစရာေကာင္းခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က သူတို႔ကို TV ေပၚမွာ ၾကည့္ခဲ့ရၿပီးေတာ့ အခု သူတို႔နဲ႔အတူ ေလ့က်င့္ေနရတယ္ေလ။ သူတို႔မွာရွိတဲ့ ျမင့္မားတဲ့ အရည္အေသြး၊ အရွိန္အဟုန္ေတြနဲ႔အတူ သူတို႔နဲ႔ ကစားရတာ ကြၽန္ေတာ့္အတြက္ အက်ိဳးရွိခဲ့ၿပီး အမ်ားႀကီး တိုးတက္လာခဲ့တယ္။

တခ်ိန္လုံး ကြၽန္ေတာ္ ကာဗာနီနဲ႔ စကားေျပာျဖစ္ၿပီး သူက သိပ္ေကာင္းတဲ့လူပါ။ သူက အၿမဲတမ္း ကြၽန္ေတာ့္နားမွာေနၿပီး အႀကံညဏ္နဲ႔ ကြၽန္ေတာ္လိုအပ္သမွ် အရာအားလုံးေပးဖို႔ ႀကိဳးစားတယ္။ သူက ကြၽန္ေတာ့္ကို ကူညီေပးဖို႔ အဲ့ဒီ့မွာရွိေနၿပီး ဒါက ကြၽန္ေတာ့္အတြက္ အရမ္းအေရးပါပါတယ္။ ဒါကို ကြၽန္ေတာ္ အရမ္းေက်နပ္တယ္။

သူက ကမာၻ႔အေကာင္းဆုံးေတြထဲက တစ္ေယာက္ျဖစ္ၿပီး ဥ႐ုေဂြးရဲ႕ ထာဝရအေကာင္းဆုံး ကစားသမားလည္း ျဖစ္သလို လူေကာင္းတစ္ေယာက္လဲ ျဖစ္ပါတယ္”လို႔ ပယ္လီစထြီက ဆိုပါတယ္။

ဆယ္ေက်ာ္သက္ တိုက္စစ္သမားေလးဟာ အက္ဖ္ေအပြဲအျဖစ္ ယွဥ္ျပိဳင္ကစားတဲ့ ဝတ္ဖိုဒ့္နဲ႔ပြဲမွာ ပါဝင္ရဖို႔ ရည္ရြယ္ခံခဲ့ရတာပါ။ ဒါေပမယ့္လို႔ ကိုဗစ္ ကူးစက္ခံရတာေၾကာင့္ အစီအစဥ္ ပ်က္ခဲ့တာျဖစ္ျပီး မၾကာခင္မွာ ပြဲထြက္ခြင့္ေတြ ရလာဖို႔ ရွိေနပါတယ္။