ဒီတစ်ပတ် ဘောက်ဆင်ဒေး ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် အင်္ဂလန် နာမည်ကျော် ဘီဘီစီ သတင်းဌာန ရဲ့ ပင်တိုင်သုံးသပ်သူ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကို ဖော်ပြလိုက်ပါတယ်။
လက်စတာစီးတီး Vs မန်ယူနိုက်တက်
ပွဲချိန်။ ။ ဒီဇင်ဘာ ၂၆ ရက်၊ စနေနေ့၊ ည ၇ နာရီ။

နှစ်သင်းလုံးက အိမ်ကွင်းထက် အဝေးကွင်းတွေမှာ ပိုကောင်းနေကြတယ်။ ယူနိုက်တက်က ဒီရာသီ အဝေးကွင်းပွဲ ၆ ပွဲလုံးကို အနိုင်ရထားပါတယ်။ လက်စတာကလည်း အိမ်ကွင်းမှာ ရတဲ့ ၉ မှတ်ထက် အဝေးကွင်းမှာ နှစ်ဆလောက် ပိုရပြီး ၁၈ မှတ်ထိ ရယူထားနိုင်တာ ဖြစ်ပါတယ်။
မြေခွေးတွေရဲ့ အဝေးကွင်းရလဒ်ကောင်းက နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ထားတဲ့ စပါးနဲ့ပွဲမှာဖြစ်တယ်။ သူတို့က တစ်ဦးကောင်းအသင်း မဟုတ်ပေမယ့် ဗာဒီထံက အကောင်းဆုံးတွေကို ဖော်ထုတ်နိုင်နေပြီး သူ့ရဲ့ သန်မာမှုဖြင့် အကောင်းဆုံး ကစားနေနိုင်ပါတယ်။
ဗာဒီ ပုံစံကောင်း ရနေမယ်ဆိုရင် ရပ်တန့်ရ သိပ်ခက်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို ကြည့်မယ်ဆိုရင်လည်း အရှိန်တင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အသင်းတစ်သင်းကို မြင်ရတယ်။ အဝေးကွင်း ၇ ပွဲမြောက်မှာ ၇ ပွဲမြောက် နိုင်ပွဲကို ရသွားမယ်လို့ ထင်ပါတယ်။
လော်ရိုး ခန့်မှန်းရလဒ်။ ။ လက်စတာ ဝ-၂ ယူနိုက်တက်။
အာဆင်နယ် Vs ချယ်ဆီး
ပွဲချိန်။ ။ ဒီဇင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၀၀း၀၀ နာရီ။

အာဆင်နယ်က နိုင်ပွဲတွေမရ ဖြစ်နေပေမယ့် သူတို့ရဲ့ မန်နေဂျာ အာတီတာကိုပဲ ယိုးမယ်ဖွဲ့တာတွေ မလုပ်လိုပါဘူး။ သူတို့ရဲ့ ပြဿနာက ဒီထက်ပိုပြီး နက်ရှိုင်းပါတယ်။ သူတို့ရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့ကလည်း လုံလောက်အောင် မကောင်းပါဘူး။
ဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုရင်ပေမယ့် သူတို့ကို မန်နေဂျာ အာဆင်ဝင်းဂါးက ပြန်လည် ကိုင်တွယ်ဖို့ လိုနေတယ်လို့ ကျနော် ထင်ပါတယ်။ အာဆင်နယ် ကစားသမား အချို့ကို ကြည့်ရတာ လုံလောက်တဲ့ ဂရုစိုက်မှု ရှိတယ်လို့ မထင်ပါဘူး။ ရံှူးပွဲတွေ ရနေတာအတွက် စိတ်ထိခိုက်နေတဲ့ အပြုအမှုလည်း သူတို့ထံက မမြင်ရပါဘူး။
ထပ်ပြီးပြောရရင် အဲ့တာက အာတီတာရဲ့ အမှားတော့ မဟုတ်ပါဘူး။ အာဆင်နယ်ရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမားတွေက သူတို့ရဲ့ လူငယ်တွေပါ။ ဝါရင့်ကစားသမားတွေက အာဆင်နယ်အတွက် ကစားပေးနေတယ် မခံစားရဘဲ သူတို့ဘာသာအတွက်ပဲ ကစားနေကြတာဖြစ်တယ်။
ဒီပွဲမှာတော့ အာဆင်နယ်က တစ်ခုခုရမယ်လို့ ထင်မိတယ်။ သူတို့က ညံ့ဖျင်းတဲ့ ရလဒ်တွေပဲ ရထားပေမယ့် ထိပ်တန်း ကစားသမားတွေကို ပိုင်ထားဆဲပါပဲ။ ဒါကိုလည်း မကြာခင်မှာ ပြသသွားနိုင်တော့မှာပါ။
ချယ်ဆီးကလည်း ဒီဇင်ဘာလ အစပိုင်းထိ ကောင်းမွန်တဲ့ ပုံစံတွေ ရခဲ့တာပါ။ ဒါပေမယ့်လို့ လီဗာပူးနဲ့ အမှတ်ပေးဖလား စိန်ခေါ်ဖို့ လုံလောက်တဲ့ တည်ငြိမ်မှုတော့ သူတို့မှာ မရှိပါဘူး။ ထိပ်ဆုံးလေးသင်းကပဲ မန်နေဂျာလမ်းပတ်ရဲ့ အသင်းအတွက် လက်တွေ့ကျတဲ့ ပစ်မှတ် ဖြစ်ပါလိမ့်မယ်။
လော်ရိုး ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၁-၁ ချယ်ဆီး။
မန်စီးတီး Vs နယူးကာဆယ်
ပွဲချိန်။ ။ ဒီဇင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၂း၃၀ နာရီ။
ကြားရက်က ကာရာဘောင်းပွဲအဖြစ် ဘရန့်ဖိုဒ့်ကို ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ နယူးကာဆယ်က ကစားပုံ မကောင်းခဲ့ပပါဘူး။ အရင်အပတ်က ဖူလ်ဟမ်ကို ရင်ဆိုင်ကစားရာမှာလည်း သရေရလဒ်ပဲ ထွက်ပေါ်အောင် ကြိုးစားနိုင်ခဲ့တယ်။
အီသီဟတ်ကွင်းမှာ ရလဒ်တစ်ခုခု ရယူလိုတယ်ဆိုရင် နယူးကာဆယ်က အများကြီး ပိုကောင်းဖို့ လိုမှာ ဖြစ်ပေမယ့် အဲ့လိုဖြစ်လာမယ်လို့ မထင်ပါဘူး။
အဂွယ်ရို ဒဏ်ရာကနေ ပြန်သက်သာလာပြီး မန်စီးတီးတိုက်စစ်ကို ဦးဆောင်မှာကလည်း အိမ်ရှင်အသင်းအတွက် ကြီးမားတဲ့ အားသာချက် ဖြစ်လာပါမယ်။ ဒါပေမယ့် သူအဆင်သင့် မဖြစ်သေးရင်တောင် နယူးကာဆယ်ကိုတော့ မန်စီးတီးက အနိုင်ယူသွားမယ်လို့ ကျနော် ထင်ပါတယ်။
လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ နယူးကာဆယ်။
လီဗာပူး Vs ဝက်စ်ဘရွန်း
ပွဲချိန်။ ။ ဒီဇင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၁း၀၀ နာရီ။

လီဗာပူးရဲ့ အိမ်ကွင်း မှတ်တမ်းကတော့ ပရိသတ် ရှိရှိ မရှိရှိ မယုံနိုင်စရာပါပဲ။ အချိန်တိုင်းမှာလည်း သူတို့ လူငယ် ကစားသမားတွေက ပိုပြီး ကောင်းလာ အတွေ့အကြုံ ရှိလာပြီး အန်းဖီးလ်မှာ ကစားရတဲ့သူ မှန်သမျှ ပိုပြီး တောက်ပလာနိုင်နေသလိုပါ။ ဒီတစ်ပတ် ပွဲကနေ ဝက်စ်ဘရွန်းတို့ အမှတ် ရနိုင်ဖို့ တော်တော် ခက်ပါမယ်။ ဒါပေမယ့် ကွင်းထဲမှာ ကစားသမား ၁၁ ယောက် အင်အားပြည့် ပါဝင်နိုင်ရင် တစ်ခုခုတော့ အကူအညီ ဖြစ်မှာပါ။
နည်းပြသစ် ဆမ် အလာဒိုက်ကတော့ သူ့ကစားသမားတွေကို ခပ်မြန်မြန် မောင်းထားပြီး ဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့် ရလဒ်အနေနဲ့တော့ သိသိသာသာကြီး ပြောင်းပြနိုင်ဦးမယ် ကျနော် မထင်ပါဘူး။ သူတို့ ဇန်နဝါရီ အပြောင်းအရွှေ့ စဖွင့်လောက်တဲ့ထိ အများကြီး တိုးတက်လာမယ် ကျနော် မျှော်လင့်မထားဘူး။
ဆမ်ကတော့ အန်းဖီးလ်မှာ ပရီးမီးယားလိဂ် နောက်ဆုံး နိုင်ပွဲရထားတဲ့သူပါ။ ပဲလေ့စ်နဲ့ ဧပြီ ၂၀၁၇ တုန်းက ဖြစ်တယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ ဒါမျိုး ထပ်လုပ်နိုင်ဖို့ မမြင်ပါဘူး။ ဒီရာသီက ထူးထူးခြားခြားတွေတော့ ဖြစ်တတ်တယ်။ ဘာတွေ ဖြစ်လာဦးမလဲ ကြည့်ရအောင်။
လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-0 ဝက်စ်ဘရွန်း။
အခြားပွဲစဉ်များအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်များ
- Fulham 2-1 Southampton
- Aston Villa 2-0 Crystal Palace
- Sheffield United 1-1 Everton
- Leeds United 2-1 Burnley
- West Ham United 2-1 Brighton
- Wolves 1-1 Tottenham Hotspur

ZAWGYI – ဒီတစ္ပတ္ ေဘာက္ဆင္ေဒး ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ အတြက္ အဂၤလန္ နာမည္ေက်ာ္ ဘီဘီစီ သတင္းဌာန ရဲ႕ ပင္တိုင္သံုးသပ္သူ သံုးသပ္ခ်က္နဲ႔ ခန္႔မွန္းရလဒ္ေတြကို ေဖာ္ျပလိုက္ပါတယ္။
လက္စတာစီးတီး Vs မန္ယူနိုက္တက္
ပြဲခ်ိန္။ ။ ဒီဇင္ဘာ ၂၆ ရက္၊ စေနေန႔၊ ည ၇ နာရီ။
ႏွစ္သင္းလံုးက အိမ္ကြင္းထက္ အေဝးကြင္းေတြမွာ ပိုေကာင္းေနၾကတယ္။ ယူႏုိက္တက္က ဒီရာသီ အေဝးကြင္းပြဲ ၆ ပြဲလံုးကို အႏုိင္ရထားပါတယ္။ လက္စတာကလည္း အိမ္ကြင္းမွာ ရတဲ့ ၉ မွတ္ထက္ အေဝးကြင္းမွာ ႏွစ္ဆေလာက္ ပိုရျပီး ၁၈ မွတ္ထိ ရယူထားႏုိင္တာ ျဖစ္ပါတယ္။
ေျမေခြးေတြရဲ႕ အေဝးကြင္းရလဒ္ေကာင္းက ေနာက္ဆံုးအၾကိမ္ ယွဥ္ျပိဳင္ထားတဲ့ စပါးနဲ႔ပြဲမွာျဖစ္တယ္။ သူတို႔က တစ္ဦးေကာင္းအသင္း မဟုတ္ေပမယ့္ ဗာဒီထံက အေကာင္းဆံုးေတြကို ေဖာ္ထုတ္ႏုိင္ေနျပီး သူ႔ရဲ႕ သန္မာမႈျဖင့္ အေကာင္းဆံုး ကစားေနႏုိင္ပါတယ္။
ဗာဒီ ပံုစံေကာင္း ရေနမယ္ဆိုရင္ ရပ္တန္႔ရ သိပ္ခက္ပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္ကို ၾကည့္မယ္ဆိုရင္လည္း အရွိန္တင္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ အသင္းတစ္သင္းကို ျမင္ရတယ္။ အေဝးကြင္း ၇ ပြဲေျမာက္မွာ ၇ ပြဲေျမာက္ ႏုိင္ပြဲကို ရသြားမယ္လို႔ ထင္ပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ လက္စတာ ၀-၂ ယူႏုိက္တက္။
အာဆင္နယ္ Vs ခ်ယ္ဆီး
ပြဲခ်ိန္။ ။ ဒီဇင္ဘာ ၂၇ ရက္၊ တနဂၤေႏြေန႔၊ နံနက္ ၀၀း၀၀ နာရီ။
အာဆင္နယ္က ႏုိင္ပြဲေတြမရ ျဖစ္ေနေပမယ့္ သူတို႔ရဲ႕ မန္ေနဂ်ာ အာတီတာကိုပဲ ယိုးမယ္ဖြဲ႔တာေတြ မလုပ္လိုပါဘူး။ သူတို႔ရဲ႕ ျပႆနာက ဒီထက္ပိုျပီး နက္ရိႈင္းပါတယ္။ သူတို႔ရဲ႕ ကစားသမား ေခၚယူေရးအဖြဲ႔ကလည္း လံုေလာက္ေအာင္ မေကာင္းပါဘူး။
ျဖစ္လာႏုိင္မွာ မဟုတ္ဘူးဆိုရင္ေပမယ့္ သူတို႔ကို မန္ေနဂ်ာ အာဆင္ဝင္းဂါးက ျပန္လည္ ကိုင္တြယ္ဖို႔ လိုေနတယ္လို႔ က်ေနာ္ ထင္ပါတယ္။ အာဆင္နယ္ ကစားသမား အခ်ိဳ႔ကို ၾကည့္ရတာ လံုေလာက္တဲ့ ဂရုစိုက္မႈ ရွိတယ္လို႔ မထင္ပါဘူး။ ရံွဴးပြဲေတြ ရေနတာအတြက္ စိတ္ထိခိုက္ေနတဲ့ အျပဳအမႈလည္း သူတို႔ထံက မျမင္ရပါဘူး။
ထပ္ျပီးေျပာရရင္ အဲ့တာက အာတီတာရဲ႕ အမွားေတာ့ မဟုတ္ပါဘူး။ အာဆင္နယ္ရဲ႕ ဒီရာသီ အေကာင္းဆံုး ကစားသမားေတြက သူတို႔ရဲ႕ လူငယ္ေတြပါ။ ဝါရင့္ကစားသမားေတြက အာဆင္နယ္အတြက္ ကစားေပးေနတယ္ မခံစားရဘဲ သူတို႔ဘာသာအတြက္ပဲ ကစားေနၾကတာျဖစ္တယ္။
ဒီပြဲမွာေတာ့ အာဆင္နယ္က တစ္ခုခုရမယ္လို႔ ထင္မိတယ္။ သူတို႔က ညံ့ဖ်င္းတဲ့ ရလဒ္ေတြပဲ ရထားေပမယ့္ ထိပ္တန္း ကစားသမားေတြကို ပိုင္ထားဆဲပါပဲ။ ဒါကိုလည္း မၾကာခင္မွာ ျပသသြားႏုိင္ေတာ့မွာပါ။
ခ်ယ္ဆီးကလည္း ဒီဇင္ဘာလ အစပိုင္းထိ ေကာင္းမြန္တဲ့ ပံုစံေတြ ရခဲ့တာပါ။ ဒါေပမယ့္လို႔ လီဗာပူးနဲ႔ အမွတ္ေပးဖလား စိန္ေခၚဖို႔ လံုေလာက္တဲ့ တည္ျငိမ္မႈေတာ့ သူတို႔မွာ မရွိပါဘူး။ ထိပ္ဆံုးေလးသင္းကပဲ မန္ေနဂ်ာလမ္းပတ္ရဲ႕ အသင္းအတြက္ လက္ေတြ႔က်တဲ့ ပစ္မွတ္ ျဖစ္ပါလိမ့္မယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ ၁-၁ ခ်ယ္ဆီး။
မန္စီးတီး Vs နယူးကာဆယ္
ပြဲခ်ိန္။ ။ ဒီဇင္ဘာ ၂၇ ရက္၊ တနဂၤေႏြေန႔၊ နံနက္ ၂း၃၀ နာရီ။

ၾကားရက္က ကာရာေဘာင္းပြဲအျဖစ္ ဘရန္႔ဖိုဒ့္ကို ယွဥ္ျပိဳင္ကစားတဲ့ပြဲမွာ နယူးကာဆယ္က ကစားပံု မေကာင္းခဲ့ပပါဘူး။ အရင္အပတ္က ဖူလ္ဟမ္ကို ရင္ဆိုင္ကစားရာမွာလည္း သေရရလဒ္ပဲ ထြက္ေပၚေအာင္ ၾကိဳးစားႏုိင္ခဲ့တယ္။
အီသီဟတ္ကြင္းမွာ ရလဒ္တစ္ခုခု ရယူလိုတယ္ဆိုရင္ နယူးကာဆယ္က အမ်ားၾကီး ပိုေကာင္းဖို႔ လိုမွာ ျဖစ္ေပမယ့္ အဲ့လိုျဖစ္လာမယ္လို႔ မထင္ပါဘူး။
အဂြယ္ရို ဒဏ္ရာကေန ျပန္သက္သာလာျပီး မန္စီးတီးတိုက္စစ္ကို ဦးေဆာင္မွာကလည္း အိမ္ရွင္အသင္းအတြက္ ၾကီးမားတဲ့ အားသာခ်က္ ျဖစ္လာပါမယ္။ ဒါေပမယ့္ သူအဆင္သင့္ မျဖစ္ေသးရင္ေတာင္ နယူးကာဆယ္ကိုေတာ့ မန္စီးတီးက အႏုိင္ယူသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ မန္စီးတီး ၃-၀ နယူးကာဆယ္။
လီဗာပူး Vs ၀က္စ္ဘရြန္း
ပြဲခ်ိန္။ ။ ဒီဇင္ဘာ ၂၇ ရက္၊ တနဂၤေႏြေန႔၊ ည ၁၁း၀၀ နာရီ။
လီဗာပူးရဲ႕ အိမ္ကြင္း မွတ္တမ္းကေတာ့ ပရိသတ္ ရွိရွိ မရွိရွိ မယံုနုိင္စရာပါပဲ။ အခ်ိန္တိုင္းမွာလည္း သူတို႔ လူငယ္ ကစားသမားေတြက ပိုျပီး ေကာင္းလာ အေတြ႔အၾကံဳ ရွိလာျပီး အန္းဖီးလ္မွာ ကစားရတဲ့သူ မွန္သမွ် ပိုျပီး ေတာက္ပလာနုိင္ေနသလိုပါ။ ဒီတစ္ပတ္ ပြဲကေန ၀က္စ္ဘရြန္းတို႔ အမွတ္ ရနုိင္ဖို႔ ေတာ္ေတာ္ ခက္ပါမယ္။ ဒါေပမယ့္ ကြင္းထဲမွာ ကစားသမား ၁၁ ေယာက္ အင္အားျပည့္ ပါ၀င္နုိင္ရင္ တစ္ခုခုေတာ့ အကူအညီ ျဖစ္မွာပါ။
နည္းျပသစ္ ဆမ္ အလာဒိုက္ကေတာ့ သူ႔ကစားသမားေတြကို ခပ္ျမန္ျမန္ ေမာင္းထားျပီး ျဖစ္မွာ ေသခ်ာပါတယ္။ ဒါေပမယ့္ ရလဒ္အေနနဲ႕ေတာ့ သိသိသာသာၾကီး ေျပာငး္ျပနိုင္ဦးမယ္ က်ေနာ္ မထင္ပါဘူး။ သူတို႔ ဇန္န၀ါရီ အေျပာင္းအေရႊ႕ စဖြင့္ေလာက္တဲ့ထိ အမ်ားၾကီး တိုးတက္လာမယ္ က်ေနာ္ ေမွ်ာ္လင့္မထားဘူး။
ဆမ္ကေတာ့ အန္းဖီးလ္မွာ ပရီးမီးယားလိဂ္ ေနာက္ဆံုး နုိင္ပြဲရထားတဲ့သူပါ။ ပဲေလ့စ္နဲ႕ ဧျပီ ၂၀၁၇ တုန္းက ျဖစ္တယ္။ ဒါေပမယ့္ ဒီတၾကိမ္မွာေတာ့ ဒါမ်ိဳး ထပ္လုပ္နုိင္ဖို႔ မျမင္ပါဘူး။ ဒီရာသီက ထူးထူးျခားျခားေတြေတာ့ ျဖစ္တတ္တယ္။ ဘာေတြ ျဖစ္လာဦးမလဲ ၾကည့္ရေအာင္။
ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ လီဗာပူး 3-0 ၀က္စ္ဘရြန္း။
အျခားပြဲစဥ္မ်ားအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္မ်ား
- Fulham 2-1 Southampton
- Aston Villa 2-0 Crystal Palace
- Sheffield United 1-1 Everton
- Leeds United 2-1 Burnley
- West Ham United 2-1 Brighton
- Wolves 1-1 Tottenham Hotspur
