သူနဲ့ ပက်သက်ပြီး ယူနိုက်တက်က မှားခဲ့တယ်လို့ ခံစားရကြောင်း မော်ရင်ညို ထုတ်ပြော

မော်ရင်ညိုဟာ ယူနိုက်တက်မှာ သူ့ရဲ့စီမံကိန်းကို အကောင်အထည်ဖော်ဖို့ မန်ချက်စတာကလပ်က လုံလောက်တဲ့ အချိန်မပေးခဲ့ဘူးလို့ ခံစားခဲ့ရကြောင်း ထုတ်ပြောပြီး စပါးမှာတော့ ကာလရှည်ကြာ နေနိုင်တယ်လို့ ယုံကြည်နေပါတယ်။

မနှစ်က ပိုချက်တီနို နေရာကို ဆက်ခံခဲ့ပြီးနောက် မကြာသေးမီကပဲ စပါးမှာ တစ်နှစ်ပြည့်ခဲ့တဲ့ မော်ရင်ညိုဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ အမြင့်ပျံသန်းနိုင်နေတဲ့ ရာသီအစကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

စပါးဟာ လီဗာပူးကို ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်ကာ အဆင့် ၁ နေရာယူထားတာဖြစ်ပြီး ဒီနေ့ညမှာတော့ သူတို့ ၂ သင်းက ထိပ်တိုက်တွေ့ဆုံရဖို့ ရှိနေတာဖြစ်ပါတယ်။ မော်ရင်ညိုဟာ မန်ချက်စတာမှာ ၂ နှစ်ခွဲကြာမှာ ယူနိုက်တက်ရဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ၁၁ လ အကြာမှာ စပါးကို ရောက်ရှိခဲ့တာပါ။

သူဟာ နည်းပြဘဝ မှာ ကလပ်များစွာနဲ့ အစောပိုင်းမှာ အောင်မြင်မှုရခဲ့တဲ့နောက် ယူနိုက်တက်မှာတော့ သူ့ရဲ့ ရေရှည်အစီအစဉ်တွေဟာ စောစောစီးစီး အဆုံးသတ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော့် နည်းပြဘဝမှာ ကလပ်တချို့ရဲ့ အနေအထားအရ အောင်မြင်မှုရဖို့ အချိန်အများကြီး မလိုခဲ့တာတွေ ရှိခဲ့ပါတယ်။ ပေါ်တို၊ အင်တာ၊ ရီးရဲလ်၊ ချယ်ဆီးတို့မှာပေါ့၊ အဲ့ဒီ့ကလပ်တွေမှာ ကျွန်တော်တို့ အချိန်အကြာကြီး မယူပဲ လုပ်နိုင်ခဲ့တယ်။

မတူညီတဲ့ အရာတွေကို မတူညီတဲ့ နေရာတွေမှာ လုပ်ချင်တဲ့ ကျွန်တော့်စိတ်၊ မတူညီတဲ့ အတွေ့အကြုံတွေရချင်တဲ့ ဆန္ဒအရ အောင်မြင်ပြီးသွားရင် နှုတ်ဆက်ပြီး တခြားအရာတစ်ခုကို အောင်မြင်ဖို့ ထပ်ကြိုးစားတယ်။

ကျွန်တော် အချိန်လိုအပ်တယ်လို့ ခံစားခဲ့ရပြီး လိုအပ်တဲ့ အချိန်မပေးခဲ့တဲ့ ပထမဆုံးကလပ်ကတော့ မန်ချက်စတာယူနိုက်တက်ပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါကို လမ်းတစ်ဝက်မှာပဲ ကျွန်တော်သိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ယူနိုက်တက် ဆုံးဖြတ်ချက်တွေကို လေးစားဖို့ မြန်မြန်ဆန်ဆန်ပဲ သင်ယူခဲ့ပါတယ်။

ကျွန်တော်တို့ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့တယ်။ ကျွန်တော် ပျော်သလို သူတို့လဲ ပျော်ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ဒါတွေက ကျွန်တော် ကလပ်တွေကို စွန့်ခွာတဲ့အချိန်မှာ ပြောရတာ ဂုဏ်ယူရတဲ့ အရာတွေပါပဲ။ ကျွန်တော်က လူတိုင်းနဲ့ သိပ်ကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ ယူနိုက်တက်ကလဲ အဲ့ဒီ့ထဲမှာ ပါပါတယ်”လို့ မော်ရင်ညိုက ပြောဆိုခဲ့ပါတယ်။

မော်ရင်ညိုဟာ နည်းပြဘဝမှာ နှစ် ၂၀ ကျော် ကျင်လည်ခဲ့ပြီးတော့ သူရောက်ခဲ့တဲ့ နေရာတိုင်းနီးပါးမှာ အဓိက အောင်မြင်မှုတွေရရှိခဲ့တာပါ။ အခု အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ နည်းပြကြီးက သူဟာ စပါးမှာ အကြာကြီး ဆက်နေနိုင်တယ်လို့ ယုံကြည်ကြောင်းလဲ ဖွင့်ဟခဲ့ပါတယ်။

“အခု စပါးမှာ ကျွန်တော် လုပ်ရမယ့် အလုပ်တွေအကြောင်းကို ကောင်းကောင်းသိတယ်၊ ဒီကလပ်မှာ ရှိနေရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ကလပ်ကလဲ ကျွန်တော်နဲ့ တွဲလုပ်ရလို့ ကျေနပ်နေမယ်လို့ ယုံကြည်တယ်။

ဒါကြောင့် ဒီမှာ အကြကြီး ဆက်နေဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စီမံကိန်းကို အရှိန်မြှင့်တင်ပြီး ဒီလိုမျိုး ကောင်းကောင်း ဆက်လုပ်နိုင်ရင် အောင်မြင်မှုရဖို့ အချိန်သိပ်ယူရမှာ မဟုတ်ပါဘူး” လို့ မော်ရင်ညိုက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI – ေမာ္ရင္ညိဳဟာ ယူႏိုက္တက္မွာ သူ႔ရဲ႕စီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔ မန္ခ်က္စတာကလပ္က လုံေလာက္တဲ့ အခ်ိန္မေပးခဲ့ဘူးလို႔ ခံစားခဲ့ရေၾကာင္း ထုတ္ေျပာျပီး စပါးမွာေတာ့ ကာလရွည္ၾကာ ေနႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

မႏွစ္က ပိုခ်က္တီႏို ေနရာကို ဆက္ခံခဲ့ၿပီးေနာက္ မၾကာေသးမီကပဲ စပါးမွာ တစ္ႏွစ္ျပည့္ခဲ့တဲ့ ေမာ္ရင္ညိဳဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ အျမင့္ပ်ံသန္းႏိုင္ေနတဲ့ ရာသီအစကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

စပါးဟာ လီဗာပူးကို ဂိုးကြာျခားခ်က္အသာနဲ႔ ဦးေဆာင္ကာ အဆင့္ ၁ ေနရာယူထားတာျဖစ္ၿပီး ဒီေန႔ညမွာေတာ့ သူတို႔ ၂ သင္းက ထိပ္တိုက္ေတြ႕ဆုံရဖို႔ ရွိေနတာျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ မန္ခ်က္စတာမွာ ၂ ႏွစ္ခြဲၾကာမွာ ယူႏိုက္တက္ရဲ႕ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ၁၁ လ အၾကာမွာ စပါးကို ေရာက္ရွိခဲ့တာပါ။

သူဟာ နည္းျပဘဝ မွာ ကလပ္မ်ားစြာနဲ႔ အေစာပိုင္းမွာ ေအာင္ျမင္မႈရခဲ့တဲ့ေနာက္ ယူႏိုက္တက္မွာေတာ့ သူ႔ရဲ႕ ေရရွည္အစီအစဥ္ေတြဟာ ေစာေစာစီးစီး အဆုံးသတ္ခဲ့ရၿပီး ထုတ္ပယ္ခံခဲ့ရတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ့္ နည္းျပဘဝမွာ ကလပ္တခ်ိဳ႕ရဲ႕ အေနအထားအရ ေအာင္ျမင္မႈရဖို႔ အခ်ိန္အမ်ားႀကီး မလိုခဲ့တာေတြ ရွိခဲ့ပါတယ္။ ေပၚတို၊ အင္တာ၊ ရီးရဲလ္၊ ခ်ယ္ဆီးတို႔မွာေပါ့၊ အဲ့ဒီ့ကလပ္ေတြမွာ ကြၽန္ေတာ္တို႔ အခ်ိန္အၾကာႀကီး မယူပဲ လုပ္ႏိုင္ခဲ့တယ္။

မတူညီတဲ့ အရာေတြကို မတူညီတဲ့ ေနရာေတြမွာ လုပ္ခ်င္တဲ့ ကြၽန္ေတာ့္စိတ္၊ မတူညီတဲ့ အေတြ႕အႀကဳံေတြရခ်င္တဲ့ ဆႏၵအရ ေအာင္ျမင္ၿပီးသြားရင္ ႏႈတ္ဆက္ၿပီး တျခားအရာတစ္ခုကို ေအာင္ျမင္ဖို႔ ထပ္ႀကိဳးစားတယ္။

ကြၽန္ေတာ္ အခ်ိန္လိုအပ္တယ္လို႔ ခံစားခဲ့ရၿပီး လိုအပ္တဲ့ အခ်ိန္မေပးခဲ့တဲ့ ပထမဆုံးကလပ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒါကို လမ္းတစ္ဝက္မွာပဲ ကြၽန္ေတာ္သိခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ယူႏိုက္တက္ ဆုံးျဖတ္ခ်က္ေတြကို ေလးစားဖို႔ ျမန္ျမန္ဆန္ဆန္ပဲ သင္ယူခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ လုပ္ႏိုင္သမွ် အရာအားလုံးကို လုပ္ခဲ့တယ္။ ကြၽန္ေတာ္ ေပ်ာ္သလို သူတို႔လဲ ေပ်ာ္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္။ ဒါေတြက ကြၽန္ေတာ္ ကလပ္ေတြကို စြန႔္ခြာတဲ့အခ်ိန္မွာ ေျပာရတာ ဂုဏ္ယူရတဲ့ အရာေတြပါပဲ။ ကြၽန္ေတာ္က လူတိုင္းနဲ႔ သိပ္ေကာင္းတဲ့ ဆက္ဆံေရးရွိတယ္။ ယူႏိုက္တက္ကလဲ အဲ့ဒီ့ထဲမွာ ပါပါတယ္”လို႔ ေမာ္ရင္ညိဳက ေျပာဆိုခဲ့ပါတယ္။

ေမာ္ရင္ညိဳဟာ နည္းျပဘဝမွာ ႏွစ္ ၂၀ ေက်ာ္ က်င္လည္ခဲ့ၿပီးေတာ့ သူေရာက္ခဲ့တဲ့ ေနရာတိုင္းနီးပါးမွာ အဓိက ေအာင္ျမင္မႈေတြရရွိခဲ့တာပါ။ အခု အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္တဲ့ နည္းျပႀကီးက သူဟာ စပါးမွာ အၾကာႀကီး ဆက္ေနႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္းလဲ ဖြင့္ဟခဲ့ပါတယ္။

“အခု စပါးမွာ ကြၽန္ေတာ္ လုပ္ရမယ့္ အလုပ္ေတြအေၾကာင္းကို ေကာင္းေကာင္းသိတယ္၊ ဒီကလပ္မွာ ရွိေနရတဲ့အတြက္ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ကလပ္ကလဲ ကြၽန္ေတာ္နဲ႔ တြဲလုပ္ရလို႔ ေက်နပ္ေနမယ္လို႔ ယုံၾကည္တယ္။

ဒါေၾကာင့္ ဒီမွာ အၾကႀကီး ဆက္ေနျဖစ္မယ္ ထင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ စီမံကိန္းကို အရွိန္ျမႇင့္တင္ၿပီး ဒီလိုမ်ိဳး ေကာင္းေကာင္း ဆက္လုပ္ႏိုင္ရင္ ေအာင္ျမင္မႈရဖို႔ အခ်ိန္သိပ္ယူရမွာ မဟုတ္ပါဘူး” လို႔ ေမာ္ရင္ညိဳက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။