ချယ်ဆီးတို့ ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ဆိုရင် နုသေးတယ်လို့ ဆိုလိုက်တဲ့ ပေါလ်စခိုး

ပရီးမီးယားလိဂ် ချန်ပီယံဟောင်း ပေါလ်စခိုးက ချယ်ဆီးအသင်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား အနိုင်ရမှာ မဟုတ်ဘူးဆိုတဲ့ သူ့အမြင်ကို ထုတ်ပြောပါတယ်။

ပေါလ်စခိုးကတော့ ချယ်ဆီးဟာ အရည်အချင်းရှိ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အတွေ့အကြုံပိုင်း လိုအပ်နေပြီး လာမယ့်နှစ်လောက်မှ ဆုဖလား စိန်ခေါ်မှုကို လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ချယ်ဆီးကို မန်စီးတီး၊ လီဗာပူးအသင်းတို့ ပိုင်ဆိုင်ထားတဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းနဲ့ နှိုင်းယှဉ်လို့ မရသေးဘူးလို့ ယူနိုက်တက် ကွင်းလယ်လူဟောင်းက မြင်တယ်။

ပေါလ်စခိုးက ‘ ချယ်ဆီးက ကွင်းထဲမှာ ဖန်တီးမှုပိုင်း အားနည်းနေတယ်လို့ ထင်ပါတယ်။ ကန်တေက သူ့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ပြနေပြီး ကွင်းလယ်မှာ လူငယ်ကစားသမားတွေဖြစ်တဲ့ မေဆန်မောင့်၊ ဟာဗက်တို့နဲ့အတူ တွဲပြီး ကစားနေရတာ ဖြစ်ပါတယ်။

သူတို့တွေက ထူးချွန်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ဒီနှစ်ကတော့ ချယ်ဆီးအသင်း ပရီးမီးယားလိဂ်ကို အနိုင်ရမယ်လို့ ကျနော် မထင်ပါဘူး။ သူတို့က အမြင့်ပိုင်းမှာ ရှိနေသေးပေမယ့် ဒီအခြေအနေက စောပါသေးတယ်။ မန်စီးတီး၊ လီဗာပူးလို အသင်းတွေကို နီးစပ်ဖို့အတွက် သူတို့အသင်းက အဆင်သင့် မဖြစ်သေးပါဘူး။

တစ်နှစ်လောက် အချိန်ယူပြီးရင် သူတို့ အတွေ့အကြုံ ရလာလိမ့်မယ်။ ပိုပြီး အရည်အချင်းရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာမှုနဲ့အတူ သူတို့ အမှတ်ပေးဖလားကို စတင် စိန်ခေါ်သွားပါလိမ့်မယ် ‘ လို့ သူ့အမြင်ကို ပြောခဲ့ပါတယ်။

ချယ်ဆီးဟာ အမှတ်ပေးဇယား ထိပ်ဆုံးက စပါး၊ လီဗာပူးတို့ ထိပ်တိုက်တွေ့ချိန်မှာ ရမှတ် ကပ်လာအောင် လုပ်ခွင့်ရခဲ့ပါတယ်။ ဂျီရူးက အဖွင့်ဂိုး သွင်းယူပေမယ့်လည်း သွင်းဂိုး ၂ ဂိုး ပြန်ပေးလိုက်ရတာကြောင့် ရှူံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီရှူံးပွဲကြောင့် နောက်ဆုံး ၂ ပွဲဆက်တိုက် အရေးနိမ့်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ခ်န္ပီယံေဟာင္း ေပါလ္စခိုးက ခ်ယ္ဆီးအသင္း ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလား အႏုိင္ရမွာ မဟုတ္ဘူးဆိုတဲ့ သူ႔အျမင္ကို ထုတ္ေျပာပါတယ္။

ေပါလ္စခိုးကေတာ့ ခ်ယ္ဆီးဟာ အရည္အခ်င္းရွိ ကစားသမားေတြကို ပိုင္ဆိုင္ထားေပမယ့္ အေတြ႔အၾကံဳပိုင္း လိုအပ္ေနျပီး လာမယ့္ႏွစ္ေလာက္မွ ဆုဖလား စိန္ေခၚမႈကို လုပ္ႏုိင္မယ္လို႔ ဆိုပါတယ္။ ခ်ယ္ဆီးကို မန္စီးတီး၊ လီဗာပူးအသင္းတို႔ ပိုင္ဆိုင္ထားတဲ့ ဆုဖလား စိန္ေခၚႏုိင္စြမ္းနဲ႔ ႏိႈင္းယွဥ္လို႔ မရေသးဘူးလို႔ ယူႏုိက္တက္ ကြင္းလယ္လူေဟာင္းက ျမင္တယ္။

ေပါလ္စခိုးက ‘ ခ်ယ္ဆီးက ကြင္းထဲမွာ ဖန္တီးမႈပိုင္း အားနည္းေနတယ္လို႔ ထင္ပါတယ္။ ကန္ေတက သူ႔ရဲ႕ အလုပ္ကို အေကာင္းဆံုး လုပ္ေဆာင္ျပေနျပီး ကြင္းလယ္မွာ လူငယ္ကစားသမားေတြျဖစ္တဲ့ ေမဆန္ေမာင့္၊ ဟာဗက္တို႔နဲ႔အတူ တြဲျပီး ကစားေနရတာ ျဖစ္ပါတယ္။

သူတို႔ေတြက ထူးခၽြန္တဲ့ ကစားသမားေတြပါ။ ဒါေပမယ့္ ဒီႏွစ္ကေတာ့ ခ်ယ္ဆီးအသင္း ပရီးမီးယားလိဂ္ကို အႏုိင္ရမယ္လို႔ က်ေနာ္ မထင္ပါဘူး။ သူတို႔က အျမင့္ပိုင္းမွာ ရွိေနေသးေပမယ့္ ဒီအေျခအေနက ေစာပါေသးတယ္။ မန္စီးတီး၊ လီဗာပူးလို အသင္းေတြကို နီးစပ္ဖို႔အတြက္ သူတို႔အသင္းက အဆင္သင့္ မျဖစ္ေသးပါဘူး။

တစ္ႏွစ္ေလာက္ အခ်ိန္ယူျပီးရင္ သူတို႔ အေတြ႔အၾကံဳ ရလာလိမ့္မယ္။ ပိုျပီး အရည္အခ်င္းရွိေအာင္ ဘယ္လုိလုပ္ရမယ္ဆိုတာ သိလာမႈနဲ႔အတူ သူတို႔ အမွတ္ေပးဖလားကို စတင္ စိန္ေခၚသြားပါလိမ့္မယ္ ‘ လို႔ သူ႔အျမင္ကို ေျပာခဲ့ပါတယ္။

ခ်ယ္ဆီးဟာ အမွတ္ေပးဇယား ထိပ္ဆံုးက စပါး၊ လီဗာပူးတို႔ ထိပ္တိုက္ေတြ႔ခ်ိန္မွာ ရမွတ္ ကပ္လာေအာင္ လုပ္ခြင့္ရခဲ့ပါတယ္။ ဂ်ီရူးက အဖြင့္ဂိုး သြင္းယူေပမယ့္လည္း သြင္းဂိုး ၂ ဂိုး ျပန္ေပးလိုက္ရတာေၾကာင့္ ရွံဴးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ဒီရွံဴးပြဲေၾကာင့္ ေနာက္ဆံုး ၂ ပြဲဆက္တိုက္ အေရးနိမ့္မႈလည္း ျဖစ္လာခဲ့ပါတယ္။