မန်စီးတီးက နိုင်ရမယ့်ပွဲကို အနိုင်မယူနိုင်ဘူးလို့ အသင်းကို ပြန်လည် ဝေဖန်သွားတဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက နိုင်ရမယ့်ပွဲကို အနိုင်မယူနိုင်တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး ဒီပွဲမှာ အနိုင်ရသင့်တာကို နားလည်တယ်လို့ ဆိုပါတယ်။

ဝက်ဘရွန်းက ဘယ်လိုအသင်းဖြစ်တယ်။ သူတို့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လို အားပြုကစားတယ်ဆိုတာ နားလည်ပေမယ့် မန်စီးတီးအသင်းသားတွေ နိုင်ပွဲရအောင် မယူနိုင်တာကို ဂွာဒီယိုလာက ကျေနပ်ဟန် မရှိပါဘူး။ ဒီအပတ်မှာ စပါးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့နေလို့ အမှတ်ပြန်ကပ်လာဖို့အတွက် စီးတီးက အနိုင်ရလဒ် လိုအပ်ခဲ့တာလည်းဖြစ်တယ်။

ပပ်က ” ကျနေ်ာတို့ ပွဲကို မနိုင်နိုင်ပါဘူး။ အဆုံးမှာ နိုင်ပွဲရဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ ကျနေ်ာတို့က ဝက်ဘရွန်းထက်လည်း ပိုကောင်းပါတယ်။ ဒါပေမယ့်လို့ နိုင်ပွဲ မရနိုင်ပါဘူး။

ဝက်ဘရွန်းက ရုပ်ပိုင်းဆိုင်ရာနဲ့ ကစားပြီး သူတို့ အဲ့အပိုင်းမှာ ကောင်းကောင်းလုပ်နိုင်တယ်၊ ကောင်းလည်းကောင်းတယ်ဆိုတာ ကျနေ်ာတို့ သိတယ်။ ကျနေ်ာတို့ သိနေပေမယ့် ကျနေ်ာတို့ မနိုင်နိုင်ပါဘူး။

အသင်းကြီးတွေ ဘာလို့ ရမှတ်တွေ လျော့နည်းနေတယ်ဆိုတာကို ကျနော် မသိဘူး။ အမှတေ်ပးဇယားကို ကျနော် ခွဲခြမ်းစိတ်ဖြာတာတွေ လုပ်မနေပါဘူး။ ဒါပေမယ့် ဒီလိုပွဲကတော့ ကျနေ်ာတို့ နိုင်ရမှာပါ။ လိဂ်က ခက်ခဲပါတယ်။ ဒီလိဂ်က ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး အားကောင်းတဲ့ လိဂ်ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပွဲအတွင်းမှာ မကြာခဏ အချိန်ဆွဲတဲ့ အပြုအမှုတွေ ရှိခဲ့သလို လူစားလဲမှုတွေနဲ့အတူ ကြံ့ကြာတာတွေ ရှိခဲ့ပေမယ့် အချိန်ပိုကို ၄ မိနစ်ပဲ ပေးတဲ့အပေါ် ဂွာဒီယိုလာက မကျေနပ်ပါဘူး။

စတုတ္ထဒိုင် အန်တိုနီသေလာနဲ့ ပက်သက်လို့လည်း ဂွာဒီယိုလာက ” အချိန်ပို လေးမိနစ်ပေးတာက မလုံလောက်ပါဘူး။ သုံးမိနစ်လောက်က လဲချတာ အချိန်ဆွဲတာတွေ ရှိခဲ့တာပါ။ လူစားလဲမှုတွေလည်း ရှိခဲ့တာကြောင့် လေးမိနစ်ပဲ ပေးတာက မလုံလောက်ပါဘူး။ ဒါပေမယ့်လို့ အားလုံးက ဒိုင်လူကြီးကပဲ ဆုံးဖြတ်ပေးမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ႏုိင္ရမယ့္ပြဲကို အႏုိင္မယူႏုိင္တဲ့ အသင္းရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ပ်က္ေနျပီး ဒီပြဲမွာ အႏုိင္ရသင့္တာကို နားလည္တယ္လို႔ ဆိုပါတယ္။

ဝက္ဘရြန္းက ဘယ္လိုအသင္းျဖစ္တယ္။ သူတို႔ ရုပ္ပိုင္းဆုိင္ရာ ဘယ္လို အားျပဳကစားတယ္ဆိုတာ နားလည္ေပမယ့္ မန္စီးတီးအသင္းသားေတြ ႏုိင္ပြဲရေအာင္ မယူႏုိင္တာကို ဂြာဒီယိုလာက ေက်နပ္ဟန္ မရွိပါဘူး။ ဒီအပတ္မွာ စပါးနဲ႔ လီဗာပူးတို႔ ထိပ္တိုက္ေတြ႔ေနလို႔ အမွတ္ျပန္ကပ္လာဖို႔အတြက္ စီးတီးက အႏုိင္ရလဒ္ လိုအပ္ခဲ့တာလည္းျဖစ္တယ္။

ပပ္က ” က်ေန္ာတို႔ ပြဲကို မႏုိင္ႏိုင္ပါဘူး။ အဆံုးမွာ ႏုိင္ပြဲရဖို႔ အခြင့္အေရး ရွိခဲ့ပါတယ္။ က်ေန္ာတို႔က ဝက္ဘရြန္းထက္လည္း ပိုေကာင္းပါတယ္။ ဒါေပမယ့္လို႔ ႏုိင္ပြဲ မရႏုိင္ပါဘူး။

ဝက္ဘရြန္းက ရုပ္ပိုင္းဆိုင္ရာနဲ႔ ကစားျပီး သူတို႔ အဲ့အပိုင္းမွာ ေကာင္းေကာင္းလုပ္ႏုိင္တယ္၊ ေကာင္းလည္းေကာင္းတယ္ဆိုတာ က်ေန္ာတို႔ သိတယ္။ က်ေန္ာတို႔ သိေနေပမယ့္ က်ေန္ာတို႔ မႏုိင္ႏုိင္ပါဘူး။

အသင္းၾကီးေတြ ဘာလို႔ ရမွတ္ေတြ ေလ်ာ့နည္းေနတယ္ဆိုတာကို က်ေနာ္ မသိဘူး။ အမွတေ္ပးဇယားကို က်ေနာ္ ခြဲျခမ္းစိတ္ျဖာတာေတြ လုပ္မေနပါဘူး။ ဒါေပမယ့္ ဒီလိုပြဲကေတာ့ က်ေန္ာတို႔ ႏုိင္ရမွာပါ။ လိဂ္က ခက္ခဲပါတယ္။ ဒီလိဂ္က ရုပ္ပိုင္းဆိုင္ရာ သန္မာျပီး အားေကာင္းတဲ့ လိဂ္ျဖစ္ပါတယ္။ ” လို႔ ဆုိခဲ့တာျဖစ္တယ္။

ပြဲအတြင္းမွာ မၾကာခဏ အခ်ိန္ဆြဲတဲ့ အျပဳအမႈေတြ ရွိခဲ့သလို လူစားလဲမႈေတြနဲ႔အတူ ၾကံ႕ၾကာတာေတြ ရွိခဲ့ေပမယ့္ အခ်ိန္ပိုကို ၄ မိနစ္ပဲ ေပးတဲ့အေပၚ ဂြာဒီယိုလာက မေက်နပ္ပါဘူး။

စတုတၳဒိုင္ အန္တိုနီေသလာနဲ႔ ပက္သက္လို႔လည္း ဂြာဒီယိုလာက ” အခ်ိန္ပို ေလးမိနစ္ေပးတာက မလံုေလာက္ပါဘူး။ သံုးမိနစ္ေလာက္က လဲခ်တာ အခ်ိန္ဆြဲတာေတြ ရွိခဲ့တာပါ။ လူစားလဲမႈေတြလည္း ရွိခဲ့တာေၾကာင့္ ေလးမိနစ္ပဲ ေပးတာက မလံုေလာက္ပါဘူး။ ဒါေပမယ့္လို႔ အားလံုးက ဒိုင္လူၾကီးကပဲ ဆံုးျဖတ္ေပးမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။