ဆုဖလားစိန်ခေါ်နိုင်သ၍ မော်ရင်ညိုရဲ့ နည်းစနစ်ကို လက်ခံပေးကြမယ့် စပါးပရိသတ်များ

ပရီးမီးယားလိဂ် ကစားသမားဟောင်းနဲ့ မန်နေဂျာဟောင်းဖြစ်သူ ဂရေမီ ဆောင်းနက်က စပါးအသင်းဟာ တိုက်စစ်အသားပေး ကစားတဲ့အသင်း ဖြစ်ပေမယ့် မော်ရင်ညိုလက်ထက် ခံစစ်ကို အထိုင်ချ ကစားလာခဲ့ရင်လည်း စပါးပရိသတ်တွေ လက်ခံပေးလိမ့်မယ်လို့ ဆိုပါတယ်။

ပိုချက်တီနိုလက်ထက် ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်ကစားဟန်ကို ပိုင်ဆိုင်ခဲ့တဲ့ စပါးဟာ မော်ရင်ညို လက်ထက်မှာ ပိုမို ထက်မြက်လာခဲ့တယ်။ မော်ရင်ညိုက စပါးရဲ့ တိုက်စစ်ကစားဟန်ကို လုံးဝကြီး အဆုံးသတ်စေခဲ့တာ မဟုတ်ဘဲ ခံစစ်ကစားပုံကို ပိုမို လိမ်မာပါးနပ်လာဖို့ လမ်းညွှန်ပေးထားနိုင်တယ်။

စပါးအသင်း ဆုဖလားအောင်မြင်ဖို့က ဈေးကွက်တွင်းမှာ မော်ရင်ညိ စိတ်ကြိုက် လှုပ်ရှားနိုင်မလားအပေါ် မူတည်သေးတယ်လို့ ဆောင်းနက်က မြင်တယ်။ ကလပ်က ဆုဖလား စိန်ခေါ်နိုင်သ၍ ပရိသတ်တွေက မော်ရင်ညိုရဲ့ နည်းစနစ်ကို လက်ခံပေးမှာဖြစ်ပြီး ကြီး ၆ ကြီးထဲက တစ်သင်းဖြစ်တဲ့ စပါးက အောင်မြင်မှုတွေနဲ့ ဝေးကွာလွန်းနေခဲ့တာကို ထောက်ပြသွားပါတယ်။

ဆောင်းနက်က ” စပါးအသင်းကို မြင့်တင်ပေးလာတာအတွက် မော်ရင်ညိုက အသိအမှတ်ပြု ခံထိုက်ပါတယ်။ ချယ်ဆီးအသင်းမှာ သူလုပ်ပြခဲ့သလို စပါးအသင်းမှာ လုပ်ပြနိုင်ဖို့က ဈေးကွက်တွင်း ဝင်ရောက်လှုပ်ရှားမှုတွေကို ကြည့်ရမှာဖြစ်ပြီး အချိန်က စကားပြောပါလိမ့်မယ်။

ပွဲကြီးတွေမှာ သူတို့ ရင်ဆိုင်ကစားပုံနဲ့ ကစားကွက် အထိုင်ကျပုံတွေက စောင့်ကြည့်ဖို့ ခက်ခဲပေမယ့် အဲ့တာက အောင်မြင်မှုကို ယူဆောင်ပေးလာမယ်ဆိုရင် ပရိသတ်တွေက ကာလတို အနေအထားမှာ ကျေနပ်ကြပါလိမ့်မယ်။ အသင်းကြီး တစ်သင်းအတွက်က ၂၉ နှစ်အတွင်း လိဂ်ဖလား ၂ ကြိမ်ပဲ အနိုင်ရတယ်ဆိုတာ မလုံလောက်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ကစားသမားေဟာင္းနဲ႔ မန္ေနဂ်ာေဟာင္းျဖစ္သူ ဂေရမီ ေဆာင္းနက္က စပါးအသင္းဟာ တိုက္စစ္အသားေပး ကစားတဲ့အသင္း ျဖစ္ေပမယ့္ ေမာ္ရင္ညိဳလက္ထက္ ခံစစ္ကို အထိုင္ခ် ကစားလာခဲ့ရင္လည္း စပါးပရိသတ္ေတြ လက္ခံေပးလိမ့္မယ္လို႔ ဆိုပါတယ္။

ပိုခ်က္တီႏိုလက္ထက္ ဆြဲေဆာင္မႈရွိတဲ့ တိုက္စစ္ကစားဟန္ကို ပိုင္ဆိုင္ခဲ့တဲ့ စပါးဟာ ေမာ္ရင္ညိဳ လက္ထက္မွာ ပိုမို ထက္ျမက္လာခဲ့တယ္။ ေမာ္ရင္ညိဳက စပါးရဲ႕ တိုက္စစ္ကစားဟန္ကို လံုးဝၾကီး အဆံုးသတ္ေစခဲ့တာ မဟုတ္ဘဲ ခံစစ္ကစားပံုကို ပိုမို လိမ္မာပါးနပ္လာဖို႔ လမ္းညႊန္ေပးထားႏုိင္တယ္။

စပါးအသင္း ဆုဖလားေအာင္ျမင္ဖို႔က ေစ်းကြက္တြင္းမွာ ေမာ္ရင္ညိ စိတ္ၾကိဳက္ လႈပ္ရွားႏုိင္မလားအေပၚ မူတည္ေသးတယ္လို႔ ေဆာင္းနက္က ျမင္တယ္။ ကလပ္က ဆုဖလား စိန္ေခၚႏုိင္သ၍ ပရိသတ္ေတြက ေမာ္ရင္ညိဳရဲ႕ နည္းစနစ္ကို လက္ခံေပးမွာျဖစ္ျပီး ၾကီး ၆ ၾကီးထဲက တစ္သင္းျဖစ္တဲ့ စပါးက ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာလြန္းေနခဲ့တာကို ေထာက္ျပသြားပါတယ္။

ေဆာင္းနက္က ” စပါးအသင္းကို ျမင့္တင္ေပးလာတာအတြက္ ေမာ္ရင္ညိဳက အသိအမွတ္ျပဳ ခံထိုက္ပါတယ္။ ခ်ယ္ဆီးအသင္းမွာ သူလုပ္ျပခဲ့သလို စပါးအသင္းမွာ လုပ္ျပႏုိင္ဖို႔က ေစ်းကြက္တြင္း ဝင္ေရာက္လႈပ္ရွားမႈေတြကို ၾကည့္ရမွာျဖစ္ျပီး အခ်ိန္က စကားေျပာပါလိမ့္မယ္။

ပြဲၾကီးေတြမွာ သူတို႔ ရင္ဆိုင္ကစားပံုနဲ႔ ကစားကြက္ အထိုင္က်ပံုေတြက ေစာင့္ၾကည့္ဖို႔ ခက္ခဲေပမယ့္ အဲ့တာက ေအာင္ျမင္မႈကို ယူေဆာင္ေပးလာမယ္ဆိုရင္ ပရိသတ္ေတြက ကာလတို အေနအထားမွာ ေက်နပ္ၾကပါလိမ့္မယ္။ အသင္းၾကီး တစ္သင္းအတြက္က ၂၉ ႏွစ္အတြင္း လိဂ္ဖလား ၂ ၾကိမ္ပဲ အႏုိင္ရတယ္ဆိုတာ မလံုေလာက္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။