အနီကတ် မထိခင်ထိ အာဆင်နယ် သိပ်ကောင်းခဲ့ကြောင်း အာတီတာ မချိတင်ကဲ ဆို

အာဆင်နယ်အသင်းဟာ ညက ပရီးမီးယားလိဂ် ပွဲမှာ ဘန်လေကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ ၁ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ကွင်းလယ် ကစားသမား ဇာခါ တစ်ယောက် ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂန်းနားတို့ ဟန်ချက်ပျက်သွားပြီး ပွဲချိန် တလျောက်လုံး လွှမ်းမိုးထားခဲ့တာ ရပ်သွားခဲ့ရတယ်လို့ နည်းပြ အာတီတာက ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

ဂန်းနားတို့ဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေ အားလုံး ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဇာခါက အက်ရှ်လေ ဝက်စ်ဝုဒ်ရဲ့ လည်ပင်းကို ဆွဲခဲ့တဲ့အတွက် အနီကတ် ပြသခံခဲ့ရပြီး တစ်ယောက် အသာ ရသွားတဲ့ ဘန်လေက အနိုင်ကစားဖို့ အားသွန်လာခဲ့ပါတယ်။

တိုက်စစ်မှူး အူဘာမီးယန်း ဂိုးသွင်းခဲ့ပေမယ့် အဲ့ဒါက အာဆင်နယ်ရဲ့ဂိုးပေါက်ကြီးဖြစ်နေခဲ့တာဟာ ဘန်လေအတွက် အနိုင်ဂိုး ဖြစ်စေခဲ့ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဟာဆိုရင် ပရီးမီးယားလိဂ် အဖွင့်ပွဲပြီးကတည်းက အခုထိ open play ကနေ ဂိုးသွင်းနိုင်ခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ အားထုတ်မှုက အထင်ကြီးစရာ အဆင့်မှာ ရှိခဲ့တယ်လို့ အာတီတာက ဆိုပြီး အနီကတ် အပြမခံရင်ခင်ထိ အကောင်းဆုံး လွှမ်းမိုးနိုင်ခဲ့တယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

“ ကျနော့် ကောင်လေးတွေရဲ့ စွမ်းဆောင်ရည်ကိုကြည့်ရင် သူတို့ဘယ်လောက် စိတ်အားထက်သန်ခဲ့တယ်၊ အခွင့်အရေးတွေ ဘယ်လောက် ဖန်တီးခဲ့လဲဆိုတာ တွေ့မှာပါ၊ ဒါပေမယ့် နောက်ပိုင်းမှာ အနီကဒ်နဲ့အတူ ကျွန်တော်တို့က ပွဲကို လက်လွှတ်ဆုံးရှုံးခံခဲ့တယ်၊ မိနစ် ၆၀-၇၀ လောက်အထိ လုံးဝထိန်းချုပ်ထားခဲ့ပေမယ့် စောစောထဲက ပွဲကို နိုင်ထားခဲ့သင့်တာပါ။

အစကနေ ဇာခါ ထုတ်ပယ်ခံရတဲ့အချိန်အထိ အပြည့်အဝ လွှမ်းမိုးထားခဲ့တယ်၊ ကျွန်တော် အခွင့်အရေးတွေဖန်တီးခဲ့ပြီး ကစားသမားတွေရဲ့ စိတ်ဓာတ်ကလဲ အံ့ဩစရာဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ကစားပုံကတကယ်ကောင်းခဲ့တာပါ၊ ကောင်လေးတွေက တကယ်ကို စိတ်အားထက်သန်နေပြီးတော့ အရမ်းစိတ်ဓာတ်ပြင်းလွန်းတာကြောင့်ပဲ စည်းကျော်သွားပြီး တစ်ယောက် အထုတ်ခံလိုက်ရတယ်၊ စိတ်ဓာတ်ပြင်းလွန်းတယ်ဆိုတာက သူတို့က သူတို့လုပ်ဖို့ ကြိုးစားနေတဲ့အရာအပေါ် အရမ်းစိတ်နှစ်ထားတာကို ပြောတာပါ။

သူတို့ အကောင်းဆုံး ကြိုးစားခဲ့တယ်၊ အဲ့ဒီ့ထက်သန်မှုကို ကျွန်တော်တို့က နေရာလွဲမှားပြီး အသုံးချခဲ့တယ်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီ့အချိန်မှာ သူတို့က ဟာကွက်ကြီး ကျန်နေခဲ့တာပါ” လို့ အာတီတာက ဆိုပါတယ်။

အာဆင်နယ်ရဲ့ နောက်တစ်ပွဲကတော့ ဗုဒ္ဓဟူးနေ့မှာ ဆောက်သမ်တန်နဲ့ တွေ့ရမှာဖြစ်ပြီး နောက်ဆုံး လိဂ် ၈ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ သူ့အသင်းကို ဂိုးရရှိအောင်ကြိုးစားဖို့ အာတီတာက တောင်းဆိုခဲ့ပါတယ်။

“ဆောက်သမ်တန်နဲ့အိမ်ကွင်းမှာကစားတဲ့အခါ အနိုင်ရအောင် ကြိုးစားကြပါ၊ ငါတို့ ဂိုးသွင်းဖို့လိုတယ်၊ ဘောလုံးကို ပိုက်ထဲရောက်အောင် ထည့်ဖို့လိုတယ်၊ ငါတို့က ပွဲအစကနေ အနီကဒ်ထိတဲ့အထိ ထိပ်ဆုံးမှာရှိခဲ့တာပါ၊ ငါတို့ ပွဲတွေ အနိုင်မရဘူး၊ ငါက နိုင်ပွဲတွေရအောင် ထောက်ပံ့ပေးဖို့ ဒီမှာရှိနေတာပါ၊ အဲ့ဒီ့အတွက် နေ့တိုင်း ကြိုးစားကြရမယ်”လို့ အာတီတာက အသင်းသားတွေကို မှာကြားခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ညက ပရီးမီးယားလိဂ္ ပြဲမွာ ဘန္ေလကို အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံ ကစားခဲ့ရာ ၁ဂိုး ဂိုးမရွိနဲ႕ အေရးနိမ့္သြားခဲ့ပါတယ္။ ကြင္းလယ္ ကစားသမား ဇာခါ တစ္ေယာက္ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ဂန္းနားတို႔ ဟန္ခ်က္ပ်က္သြားျပီး ပြဲခ်ိန္ တေလ်ာက္လံုး လႊမ္းမိုးထားခဲ့တာ ရပ္သြားခဲ့ရတယ္လို႔ နည္းျပ အာတီတာက ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။

ဂန္းနားတို႔ဟာ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ အခြင့္အေရးေတြ အားလုံး ရရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဇာခါက အက္ရွ္ေလ ဝက္စ္ဝုဒ္ရဲ႕ လည္ပင္းကို ဆြဲခဲ့တဲ့အတြက္ အနီကတ္ ျပသခံခဲ့ရၿပီး တစ္ေယာက္ အသာ ရသြားတဲ့ ဘန္ေလက အနိုင္ကစားဖို႔ အားသြန္လာခဲ့ပါတယ္။

တိုက္စစ္မွဴး အူဘာမီးယန္း ဂိုးသြင္းခဲ့ေပမယ့္ အဲ့ဒါက အာဆင္နယ္ရဲ႕ဂိုးေပါက္ႀကီးျဖစ္ေနခဲ့တာဟာ ဘန္ေလအတြက္ အႏိုင္ဂိုး ျဖစ္ေစခဲ့ၿပီး အာဆင္နယ္အသင္းေခါင္းေဆာင္ဟာဆိုရင္ ပရီးမီးယားလိဂ္ အဖြင့္ပြဲၿပီးကတည္းက အခုထိ open play ကေန ဂိုးသြင္းႏိုင္ျခင္း မရွိေသးတာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ အားထုတ္မႈက အထင္ႀကီးစရာ အဆင့္မွာ ရွိခဲ့တယ္လို႔ အာတီတာက ဆိုျပီး အနီကတ္ အျပမခံရင္ခင္ထိ အေကာင္းဆံုး လႊမ္းမိုးနုိင္ခဲ့တယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။

“ က်ေနာ့္ ေကာင္ေလးေတြရဲ႕ စြမ္းေဆာင္ရည္ကိုၾကည့္ရင္ သူတို႔ဘယ္ေလာက္ စိတ္အားထက္သန္ခဲ့တယ္၊ အခြင့္အေရးေတြ ဘယ္ေလာက္ ဖန္တီးခဲ့လဲဆိုတာ ေတြ႕မွာပါ၊ ဒါေပမယ့္ ေနာက္ပိုင္းမွာ အနီကဒ္နဲ႔အတူ ကြၽန္ေတာ္တို႔က ပြဲကို လက္လႊတ္ဆုံးရႈံးခံခဲ့တယ္၊ မိနစ္ ၆၀-၇၀ ေလာက္အထိ လုံးဝထိန္းခ်ဳပ္ထားခဲ့ေပမယ့္ ေစာေစာထဲက ပြဲကို ႏိုင္ထားခဲ့သင့္တာပါ။

အစကေန ဇာခါ ထုတ္ပယ္ခံရတဲ့အခ်ိန္အထိ အျပည့္အဝ လႊမ္းမိုးထားခဲ့တယ္၊ ကြၽန္ေတာ္ အခြင့္အေရးေတြဖန္တီးခဲ့ၿပီး ကစားသမားေတြရဲ႕ စိတ္ဓာတ္ကလဲ အံ့ဩစရာျဖစ္ခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံကတကယ္ေကာင္းခဲ့တာပါ၊ ေကာင္ေလးေတြက တကယ္ကို စိတ္အားထက္သန္ေနၿပီးေတာ့ အရမ္းစိတ္ဓာတ္ျပင္းလြန္းတာေၾကာင့္ပဲ စည္းေက်ာ္သြားၿပီး တစ္ေယာက္ အထုတ္ခံလိုက္ရတယ္၊ စိတ္ဓာတ္ျပင္းလြန္းတယ္ဆိုတာက သူတို႔က သူတို႔လုပ္ဖို႔ ႀကိဳးစားေနတဲ့အရာအေပၚ အရမ္းစိတ္ႏွစ္ထားတာကို ေျပာတာပါ။

သူတို႔ အေကာင္းဆုံး ႀကိဳးစားခဲ့တယ္၊ အဲ့ဒီ့ထက္သန္မႈကို ကြၽန္ေတာ္တို႔က ေနရာလြဲမွားၿပီး အသုံးခ်ခဲ့တယ္ထင္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ အဲ့ဒီ့အခ်ိန္မွာ သူတို႔က ဟာကြက္ႀကီး က်န္ေနခဲ့တာပါ” လို႔ အာတီတာက ဆိုပါတယ္။

အာဆင္နယ္ရဲ႕ ေနာက္တစ္ပြဲကေတာ့ ဗုဒၶဟူးေန႔မွာ ေဆာက္သမ္တန္နဲ႔ ေတြ႕ရမွာျဖစ္ၿပီး ေနာက္ဆုံး လိဂ္ ၈ ပြဲမွာ ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ သူ႔အသင္းကို ဂိုးရရွိေအာင္ႀကိဳးစားဖို႔ အာတီတာက ေတာင္းဆိုခဲ့ပါတယ္။

“ေဆာက္သမ္တန္နဲ႔အိမ္ကြင္းမွာကစားတဲ့အခါ အႏိုင္ရေအာင္ ႀကိဳးစားၾကပါ၊ ငါတို႔ ဂိုးသြင္းဖို႔လိုတယ္၊ ေဘာလုံးကို ပိုက္ထဲေရာက္ေအာင္ ထည့္ဖို႔လိုတယ္၊ ငါတို႔က ပြဲအစကေန အနီကဒ္ထိတဲ့အထိ ထိပ္ဆုံးမွာရွိခဲ့တာပါ၊ ငါတို႔ ပြဲေတြ အႏိုင္မရဘူး၊ ငါက ႏိုင္ပြဲေတြရေအာင္ ေထာက္ပံ့ေပးဖို႔ ဒီမွာရွိေနတာပါ၊ အဲ့ဒီ့အတြက္ ေန႔တိုင္း ႀကိဳးစားၾကရမယ္”လို႔ အာတီတာက အသင္းသားေတြကို မွာၾကားခဲ့ပါတယ္။