ယူနိုက်တက်ကို မပြောင်ခင် သူငြင်းဆန်ခဲ့တဲ့ ကမ်းလှမ်းမှုတွေအကြောင်း ကာဗာနီ ထုတ်ပြော

ယူနိုက်တက်တိုက်စစ်သမား ကာဗာနီက ဒီနွေမှာ ပရီးမီးယားလိဂ်ကို မပြောင်းလာခင် သူ့ကို ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့က ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

ကာဗာနီဟာ အောင်တိုဘာလကမှ ပီအက်စ်ဂျီကနေ ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာခဲ့သူပါ။ သူဟာ မန်ချက်စတာကလပ်အတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေးထားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံ ကောင်းတွေက ရပ်ဖိုဒ့်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ တိုးတက်မှုအတွက် အကူအညီ ဖြစ်လာနိုင်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း အီတလီကလပ် နာပိုလီမှာ ကျင်လယ်ခဲ့တဲ့ ကာဗာနီကို ဒီနွေမှာတုန်းက စီးရီးအေကလပ်တွေက ကမ်းလှမ်းခဲ့တယ်။ နာပိုလီ ဂန္တဝင်ကြီး မာရာဒိုနာရဲ့ ဂုဏ်ပြုမှုမှာ ပါဝင်ခဲ့တဲ့ ကာဗာနီက နေပယ်သားတွေကို ရန်သူအဖြစ် ပြန်မမြင်လိုတာကြောင့် စီးရီးအေကို ငြင်းဆန်ခဲ့တဲ့ အကြောင်းကို ထုတ်ပြောပါတယ်။

ကာဗာနီက ” အီတလီဘက်က ကမ်းလှမ်းလာချိန်မှာ ကျနော် စိတ်လှုပ်ရှားခဲ့ပါတယ်။ နေပယ်ကတော့ ကျနော် ဘယ်တော့မှ မမေ့တော့မယ့် နေရာပဲ ဖြစ်ပါတယ်။ အဲ့ခံစားချက်တွေကို မပြောပြနိုင်အောင်ပါပဲ။ နေပယ်က ပရိသတ်တွေကို အမြဲတမ်း ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။

အဲ့အကြောင်းရင်းကြောင့်ပဲ ဂျူဗင်တပ် အပါအဝင် အီတလီကလပ်တွေ အများကြီးက ကမ်းလှမ်းလာချိန်မှာ ကျနော် ငြင်းဆန်ခဲ့ခြင်း ဖြစ်ပါတယ်။ အင်တာမီလန်ကလည်း ကမ်းလှမ်းခဲ့ပါတယ်။ နေပယ်သားတွေကို ရိုင်းပြခြင်းမျိုးကို ကျနော် မလုပ်နိုင်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီဟာ နွေတုန်းက တောင်အမေရိက အင်အားကြီးကလပ်ဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့သေးတာဖြစ်တယ်။ သူက အနာဂတ်မှာတော့ အာဂျင်တီးနားကလပ်အတွက် ကစားပေးဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြောခဲ့ပါသေးတယ်။

ZAWGYI – ယူႏုိက္တက္တိုက္စစ္သမား ကာဗာနီက ဒီေႏြမွာ ပရီးမီးယားလိဂ္ကို မေျပာင္းလာခင္ သူ႔ကို ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔က ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္လို႔ ဝန္ခံလိုက္ပါတယ္။

ကာဗာနီဟာ ေအာင္တိုဘာလကမွ ပီအက္စ္ဂ်ီကေန ယူႏုိက္တက္ကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာက္လာခဲ့သူပါ။ သူဟာ မန္ခ်က္စတာကလပ္အတြက္ အေရးပါတဲ့ သြင္းဂိုးေတြကိုလည္း သြင္းယူေပးထားခဲ့ျပီ ျဖစ္ပါတယ္။ သူ႔ရဲ႕ အေတြ႔အၾကံဳ ေကာင္းေတြက ရပ္ဖိုဒ့္၊ မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔ရဲ႕ တိုးတက္မႈအတြက္ အကူအညီ ျဖစ္လာႏုိင္ပါတယ္။

၂၀၁၁ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အတြင္း အီတလီကလပ္ နာပိုလီမွာ က်င္လယ္ခဲ့တဲ့ ကာဗာနီကို ဒီေႏြမွာတုန္းက စီးရီးေအကလပ္ေတြက ကမ္းလွမ္းခဲ့တယ္။ နာပိုလီ ဂႏၱဝင္ၾကီး မာရာဒိုနာရဲ႕ ဂုဏ္ျပဳမႈမွာ ပါဝင္ခဲ့တဲ့ ကာဗာနီက ေနပယ္သားေတြကို ရန္သူအျဖစ္ ျပန္မျမင္လိုတာေၾကာင့္ စီးရီးေအကို ျငင္းဆန္ခ့ဲတဲ့ အေၾကာင္းကို ထုတ္ေျပာပါတယ္။

ကာဗာနီက ” အီတလီဘက္က ကမ္းလွမ္းလာခ်ိန္မွာ က်ေနာ္ စိတ္လႈပ္ရွားခဲ့ပါတယ္။ ေနပယ္ကေတာ့ က်ေနာ္ ဘယ္ေတာ့မွ မေမ့ေတာ့မယ့္ ေနရာပဲ ျဖစ္ပါတယ္။ အဲ့ခံစားခ်က္ေတြကို မေျပာျပႏုိင္ေအာင္ပါပဲ။ ေနပယ္က ပရိသတ္ေတြကို အျမဲတမ္း ေက်းဇူးတင္ေနမွာ ျဖစ္ပါတယ္။

အဲ့အေၾကာင္းရင္းေၾကာင့္ပဲ ဂ်ဴဗင္တပ္ အပါအဝင္ အီတလီကလပ္ေတြ အမ်ားၾကီးက ကမ္းလွမ္းလာခ်ိန္မွာ က်ေနာ္ ျငင္းဆန္ခဲ့ျခင္း ျဖစ္ပါတယ္။ အင္တာမီလန္ကလည္း ကမ္းလွမ္းခဲ့ပါတယ္။ ေနပယ္သားေတြကို ရိုင္းျပျခင္းမ်ိဳးကို က်ေနာ္ မလုပ္ႏုိင္ပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ကာဗာနီဟာ ေႏြတုန္းက ေတာင္အေမရိက အင္အားၾကီးကလပ္ျဖစ္တဲ့ ဘိုကာဂ်ဴနီယာအသင္းရဲ႕ ကမ္းလွမ္းမႈကိုလည္း ရရွိခဲ့ေသးတာျဖစ္တယ္။ သူက အနာဂတ္မွာေတာ့ အာဂ်င္တီးနားကလပ္အတြက္ ကစားေပးဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ထုတ္ေျပာခဲ့ပါေသးတယ္။