ပရီးမီးယားလိဂ် အကောင်းဆုံး ဆုတွေ ကိုယ်စီပိုက်သွားတဲ့ မော်ရင်ညိုနဲ့ ဘရူနို ဖာနန်ဒက်စ်

စပါးအသင်း နည်းပြ မော်ရင်ညိုဟာ ပြိုင်ဘက်တွေ ဖြစ်တဲ့ ဖရန့်လမ်းပတ်၊ ဒေးဗစ်မိုယက်စ်နဲ့ ဆိုးရှားတို့ရဲ့ ဆန်ကာတင်တွေကို ကျော်ဖြတ်ကာ နိုဝင်ဘာလအတွက် အကောင်းဆုံး မန်နေဂျာဆုကို ရရှိသွားပါတယ်။ ကစားသမား ဆုကိုတော့ ယူနိုက်တက် ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်က ရရှိခဲ့ပါတယ်။

မော်ရင်ညိုရဲ့ စပါးအသင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း ပထမနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ နိုဝင်ဘာလထဲက လေးပွဲမှာ သုံးပွဲ အနိုင်ရခဲ့ပြီး မန်စီးတီးကို နိုင်တဲ့ပွဲလည်း ပါဝင်ခဲ့ပါတယ်။ ကျန်တစ်ပွဲကတော့ ချယ်ဆီးနဲ့ကတော့ သရေ ကျ သွားခဲ့တာပါ။

ချယ်ဆီးအသင်းကလည်း စပါးအသင်း နည်းတူ တစ်လထဲ သုံးပွဲ နိုင် တစ်ပွဲသရေကျခဲ့ပေမယ့် မော်ရင်ညိုက လမ်းပတ်ကို အသာရကာ အကောင်းဆုံး ဆု သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီသားကြီးကတော့ အကောင်းဆုံး မန်နေဂျာ ဆုက သူတင် မဟုတ်ဘဲ နည်းပြ အဖွဲ့ဝင်တွေ၊ အသင်းက ပညာရှင်တွေ အားလုံနဲ့ ဆိုင်တယ်လို့ အင်စတာဂရမ်ကနေ ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာလ အကောင်းဆုံး ကစားသမား ဆုကိုတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က ရရှိသွားခဲ့ပါတယ်။ ပေါ်တူဂီသားဟာ လိဂ်ပွဲ လေးပွဲမှာ လေးဂိုးထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ယူနိုက်တက်ထံ ရောက်လာတည်းက စလို့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု ရခဲ့တာ သုံးကြိမ် ရှိသွားခဲ့ပြီ ဖြစ်ကာ ကာလတို အတွင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ယူနိုက်တက်နဲ့ ယူခဲ့တဲ့ မှတ်တမ်းကို လိုက်မှီသွားခဲ့ပါတယ်။

Zawgyi – စပါးအသင္း နည္းျပ ေမာ္ရင္ညိဳဟာ ျပိဳင္ဘက္ေတြ ျဖစ္တဲ့ ဖရန္႔လမ္းပတ္၊ ေဒးဗစ္မိုယက္စ္နဲ႕ ဆိုးရွားတို႔ရဲ႕ ဆန္ကာတင္ေတြကို ေက်ာ္ျဖတ္ကာ နို၀င္ဘာလအတြက္ အေကာင္းဆံုး မန္ေနဂ်ာဆုကို ရရွိသြားပါတယ္။ ကစားသမား ဆုကိုေတာ့ ယူနိုက္တက္ ကြင္းလယ္သမား ဘရူနို ဖာနန္ဒက္စ္က ရရွိခဲ့ပါတယ္။

ေမာ္ရင္ညိဳရဲ႕ စပါးအသင္းက လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာလည္း ပထမေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ စပါးအသင္းဟာ နို၀င္ဘာလထဲက ေလးပြဲမွာ သံုးပြဲ အနိုင္ရခဲ့ျပီး မန္စီးတီးကို နုိင္တဲ့ပြဲလည္း ပါ၀င္ခဲ့ပါတယ္။ က်န္တစ္ပြဲကေတာ့ ခ်ယ္ဆီးနဲ႕ကေတာ့ သေရ က် သြားခဲ့တာပါ။

ခ်ယ္ဆီးအသင္းကလည္း စပါးအသင္း နည္းတူ တစ္လထဲ သံုးပြဲ နိုင္ တစ္ပြဲသေရက်ခဲ့ေပမယ့္ ေမာ္ရင္ညိဳက လမ္းပတ္ကို အသာရကာ အေကာင္းဆံုး ဆု သိမ္းသြားခဲ့တာ ျဖစ္ပါတယ္။ ေပၚတူဂီသားၾကီးကေတာ့ အေကာင္းဆံုး မန္ေနဂ်ာ ဆုက သူတင္ မဟုတ္ဘဲ နည္းျပ အဖြဲ႕၀င္ေတြ၊ အသင္းက ပညာရွင္ေတြ အားလံုနဲ႕ ဆိုင္တယ္လို႔ အင္စတာဂရမ္ကေန ေျပာဆိုခဲ့ပါတယ္။

နို၀င္ဘာလ အေကာင္းဆံုး ကစားသမား ဆုကိုေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္က ရရွိသြားခဲ့ပါတယ္။ ေပၚတူဂီသားဟာ လိဂ္ပြဲ ေလးပြဲမွာ ေလးဂိုးထိ သြင္းယူနုိင္ခဲ့တာ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီ ယူနိုက္တက္ထံ ေရာက္လာတည္းက စလို႔ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး ကစားသမားဆု ရခဲ့တာ သံုးၾကိမ္ ရွိသြားခဲ့ျပီ ျဖစ္ကာ ကာလတို အတြင္းမွာ ခရစၥတီယာနို ေရာ္နယ္ဒို ယူနိုက္တက္နဲ႕ ယူခဲ့တဲ့ မွတ္တမ္းကို လိုက္မီွသြားခဲ့ပါတယ္။