VAR က ကောင်းပါတယ်လို့ ပြောဖို့ဆိုတာ သူလည်း မသေချာတော့ကြောင်း ကလော့ပ် ဝန်ခံ

ကလော့ပ်ဟာ အသက် ၁၈ နှစ်အရွယ် ကစားသမား ဘီလီ ကူမီတီယိုကို စီနီယာ ပွဲဦးထွက်ခွင့် ပေးခဲ့ပြီး ၁၉ နှစ်အရွယ် လိုက်တန် ကလက်ဆန်ကိုလဲ ဥရောပ ပွဲကစားခွင့် ပေးခဲ့သလို သူတို့ရဲ့ ခြေစွမ်းတွေကြောင့် ကျေနပ်အားရနေခဲ့ပေမယ့် အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကိုတော့ စိတ်ပျက်နေပုံရပါတယ်။

မာနေးဟာ တာကီ မီနာမီနိုရဲ့ဂိုးအတွက် ဖန်တီးပေးရာမှာ လက်ထိခဲ့တယ်ဆို ယူဆခံခဲ့ရတာ ဖြစ်ပေမယ့် Replay ပြန်ပြရာမှာ ဘောလုံးက မစ်တိုင်လန်း နောက်ခံလူရဲ့ လက်မောင်းကို ထိခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာဖြစ်ပါတယ်။

“VAR က ကောင်းတယ်လို့ ကျွန်တော် အမြဲပြောတတ်ပေမယ့် အခုချိန်မှာတော့ အဲ့လို ပြောဖို့အတွက် မသေချာတော့ဘူး”လို့ ကလော့ပ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ကလော့ပ်ကပဲ “ အချိန်သိပ်ယူလွန်းတယ်။ သူတို့ဆုံးဖြတ်ချက်က မှန်ရဲ့လား (သို့) ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် လုပ်ရတာလားဆိုတာကို ကျနော် ပြန်မကြည့်ပါဘူး။ ဒါပေမယ့် ၃ မိနစ် ၄ မိနစ်လောက် အချိန်ယူတာကတော့ ကောင်လေးတွေအတွက် အဆင်မပြေပါဘူး။ အဲ့တာက အကူအညီလည်း မဖြစ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ မစ်ဂျီရန်ပွဲဟာ အဓိက အခိုက်အတန့် အများအပြားကို VAR က ပြန်စစ်မှုတွေ လုပ်ခဲ့ပါတယ်။ စစ်ဆေးချိန်တွေက သိပ်ကြာလွန်းတာကြောင့် နာကျင်အချိန်ပိုကိုတောင် ၈ မိနစ်ထိ ပေးခဲ့ရတာဖြစ်တယ်။

ယူအီးအက်ဖ်အေရဲ့ VAR စစ်ဆေးမှုက ပရီးမီးယားလိဂ်ထက်တောင် ရှင်းလင်းမှု အားနည်းခဲ့ပြီး ပွဲကြည့်နေတဲ့ ပရိသတ်တွေအတွက် အဆင်မပြေခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI – ကေလာ့ပ္ဟာ အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမား ဘီလီ ကူမီတီယိုကို စီနီယာ ပြဲဦးထြက္ခြင့္ ေပးခဲ့ၿပီး ၁၉ ႏွစ္အ႐ြယ္ လိုက္တန္ ကလက္ဆန္ကိုလဲ ဥေရာပ ပြဲကစားခြင့္ ေပးခဲ့သလို သူတို႔ရဲ႕ ေျခစြမ္းေတြေၾကာင့္ ေက်နပ္အားရေနခဲ့ေပမယ့္ အျငင္းပြားဖြယ္ VAR ဆုံးျဖတ္ခ်က္ကိုေတာ့ စိတ္ပ်က္ေနပံုရပါတယ္။

မာေနးဟာ တာကီ မီနာမီႏိုရဲ႕ဂိုးအတြက္ ဖန္တီးေပးရာမွာ လက္ထိခဲ့တယ္ဆို ယူဆခံခဲ့ရတာ ျဖစ္ေပမယ့္ Replay ျပန္ျပရာမွာ ေဘာလုံးက မစ္တိုင္လန္း ေနာက္ခံလူရဲ႕ လက္ေမာင္းကို ထိခဲ့တယ္ဆိုတာ ရွင္းရွင္းလင္းလင္း ျမင္ခဲ့ရတာျဖစ္ပါတယ္။

“VAR က ေကာင္းတယ္လို႔ ကြၽန္ေတာ္ အၿမဲေျပာတတ္ေပမယ့္ အခုခ်ိန္မွာေတာ့ အဲ့လို ေျပာဖို႔အတြက္ မေသခ်ာေတာ့ဘူး”လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ကေလာ့ပ္ကပဲ “ အခ်ိန္သိပ္ယူလြန္းတယ္။ သူတို႔ဆံုးျဖတ္ခ်က္က မွန္ရဲ႕လား (သို႔) ခက္ခက္ခဲခဲ ဆံုးျဖတ္ခ်က္ လုပ္ရတာလားဆိုတာကို က်ေနာ္ ျပန္မၾကည့္ပါဘူး။ ဒါေပမယ့္ ၃ မိနစ္ ၄ မိနစ္ေလာက္ အခ်ိန္ယူတာကေတာ့ ေကာင္ေလးေတြအတြက္ အဆင္မေျပပါဘူး။ အဲ့တာက အကူအညီလည္း မျဖစ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးနဲ႔ မစ္ဂ်ီရန္ပြဲဟာ အဓိက အခိုက္အတန္႔ အမ်ားအျပားကို VAR က ျပန္စစ္မႈေတြ လုပ္ခဲ့ပါတယ္။ စစ္ေဆးခ်ိန္ေတြက သိပ္ၾကာလြန္းတာေၾကာင့္ နာက်င္အခ်ိန္ပိုကိုေတာင္ ၈ မိနစ္ထိ ေပးခဲ့ရတာျဖစ္တယ္။

ယူအီးအက္ဖ္ေအရဲ႕ VAR စစ္ေဆးမႈက ပရီးမီးယားလိဂ္ထက္ေတာင္ ရွင္းလင္းမႈ အားနည္းခဲ့ျပီး ပြဲၾကည့္ေနတဲ့ ပရိသတ္ေတြအတြက္ အဆင္မေျပခဲ့တာပဲ ျဖစ္ပါတယ္။