ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ဖြစ်နိုင်ဖွယ် ပြိုင်ဘက်အသင်းများ

ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်တဲ့ အင်္ဂလန် အသင်းတွေကတော့ မန်စီးတီး၊ လီဗာပူးနဲ့ ချယ်ဆီး အသင်းတို့ပဲ ဖြစ်ပါတယ်။ ရှုံးထွက် အဆင့် ပွဲစဉ်တွေရဲ့ မဲခွဲမှုက နောက်တစ်ပတ်မှာ ပြုလုပ်မှာ ဖြစ်ပြီး အင်္ဂလန်အသင်းတွေချင်း ဒီအဆင့်မှာတော့ တွေ့ဦးမှာ မဟုတ်ပါဘူး။

အုပ်စုဗိုလ်တွေ အဖြစ် အင်္ဂလန်အသင်းတွေက နောက်တစ်ဆင့် အသီးသီး တက်သွားပေမယ့် အုပ်စု ဒုတိယ အသင်းတွေထဲမှာ ဘာစီလိုနာ အပါအဝင် ထိပ်သီးအသင်းတွေ ပါဝင်နေသေးလို့ ရှုံးထွက်မှာလည်း ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ အပေါင်းအပါတွေက ရှုံးထွက် အဆင့်မှာ မန်စီးတီး ဒါမှ မဟုတ် လီဗာပူးနဲ့ တွေ့ရင် တကယ့် ရင်ခုန်စရာ ပွဲကောင်း ဖြစ်လာဦးမှာမို့ မျှော်လင့်ကြသူတွေလည်း ရှိနေပါတယ်။ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ၁၆ သင်းအဆင့်မှာ ဆုံလာနိုင်တဲ့ ဖြစ်နိုင်ဖွယ် ပြိုင်ဘက်အသင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ဖြစ်နိုင်ဖွယ် ပြိုင်ဘက် အသင်းတွေကတော့ အက်သလက်တီကို မက်ဒရစ်၊ မွန်ချင်ဂလာဘတ်၊ ပေါ်တို၊ ဆီဗီလာ၊ လာဇီယို၊ ဘာစီလိုနာ၊ လိုက်ပ်ဇစ် အသင်းတို့ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ နောက်တစ်ဆင့် တွေ့နိုင်ဖွယ် ပြိုင်ဘက်အသင်းတွေကတော့ အက်သလက်တီကို မက်ဒရစ်၊ မွန်ချင်ဂလာဘတ်၊ အတ္တလန္တာ၊ ဆီဗီလာ၊ လာဇီယို၊ ဘာစီလိုနာနဲ့ လိုက်ပ်ဇစ် အသင်းတို့ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ပွဲတွေရဲ့ ပထမအကျော့ ပွဲတွေက ဖေဖော်၉ါရီ ၁၆၊ ၁၇ မှ ကစားရမှာ ဖြစ်ပြီး ဒုတိယ အကျော့ကတော့ မတ်လ ၉နဲ့ ၁၀ မှာ ဖြစ်ပါတယ်။ အုပ်စုဗိုလ် ဖြစ်တဲ့ အသင်းတွေက အဝေးကွင်း အရင် ကစားရမှာ ဖြစ်ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

Zawgyi – ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္ကို တက္လွမ္းသြားျပီ ျဖစ္တဲ့ အဂၤလန္ အသင္းေတြကေတာ့ မန္စီးတီး၊ လီဗာပူးနဲ႕ ခ်ယ္ဆီး အသင္းတို႔ပဲ ျဖစ္ပါတယ္။ ရွံဳးထြက္ အဆင့္ ပြဲစဥ္ေတြရဲ႕ မဲခဲြမႈက ေနာက္တစ္ပတ္မွာ ျပဳလုပ္မွာ ျဖစ္ျပီး အဂၤလန္အသင္းေတြခ်င္း ဒီအဆင့္မွာေတာ့ ေတြ႔ဦးမွာ မဟုတ္ပါဘူး။

အုပ္စုဗိုလ္ေတြ အျဖစ္ အဂၤလန္အသင္းေတြက ေနာက္တစ္ဆင့္ အသီးသီး တက္သြားေပမယ့္ အုပ္စု ဒုတိယ အသင္းေတြထဲမွာ ဘာစီလိုနာ အပါအ၀င္ ထိပ္သီးအသင္းေတြ ပါ၀င္ေနေသးလို႔ ရွံဳးထြက္မွာလည္း ျပိဳင္ဘက္ေကာင္းေတြနဲ႕ ရင္ဆိုင္ၾကရဦးမွာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီနဲ႕ အေပါင္းအပါေတြက ရွံဳးထြက္ အဆင့္မွာ မန္စီးတီး ဒါမွ မဟုတ္ လီဗာပူးနဲ႕ ေတြ႔ရင္ တကယ့္ ရင္ခုန္စရာ ပြဲေကာင္း ျဖစ္လာဦးမွာမို႔ ေမွ်ာ္လင့္ၾကသူေတြလည္း ရွိေနပါတယ္။ မန္စီးတီးနဲ႕ လီဗာပူးအသင္းတို႔ဟာ ၁၆ သင္းအဆင့္မွာ ဆံုလာနိုင္တဲ့ ျဖစ္နုိင္ဖြယ္ ျပိဳင္ဘက္အသင္းေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ျဖစ္နိုင္ဖြယ္ ျပိဳင္ဘက္ အသင္းေတြကေတာ့ အက္သလက္တီကို မက္ဒရစ္၊ မြန္ခ်င္ဂလာဘတ္၊ ေပၚတို၊ ဆီဗီလာ၊ လာဇီယို၊ ဘာစီလိုနာ၊ လိုက္ပ္ဇစ္ အသင္းတို႔ ျဖစ္ပါတယ္။

မန္စီးတီးရဲ႕ ေနာက္တစ္ဆင့္ ေတြ႔နုိင္ဖြယ္ ျပိဳင္ဘက္အသင္းေတြကေတာ့ အက္သလက္တီကို မက္ဒရစ္၊ မြန္ခ်င္ဂလာဘတ္၊ အတၱလႏၱာ၊ ဆီဗီလာ၊ လာဇီယို၊ ဘာစီလိုနာနဲ႕ လိုက္ပ္ဇစ္ အသင္းတို႔ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္ ျပိဳင္ပြဲေတြရဲ႕ ပထမအေက်ာ့ ပြဲေတြက ေဖေဖာ္၉ါရီ ၁၆၊ ၁၇ မွ ကစားရမွာ ျဖစ္ျပီး ဒုတိယ အေက်ာ့ကေတာ့ မတ္လ ၉နဲ႕ ၁၀ မွာ ျဖစ္ပါတယ္။ အုပ္စုဗိုလ္ ျဖစ္တဲ့ အသင္းေတြက အေ၀းကြင္း အရင္ ကစားရမွာ ျဖစ္ျပီး ဒုတိယအေက်ာ့ကို အိမ္ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။