စပါးအသင်း လေ့ကျင့်ရေးကွင်းမှာ ဆွန်ကို ကားရီးယက်စ်လို့ စနောက်ခဲ့တဲ့ ဂါရတ်ဘေလ်း

ဂါရတ်ဘေလ်းရဲ့ လေ့ကျင့်ရေးကွင်းတွင်း လှောင်ပြောင်မှုဟာ လာမယ့်အပတ် လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ပိုမို အားပြိုင်မှုတွေ ဖြစ်လာစေတော့မယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

လေ့ကျင့်ရေးအတွင်း ဝေလ်းကစားသမား ဒေးဗစ်ရဲ့ ခပ်ပြင်းပြင်း ဘောလုံးကန်မှုကို ဆွန်က လက်ဖြင့်တားရာမှာ ဘောလုံးက ဘေးချော်သွားခဲ့တာပါ။ ဘေလ်းက ဆွန်ကို ‘ကားရီးယက်စ်’ လို့ ဟားတိုက်ခဲ့ပြီး အဆိုပါ ဗီဒီယိုအပိုင်းက လူမှုကွန်ယက်တွေပေါ် စတင်ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကိဗ်က ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဖြင့် အနိုင်ရခဲ့တယ်။ ထိုစဉ်က လီဗာပူးဂိုးသမား ကားရီးယက်စ်ဟာ ဘေလ်းရဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုပေးခဲ့ရကာ သွင်းဂိုး ၁ ဂိုးကတော့ ဂျာမာန်သားရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ဂိုးပေါက်ထဲကို ချော်ပြီး ဝင်သွားခဲ့ခြင်း ဖြစ်ပါတယ်။

အဲ့ပွဲပြီးနောက်မှာ ကားရီးယက်စ်ဟာ လီဗာပူးရဲ့ အဓိက ဂိုးသမားအဖြစ်က လျော့ကျခဲ့ပြီး တူရကီလိဂ်ကို ၂ ရာသီ အငှားထွက်ခဲ့ရသလို ဒီရာသီမှာတော့ ဂျာမနီကလပ် ယူနီယန် ဘာလင်ကို အငှားထွက်နေတာဖြစ်ပါတယ်။

ယူရိုပါလိဂ်ပွဲကြို လေ့ကျင့်ရေးမှာ ဆွန်ရဲ့ ဘောလုံးဖမ်းဖို့ လွဲချော်မှုကို အနားမှာရှိနေတဲ့ ဘေလ်းက ရယ်မောခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူ့ရဲ့ ကန်ချက်ကို လွဲချော်ခဲ့တဲ့ လီဗာပူးဂိုးသမားနာမည် အော်ဟစ်ခဲ့တယ်။ စပါးလေ့ကျင့်ရေးကွင်းက အဆိုပါဖြစ်ရပ်ကို ရယ်မောခဲ့ပြီး ဆက်လက် လေ့ကျင့်ခဲ့ကြပါတယ်။

လာမယ့်အပတ်မှာတော့ အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ လီဗာပူးနဲ့ စပါးတို့ဟာ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘေလ်း ပါဝင်မလား မသိနိုင်ပေမယ့် ၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းရဲ့ ထိပ်တိုက်တွေ့မှုက ထိပ်ဆုံးတစ်နေရာအတွက် ဆိုတာထက် ပိုပြင်းထန်လာဖို့ ရှိလာနေပြီဖြစ်ပါတယ်။

ZAWGYI – ဂါရတ္ေဘလ္းရဲ႕ ေလ့က်င့္ေရးကြင္းတြင္း ေလွာင္ေျပာင္မႈဟာ လာမယ့္အပတ္ လီဗာပူးနဲ႔ ရင္ဆိုင္ရမယ့္ပြဲမွာ ပိုမို အားျပိဳင္မႈေတြ ျဖစ္လာေစေတာ့မယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

ေလ့က်င့္ေရးအတြင္း ေဝလ္းကစားသမား ေဒးဗစ္ရဲ႕ ခပ္ျပင္းျပင္း ေဘာလံုးကန္မႈကို ဆြန္က လက္ျဖင့္တားရာမွာ ေဘာလံုးက ေဘးေခ်ာ္သြားခဲ့တာပါ။ ေဘလ္းက ဆြန္ကို ‘ကားရီးယက္စ္’ လို႔ ဟားတိုက္ခဲ့ျပီး အဆိုပါ ဗီဒီယိုအပိုင္းက လူမႈကြန္ယက္ေတြေပၚ စတင္ပ်ံ႔ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ ကိဗ္က ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္က လီဗာပူးကို ၃-၁ ျဖင့္ အႏုိင္ရခဲ့တယ္။ ထိုစဥ္က လီဗာပူးဂိုးသမား ကားရီးယက္စ္ဟာ ေဘလ္းရဲ႕ သြင္းဂိုး ၂ ဂိုးကို ခြင့္ျပဳေပးခဲ့ရကာ သြင္းဂိုး ၁ ဂိုးကေတာ့ ဂ်ာမာန္သားရဲ႕ ဆိုးရြားတဲ့ အမွားေၾကာင့္ ဂိုးေပါက္ထဲကို ေခ်ာ္ျပီး ဝင္သြားခဲ့ျခင္း ျဖစ္ပါတယ္။

အဲ့ပြဲျပီးေနာက္မွာ ကားရီးယက္စ္ဟာ လီဗာပူးရဲ႕ အဓိက ဂိုးသမားအျဖစ္က ေလ်ာ့က်ခဲ့ျပီး တူရကီလိဂ္ကို ၂ ရာသီ အငွားထြက္ခဲ့ရသလို ဒီရာသီမွာေတာ့ ဂ်ာမနီကလပ္ ယူနီယန္ ဘာလင္ကို အငွားထြက္ေနတာျဖစ္ပါတယ္။

ယူရိုပါလိဂ္ပြဲၾကိဳ ေလ့က်င့္ေရးမွာ ဆြန္ရဲ႕ ေဘာလံုးဖမ္းဖို႔ လြဲေခ်ာ္မႈကို အနားမွာရွိေနတဲ့ ေဘလ္းက ရယ္ေမာခဲ့ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ သူ႔ရဲ႕ ကန္ခ်က္ကို လြဲေခ်ာ္ခဲ့တဲ့ လီဗာပူးဂိုးသမားနာမည္ ေအာ္ဟစ္ခဲ့တယ္။ စပါးေလ့က်င့္ေရးကြင္းက အဆိုပါျဖစ္ရပ္ကို ရယ္ေမာခဲ့ျပီး ဆက္လက္ ေလ့က်င့္ခဲ့ၾကပါတယ္။

လာမယ့္အပတ္မွာေတာ့ အမွတ္ေပးဇယား ဦးေဆာင္သူေတြျဖစ္တဲ့ လီဗာပူးနဲ႔ စပါးတို႔ဟာ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။ ဒီပြဲမွာ ေဘလ္း ပါဝင္မလား မသိနုိင္ေပမယ့္ ၂၀၁၉ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ ႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႔မႈက ထိပ္ဆံုးတစ္ေနရာအတြက္ ဆိုတာထက္ ပိုျပင္းထန္လာဖို႔ ရွိလာေနျပီျဖစ္ပါတယ္။