ဒီဂီယာက ယူနိုက်တက်ကို ချန်ပီယံလိဂ်က ထွက်ခွာစေတဲ့ ရာဇဝတ်သားပဲလို့ လက်ညှိုးထိုးလိုက်တဲ့ ပေါစခိုးလ်

ယူနိုက်တက် ဂန္တဝင် ကွင်းလယ်သမား ပေါစခိုးလ်ကတော့ ညက ချန်ပီယံလိဂ် ပွဲမှာ ပွဲကို အဆုံးအဖြတ် ဖြစ်သွားစေတဲ့ လိုက်ပ်ဇစ်ရဲ့ တတိယဂိုး ကို ခွင့်ပြုခဲ့ရတဲ့ ဂိုးသမား ဒီဂီယာ က ပြစ်မှု ကျူးလွန်တဲ့ ရာဇဝတ်သားပဲ လို့ ပွဲအပြီးမှာ ပြစ်တင် ရှုံ့ချလိုက်ပါတယ်။

ဂျာမနီမှာ သွားကစားရတဲ့ ပွဲကနေ ယူနိုက်တက်က နောက်တစ်ဆင့် တက်ဖို့ အနည်းဆုံး တစ်မှတ် ရဖို့ လိုပေမယ့် မကာကွယ်နိုင်ခဲ့ဘဲ အိမ်ရှင် လိုက်ပ်ဇစ် အသင်းကို ယူနိုက်တက်တို့ ၃-၂ နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား စပိန်သား ဒီဂီယာဟာ မပြတ်သားတဲ့ အဆုံးအဖြတ်တွေနဲ့ အသင်းကို ကျရှုံးစေခဲ့တယ်လို့ ပေါစခိုးလ် က ပြောဆိုခဲ့ပါတယ်။

” ဒေးဗစ် ဒီဂီယာ ရှိနေခဲ့တယ်လေ။ အခုက သူက အနာခံရမှာ ကြောက်နေခဲ့တာပဲ။ အဲဒီဘောလုံးက ဧရီယာထဲကို ဖြတ်ဝင်လာစရာ အကြောင်းကို မရှိသင့်တာ။ ဟယ်ရီ မက်ဂွဲရားကလည်း သစ်သားရုပ် တစ်ခု ချထားသလိုပဲ သူကလည်း မတုန်မလှုပ်။

နောက်ပြီး ဒီဂီယာက ဂိုးသမား တစ်ယောက် အနေနဲ့ ထွက်လာခဲ့သင့်တာ။ သူက ကိုယ်ကို ဖြန့်ပြီး ထွက်ပုတ်ခဲ့သင့်တယ်။ အဲဒီအတွက် မျက်နှာကို ထိခိုက်မိချင်လဲ ထိမိမယ်။ နာရင်လည်း နာမယ်။ ဒါပေမယ့် သူကတော့ နောက်ဆုတ်သွားခဲ့တယ်။

သူက ကိုယ့်ဘာသာကိုယ် ရာဇဝတ်သား တစ်ယောက်လို သိမ်ငယ်ခံခဲ့တယ်။ ဝါရင့် အတွေ့အကြုံ ရှိ ဂိုးသမား တစ်ယောက် အနေနဲ့ သူ့လုပ်ရပ်ကလည်း တကယ့် အပြစ်သား လို ဖြစ်သွားပြီ။ ” လို့ စခိုးလ်က ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ရှုံးပွဲ အတွက် အများစုက နည်းပြ ဆိုးရှားရဲ့ ခံစစ် ငါးယောက်ထိ ထားခဲ့တဲ့ ဗျူဟာကို အပြစ်တင်ကြပေမယ့် အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ နည်းပြကိုချည်း အပြစ်တင်ဖို့ ပွဲ အပြီးမှာ ငြင်းဆန်ခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ဂႏၱ၀င္ ကြင္းလယ္သမား ေပါစခိုးလ္ကေတာ့ ညက ခ်န္ပီယံလိဂ္ ပြဲမွာ ပြဲကို အဆံုးအျဖတ္ ျဖစ္သြားေစတဲ့ လိုက္ပ္ဇစ္ရဲ႕ တတိယဂိုး ကို ခြင့္ျပဳခဲ့ရတဲ့ ဂိုးသမား ဒီဂီယာ က ျပစ္မႈ က်ဴးလြန္တဲ့ ရာဇ၀တ္သားပဲ လို႔ ပြဲအျပီးမွာ ျပစ္တင္ ရွံဳ႕ခ်လိုက္ပါတယ္။

ဂ်ာမနီမွာ သြားကစားရတဲ့ ပြဲကေန ယူနိုက္တက္က ေနာက္တစ္ဆင့္ တက္ဖို႔ အနည္းဆံုး တစ္မွတ္ ရဖို႔ လိုေပမယ့္ မကာကြယ္နုိင္ခဲ့ဘဲ အိမ္ရွင္ လိုက္ပ္ဇစ္ အသင္းကို ယူနိုက္တက္တို႔ ၃-၂ နဲ႕ အေရးနိမ့္ကာ ျပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္။ ဒီပြဲမွာ ယူနိုက္တက္ရဲ႕ ပြဲထြက္ ဂိုးသမား စပိန္သား ဒီဂီယာဟာ မျပတ္သားတဲ့ အဆံုးအျဖတ္ေတြနဲ႕ အသင္းကို က်ရွံဳးေစခဲ့တယ္လုိ႔ ေပါစခိုးလ္ က ေျပာဆိုခဲ့ပါတယ္။

” ေဒးဗစ္ ဒီဂီယာ ရွိေနခဲ့တယ္ေလ။ အခုက သူက အနာခံရမွာ ေၾကာက္ေနခဲ့တာပဲ။ အဲဒီေဘာလံုးက ဧရီယာထဲကို ျဖတ္၀င္လာစရာ အေၾကာင္းကို မရွိသင့္တာ။ ဟယ္ရီ မက္ဂြဲရားကလည္း သစ္သားရုပ္ တစ္ခု ခ်ထားသလိုပဲ သူကလည္း မတုန္မလႈပ္။

ေနာက္ျပီး ဒီဂီယာက ဂိုးသမား တစ္ေယာက္ အေနနဲ႕ ထြက္လာခဲ့သင့္တာ။ သူက ကိုယ္ကို ျဖန္႔ျပီး ထြက္ပုတ္ခဲ့သင့္တယ္။ အဲဒီအတြက္ မ်က္နွာကို ထိခိုက္မိခ်င္လဲ ထိမိမယ္။ နာရင္လည္း နာမယ္။ ဒါေပမယ့္ သူကေတာ့ ေနာက္ဆုတ္သြားခဲ့တယ္။

သူက ကုိယ့္ဘာသာကုိယ္ ရာဇ၀တ္သား တစ္ေယာက္လို သိမ္ငယ္ခံခဲ့တယ္။ ၀ါရင့္ အေတြ႔အၾကံဳ ရွိ ဂိုးသမား တစ္ေယာက္ အေနနဲ႕ သူ႔လုပ္ရပ္ကလည္း တကယ့္ အျပစ္သား လို ျဖစ္သြားျပီ။ ” လို႔ စခိုးလ္က ေ၀ဖန္ ျပစ္တင္သြားခဲ့ပါတယ္။

ယူနုိက္တက္ရဲ႕ ရွံဳးပြဲ အတြက္ အမ်ားစုက နည္းျပ ဆိုးရွားရဲ႕ ခံစစ္ ငါးေယာက္ထိ ထားခဲ့တဲ့ ဗ်ဴဟာကို အျပစ္တင္ၾကေပမယ့္ အသင္းေခါင္းေဆာင္ မက္ဂြဲရားကေတာ့ နည္းျပကိုခ်ည္း အျပစ္တင္ဖို႔ ပြဲ အျပီးမွာ ျငင္းဆန္ခဲ့ပါတယ္။