ကိုယ့်ဘာသာ အပြစ်တင်ရုံပဲ ဆိုတဲ့ မက်ဂွဲရားနဲ့ လမ်းဟောင်း ယူရိုပါလိဂ်ကို မြန်းရပြီ ဖြစ်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်တစ်ဆင့် တက်ဖို့ အဆုံးအဖြတ် ဖြစ်တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်များ အတွင်း ကျင်လည်ခဲ့ရတဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဆီ သွားရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီကို ရှောင်မရဘဲ အရေးနိမ့်ခဲ့ရတာကြောင့် ယူနိုက်တက်ဟာ နောက်ဆုံးပွဲထိ အဆုံးအဖြတ် ခံရတာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်နဲ့ ပွဲမှာ သရေ တစ်မှတ် ရရင်ပဲ ရှုံးထွက် အဆင့်ကို တက်ပြီ ဖြစ်ပေမယ့် ယူနိုက်တက်ဟာ အခွင့်အရေးကို မဆုတ်ကိုင်နိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လိုက်ပ်ဇစ်ကို ဦးဆောင် ဂိုးတွေ ခွင့်ပြုခဲ့ရပြီးမှ ဒုတိယပိုင်း မိနစ် ၈၀နဲ့ နောက်ပိုင်းမှ ချေပဂိုးများ ပြန်သွင်းနိုင်ခဲ့တာ ဖြစ်ကာ ၃ ဂိုးတော့ မသွင်းယူနိုင်ခဲ့တာကြောင့် လိုက်ပ်ဇစ်ကပဲ ၃-၂ နဲ့ အနိုင်ယူသွားတာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးတွေ ခွင့်ပြုပြီးမှ နိုင်ပွဲယူလေ့ ရှိနေတဲ့ ယူနိုက်တက်ဟာ အလယ်အလတ်တန်း အသင်းများနဲ့ ဆုံချိန်မှာသာ အဆင်ပြေခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက် လိုက်ပ်ဇစ် အသင်းကိုတော့ မယှဉ်နိုင်ခဲ့ဘူး ဆိုရမှာပါ။

ပွဲအပြီးမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက ရှုံးပွဲ အတွက် ကိုယ့်ဘာသာကိုယ်သာ အပြစ်တင်ရတော့မှာ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

” ဒီနေ့ပွဲမှာ ကျနေ်ာတို့ တော်တော်ကြီး အထနှေးခဲ့တယ်။ ပထမပိုင်း မိနစ် ၂၀ လောက်ထိ ကစားတာ လုံလောက် ကောင်းမွန်မှု မရှိခဲ့ဘူး။ ခြေမပေါ်ခဲ့ဘူး။ သူတို့က အခွင့်အရေး နှစ်ခုရပြီး ဂိုးလည်း သွင်းသွားခဲ့တယ်။ သူတို့ ဧရိယာထဲ ဘောလုံး ထည့်လိုက်ချိန်မှာ သူတို့ကို ကျနော်တို့ မတားဆီးနိုင်ခဲ့ဘူး။

ဒုတိယပိုင်းမှာလည်း သူတို့က ပထမဆုံး တိုက်စစ် ဆင်တဲ့ အကြိမ်ကနေပဲ ဂိုးသွင်းသွားတာပါ။ နောက်ထပ် ဖြတ်တင်ဘော နဲ့ပေါ့။ ကျနော်တို့ အနေနဲ့ ကိုယ့်ဘာသာ ကိုယ်ပဲ အပြစ်တင်ရတော့မှာပါပဲ။ ” လို့ မက်ဂွဲရားက ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ေနာက္တစ္ဆင့္ တက္ဖို႔ အဆံုးအျဖတ္ ျဖစ္တဲ့ ခ်န္ပီယံလိဂ္ အုပ္စု ေနာက္ဆံုးပြဲမွာ လိုက္ပ္ဇစ္ကို အေရးနိမ့္ခဲ့တာေၾကာင့္ ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္ျပီး ျပီးခဲ့တဲ့နွစ္မ်ား အတြင္း က်င္လည္ခဲ့ရတဲ့ ယူရိုပါလိဂ္ ျပိဳင္ပြဲဆီ သြားရျပီ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့အပတ္က ပီအက္စ္ဂ်ီကို ေရွာင္မရဘဲ အေရးနိမ့္ခဲ့ရတာေၾကာင့္ ယူနိုက္တက္ဟာ ေနာက္ဆံုးပြဲထိ အဆံုးအျဖတ္ ခံရတာ ျဖစ္ပါတယ္။ လိုက္ပ္ဇစ္နဲ႕ ပြဲမွာ သေရ တစ္မွတ္ ရရင္ပဲ ရွံဳးထြက္ အဆင့္ကို တက္ျပီ ျဖစ္ေပမယ့္ ယူနိုက္တက္ဟာ အခြင့္အေရးကို မဆုတ္ကိုင္နိုင္ခဲ့ဘဲ လက္လႊတ္ခဲ့ရပါတယ္။

ယူနိုက္တက္ဟာ လိုက္ပ္ဇစ္ကို ဦးေဆာင္ ဂိုးေတြ ခြင့္ျပဳခဲ့ရျပီးမွ ဒုတိယပိုင္း မိနစ္ ၈၀နဲ႕ ေနာက္ပိုင္းမွ ေခ်ပဂိုးမ်ား ျပန္သြင္းနုိင္ခဲ့တာ ျဖစ္ကာ ၃ ဂိုးေတာ့ မသြင္းယူနိုင္ခဲ့တာေၾကာင့္ လိုက္ပ္ဇစ္ကပဲ ၃-၂ နဲ႕ အနုိင္ယူသြားတာ ျဖစ္ပါတယ္။

ဦးေဆာင္ဂိုးေတြ ခြင့္ျပဳျပီးမွ နုိင္ပြဲယူေလ့ ရွိေနတဲ့ ယူနိုက္တက္ဟာ အလယ္အလတ္တန္း အသင္းမ်ားနဲ႕ ဆံုခ်ိန္မွာသာ အဆင္ေျပခဲ့ျပီး ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ေရာက္ လိုက္ပ္ဇစ္ အသင္းကိုေတာ့ မယွဥ္နိုင္ခဲ့ဘူး ဆိုရမွာပါ။

ပြဲအျပီးမွာေတာ့ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ရွံဳးပြဲ အတြက္ ကုိယ့္ဘာသာကိုယ္သာ အျပစ္တင္ရေတာ့မွာ ျဖစ္ေၾကာင္း ၀န္ခံ ေျပာဆိုသြားခဲ့ပါတယ္။

” ဒီေန႔ပြဲမွာ က်ေန္ာတို႔ ေတာ္ေတာ္ၾကီး အထေနွးခဲ့တယ္။ ပထမပိုင္း မိနစ္ ၂၀ ေလာက္ထိ ကစားတာ လံုေလာက္ ေကာင္းမြန္မႈ မရွိခဲ့ဘူး။ ေျခမေပၚခဲ့ဘူး။ သူတို႔က အခြင့္အေရး နွစ္ခုရျပီး ဂိုးလည္း သြင္းသြားခဲ့တယ္။ သူတို႔ ဧရိယာထဲ ေဘာလံုး ထည့္လိုက္ခ်ိန္မွာ သူတို႔ကို က်ေနာ္တုိ႔ မတားဆီးနုိင္ခဲ့ဘူး။

ဒုတိယပိုင္းမွာလည္း သူတို႔က ပထမဆံုး တိုက္စစ္ ဆင္တဲ့ အၾကိမ္ကေနပဲ ဂိုးသြင္းသြားတာပါ။ ေနာက္ထပ္ ျဖတ္တင္ေဘာ နဲ႕ေပါ့။ က်ေနာ္တို႔ အေနနဲ႕ ကုိယ့္ဘာသာ ကိုယ္ပဲ အျပစ္တင္ရေတာ့မွာပါပဲ။ ” လို႔ မက္ဂြဲရားက ေျပာဆိုခဲ့ပါတယ္။