လိုက်ပ်ဇစ်နဲ့ပွဲမှာ ခံစစ်ပိတ် ကစားပြီလို့ အသိပေးလိုက်တဲ့ မန်ယူနိုက်တက် နည်းပြ ဆိုရှား

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အရည်အချင်းကို စမ်းသပ်တာဖြစ်လို့ ဒီပွဲမှာ ရူးမိုက်တဲ့ အရဲစွန့်မှုတွေ လုပ်ဖို့ မလိုဘူးလို့ ဆိုးလ်ရှားက ဆိုလိုက်ပြီး ခံစစ် ပိတ်ကစားမယ့် သဘော ပြောဆိုလာပါတယ်။

ယူနိုက်တက်ဟာ ၅ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စုထိပ်ဆုံးနေရာမှာ ရှိနေပေမယ့်လဲ ပွဲစဉ် ၃ မှာ အစ္စတန်ဘူလ်ကို ၂-၁ နဲ့ ရှုံးပြီး ပွဲစဉ် ၅ မှာ ပီအက်စ်ဂျီကို ၃-၁ နဲ့ ရှုံးခဲ့တဲ့နောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ဒီနေ့ လိုက်ပ်ဇစ်နဲ့ပွဲမှာ အနည်းဆုံး သရေ တစ်မှတ် ရဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

တဖက်မှာလည်း အုပ်စု ပြိုင်ဘက် ပီအက်စ်ဂျီက နောက်ဆုံးပွဲမှာ အစ္စတန်ဘူလ်နဲ့ တွေ့ရမှာဖြစ်တာကြောင့် အုပ်စုအဆင့်ကနေ တက်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတာနဲ့အတူ ယူနိုက်တက်အနေနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ဖို့အတွက် လိုက်ပ်ဇစ်ကို မရှုံးဖို့ လိုအပ်နေတာပါ။

ယူနိုက်တက်ဟာ မနှစ်က ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ လိုက်ပ်ဇစ်ကို ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာ တုန်းက ၅ ဂိုးပြတ် အနိုင်ရခဲ့တာဖြစ်ပြီး နာဂယ်မန်းစ်ရဲ့အသင်းကို နောက်ထပ်တစ်ကြိမ် အနိုင်ရရင် မိမိတို့အသင်းက ဘယ်လောက် တိုးတက်လာခဲ့လဲဆိုတာကို သက်သေပြနိုင်မှာ ဖြစ်တယ်လို့ ဆိုးလ်ရှားက ထင်မြင်နေတာပါ။

ဂျာမနီမှာ do or die အခြေအနေနဲ့ ကြုံနေရတဲ့အပေါ် အကြိုက်တွေ့မိလားလို့ မေးမြန်းခံခဲ့ရာ ဆိုးလ်ရှားက “သေချာတာပေါ့၊ ချန်ပီယံလိဂ်က ဒီလိုပဲ ဖြစ်သင့်ပါတယ်၊ ဒီပွဲက ကျွန်တော်တို့ရဲ့ အရည်အချင်းနဲ့ ဘယ်လောက် တိုးတက်လာလဲဆိုတာကို စမ်းသပ်တဲ့ပွဲပါ၊ ဘောလုံး အားကစားဆိုတာ အရေးကြုံလာတဲ့အခါ ခြေစွမ်းကောင်းပြနိုင် မပြနိုင် ဆိုတာကို ကြည့်ပြီး သုံးသပ်လို့ရတယ်။ ” လို့ ဖြေကြားခဲ့ပါတယ်။

ဆိုးရှားက ” ကျွန်တော်တို့တွေ နောက်ဆုံးပွဲကစားရမှာပါ၊ ဒီအခြေအနေကို ရောက်ဖို့ ကျွန်တော်တို့ ကောင်းကောင်းလုပ်ခဲ့ပြီးတော့ အခု ၁ မှတ်လေးပဲ လိုပါတော့တယ်၊ ဂျာမနီကိုသွားပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကို ပြသချင်တယ်၊ ဒီပွဲကို အနိုင်ရဖို့ မျှော်လင့်ပါတယ်။

ဒါပေမယ့် ဒါတွေက ကိုယ့်ရဲ့စိတ်ထဲမှာရှိတာပါ၊ ကျွန်တော်တို့ရူးမိုက်တဲ့ စွန့်စားမှုတွေ လုပ်ဖို့မလိုဘူးဆိုတာ သိပါတယ်၊ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ပဲ လိုပါတယ်။ ” လို့ ဆိုးလ်ရှားက ပြောဆိုခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်က ပေးလာမယ့် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့တော့ ဆိုးလ်ရှားက “သူတို့မှာ ကစားသမားကောင်းတွေရှိတယ်၊ အသင်းကောင်း ဖြစ်တယ်၊ သူတို့ရဲ့ အဆင့်အတန်းကို မြှင့်တင်ခဲ့တဲ့ သူတို့ရဲ့နည်းလမ်းက အထင်ကြီးစရာ ကောင်းခဲ့ပါတယ်၊ ဘာပဲဖြစ်ဖြစ် ယူနိုက်တက်အတွက် ကျွန်တော်တို့ ဘယ်လို စွမ်းဆောင်ပြမလဲဆိုတာကိုပဲ အာရုံစိုက်ရမှာပါ၊ ကျွန်တော်တို့ကိုယ်တိုင် အကောင်းဆုံး အနေအထားမှာ ရှိနေရင် ဘယ်အသင်းမဆို ကျွန်တော်တို့ကို ယှဉ်ကစားဖို့ ရုန်းကန်ရမှာပါပဲ ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးပြဲဟာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အရည္အခ်င္းကို စမ္းသပ္တာျဖစ္လို႔ ဒီပြဲမွာ ႐ူးမိုက္တဲ့ အရဲစြန႔္မႈေတြ လုပ္ဖို႔ မလိုဘူးလို႔ ဆိုးလ္ရွားက ဆိုလိုက္ျပီး ခံစစ္ ပိတ္ကစားမယ့္ သေဘာ ေျပာဆိုလာပါတယ္။

ယူႏိုက္တက္ဟာ ၅ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အုပ္စုထိပ္ဆုံးေနရာမွာ ရွိေနေပမယ့္လဲ ပြဲစဥ္ ၃ မွာ အစၥတန္ဘူလ္ကို ၂-၁ နဲ႔ ရႈံးၿပီး ပြဲစဥ္ ၅ မွာ ပီအက္စ္ဂ်ီကို ၃-၁ နဲ႔ ရႈံးခဲ့တဲ့ေနာက္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ ဒီေန႔ လိုက္ပ္ဇစ္နဲ႔ပြဲမွာ အနည္းဆံုး သေရ တစ္မွတ္ ရဖို႔ လိုအပ္ေနဆဲျဖစ္ပါတယ္။

တဖက္မွာလည္း အုပ္စု ျပိဳင္ဘက္ ပီအက္စ္ဂ်ီက ေနာက္ဆုံးပြဲမွာ အစၥတန္ဘူလ္နဲ႔ ေတြ႕ရမွာျဖစ္တာေၾကာင့္ အုပ္စုအဆင့္ကေန တက္ဖို႔ ထိပ္ဆုံးက ေရပန္းစားေနတာနဲ႔အတူ ယူႏိုက္တက္အေနနဲ႔ ၁၆ သင္းအဆင့္ကို တက္ႏိုင္ဖို႔အတြက္ လိုက္ပ္ဇစ္ကို မရႈံးဖို႔ လိုအပ္ေနတာပါ။

ယူႏိုက္တက္ဟာ မႏွစ္က ဆီမီးဖိုင္နယ္ေရာက္ခဲ့တဲ့ လိုက္ပ္ဇစ္ကို ပထမအေက်ာ့ အိုးလ္ထရက္ဖို႔ဒ္မွာ တုန္းက ၅ ဂိုးျပတ္ အႏိုင္ရခဲ့တာျဖစ္ၿပီး နာဂယ္မန္းစ္ရဲ႕အသင္းကို ေနာက္ထပ္တစ္ႀကိမ္ အႏိုင္ရရင္ မိမိတို႔အသင္းက ဘယ္ေလာက္ တိုးတက္လာခဲ့လဲဆိုတာကို သက္ေသျပႏိုင္မွာ ျဖစ္တယ္လို႔ ဆိုးလ္ရွားက ထင္ျမင္ေနတာပါ။

ဂ်ာမနီမွာ do or die အေျခအေနနဲ႔ ႀကဳံေနရတဲ့အေပၚ အႀကိဳက္ေတြ႕မိလားလို႔ ေမးျမန္းခံခဲ့ရာ ဆိုးလ္ရွားက “ေသခ်ာတာေပါ့၊ ခ်န္ပီယံလိဂ္က ဒီလိုပဲ ျဖစ္သင့္ပါတယ္၊ ဒီပြဲက ကြၽန္ေတာ္တို႔ရဲ႕ အရည္အခ်င္းနဲ႔ ဘယ္ေလာက္ တိုးတက္လာလဲဆိုတာကို စမ္းသပ္တဲ့ပြဲပါ၊ ေဘာလုံး အားကစားဆိုတာ အေရးႀကဳံလာတဲ့အခါ ေျခစြမ္းေကာင္းျပႏိုင္ မျပႏိုင္ ဆိုတာကို ၾကည့္ၿပီး သုံးသပ္လို႔ရတယ္။ ” လို႔ ေျဖၾကားခဲ့ပါတယ္။

ဆိုးရွားက ” ကြၽန္ေတာ္တို႔ေတြ ေနာက္ဆုံးပြဲကစားရမွာပါ၊ ဒီအေျခအေနကို ေရာက္ဖို႔ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ခဲ့ၿပီးေတာ့ အခု ၁ မွတ္ေလးပဲ လိုပါေတာ့တယ္၊ ဂ်ာမနီကိုသြားၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ လုပ္ႏိုင္စြမ္းကို ျပသခ်င္တယ္၊ ဒီပြဲကို အႏိုင္ရဖို႔ ေမွ်ာ္လင့္ပါတယ္။

ဒါေပမယ့္ ဒါေတြက ကိုယ့္ရဲ႕စိတ္ထဲမွာရွိတာပါ၊ ကြၽန္ေတာ္တို႔႐ူးမိုက္တဲ့ စြန႔္စားမႈေတြ လုပ္ဖို႔မလိုဘူးဆိုတာ သိပါတယ္၊ ဆုံးျဖတ္ခ်က္ေကာင္းေတြ ခ်ဖို႔ပဲ လိုပါတယ္။ ” လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္က ေပးလာမယ့္ ၿခိမ္းေျခာက္မႈေတြနဲ႔ ပတ္သက္လို႔ေတာ့ ဆိုးလ္ရွားက “သူတို႔မွာ ကစားသမားေကာင္းေတြရွိတယ္၊ အသင္းေကာင္း ျဖစ္တယ္၊ သူတို႔ရဲ႕ အဆင့္အတန္းကို ျမႇင့္တင္ခဲ့တဲ့ သူတို႔ရဲ႕နည္းလမ္းက အထင္ႀကီးစရာ ေကာင္းခဲ့ပါတယ္၊ ဘာပဲျဖစ္ျဖစ္ ယူႏိုက္တက္အတြက္ ကြၽန္ေတာ္တို႔ ဘယ္လို စြမ္းေဆာင္ျပမလဲဆိုတာကိုပဲ အာ႐ုံစိုက္ရမွာပါ၊ ကြၽန္ေတာ္တို႔ကိုယ္တိုင္ အေကာင္းဆုံး အေနအထားမွာ ရွိေနရင္ ဘယ္အသင္းမဆို ကြၽန္ေတာ္တို႔ကို ယွဥ္ကစားဖို႔ ႐ုန္းကန္ရမွာပါပဲ ” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။