ချယ်ဆီးကို မနိုင်တဲ့ စပါးက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ မထိုက်တန်ဘူးဆိုတဲ့ ရွိုင်ကိန်း

စပါးအသင်းဟာ စတမ်းဖိုဒ့်ဘရစ်မှာ အရေးနိမ့်ခြင်းကနေ ရှောင်လွဲဖို့ လိုအပ်ခဲ့ပြီး မျှော်လင့်ထားတဲ့ သရေရလဒ်ကို ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ ရမှတ်တူအဖြစ် ထိပ်ဆုံးမှာ ဆက်ရှိနေခွင့် ရခဲ့ပါတယ်။

စပါးရဲ့ ကစားပုံအရ မော်ရင်ညိုဟာ ပရီးမီးယားလိဂ် ချန်ပီယံဟောင်းဖြစ်သော်လည်း ၁၉၆၁ ခုနှစ် နောက်ပိုင်း အမှတ်ပေးချန်ပီယံ ပြန်မဖြစ်ထားတဲ့ လန်ဒန်ကလပ်ကို ချန်ပီယံ နောက်တစ်ကြိမ် ပြန်ဖြစ်အောင် ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ ရွိုင်ကိန်းက ပြောပါတယ်။

ပေါ်တူဂီသား မန်နေဂျာက ” မော်ရင်ညိုက ပရီးမီးယားလိဂ်ကို အနိုင်ယူပြထားပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင်က သိပ်ကို ကောင်းပါတယ်။ ဒါပေမယ့်လို့ စပါးအသင်းရဲ့ ကစားသမားတွေက ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ လုံလောက်အောင် ကောင်းမွန်ခြင်း မရှိပါဘူး။ မော်ရင်ညိုနဲ့ ဟယ်ရီကိန်းတို့ ရှိပေမယ့်လည်း လုံလောက်ခြင်း မရှိပါဘူး။ သူတို့က စတမ်းဖိုဒ့်ဘရစ်မှာ တောင့်ခံဖို့ လာခဲ့တာပါ။

သူတို့ ဘောလုံးရာသီကောင်းတစ်ခုကို ရမှာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ အရမ်းကောင်းတဲ့ ဘောလုံးရာသီဆိုတာဖြစ်လာအောင် ကြိုးစားဖို့က သိပ်ကို ကွာခြားလွန်းပါတယ်။ ကျနော်ကတော့ စပါးတို့ ပရီးမီးယားလိဂ်ကို အနိုင်ရမယ်လို့ မထင်ပါဘူး။ မန်စီးတီးက စပါးထက် တောင့်တင်းပါတယ်။

စပါးက ရလဒ်ကောင်းတွေ ရနေပေမယ့် ချယ်ဆီးနဲ့ပွဲ စပါးရဲ့ အနေအထားအတွက်တော့ မအံ့သြပါဘူး။ သူတို့က ဟယ်ရီကိန်းအပေါ်မှာ မူတည်နေပါတယ်။ မော်ရင်ညိုက စပါး ကစားသမားတွေက အဝတ်လဲခန်းမှာ စိတ်ပျက်နေတယ်လို့ ပြောတယ်။ ကျနော်ကတော့ သူတို့ ပျော်နေသင့်တယ်လို့ ထင်ပါတယ်။ မော်ရင်ညိုလည်း ဒီရလဒ်အတွက် ပျော်မှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

မော်ရင်ညိုက စပါး အဝတ်လဲခန်းဟာ အနိုင်သုံးမှတ် မရတာအတွက် စိတ်ပျက်ပြီး မပျော်ရွှင်ဖြစ်နေတယ်ဆိုတဲ့ စကားကို တုန့်ပြန်ခဲ့ခြင်းဖြစ်တယ်။ စပါးရဲ့ ကစားပုံဟာ ရမှတ် ၃ မှတ်ထက် ရမှတ် ၁ မှတ်ကို ဦးတည်ခဲ့တာလည်း ဖြစ်ပါတယ်။

မော်ရင်ညိုကတော့ သရေတစ်မှတ်အတွက် ကစားတယ်ဆိုတာကို လက်မခံပါဘူး။ စပါးမန်နေဂျာက ” ကျနေ်ာတို့ သရေအတွက် ကစားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်ရဲ့ ကစားသမားတွေက ဒီကို အနိုင်ယူဖို့ လာတာပါ။ အနိုင်ယူလိုတဲ့ စိတ်ဓါတ်ပိုင်းတွေကို အသင်းသားတွေနဲ့အတူ မျှဝေထားပါတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ZAWGYI – စပါးအသင္းဟာ စတမ္းဖိုဒ့္ဘရစ္မွာ အေရးနိမ့္ျခင္းကေန ေရွာင္လြဲဖို႔ လိုအပ္ခဲ့ျပီး ေမွ်ာ္လင့္ထားတဲ့ သေရရလဒ္ကို ရယူႏုိင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားမွာ လီဗာပူးနဲ႔ ရမွတ္တူအျဖစ္ ထိပ္ဆံုးမွာ ဆက္ရွိေနခြင့္ ရခဲ့ပါတယ္။

စပါးရဲ႕ ကစားပံုအရ ေမာ္ရင္ညိဳဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံေဟာင္းျဖစ္ေသာ္လည္း ၁၉၆၁ ခုႏွစ္ ေနာက္ပိုင္း အမွတ္ေပးခ်န္ပီယံ ျပန္မျဖစ္ထားတဲ့ လန္ဒန္ကလပ္ကို ခ်န္ပီယံ ေနာက္တစ္ၾကိမ္ ျပန္ျဖစ္ေအာင္ ကူညီေပးႏုိင္မွာ မဟုတ္ဘူးလို႔ ရိြဳင္ကိန္းက ေျပာပါတယ္။

ေပၚတူဂီသား မန္ေနဂ်ာက ” ေမာ္ရင္ညိဳက ပရီးမီးယားလိဂ္ကို အႏုိင္ယူျပထားပါတယ္။ သူ႔ရဲ႕ ကိုယ္ေရးရာဇဝင္က သိပ္ကို ေကာင္းပါတယ္။ ဒါေပမယ့္လို႔ စပါးအသင္းရဲ႕ ကစားသမားေတြက ပရီးမီးယားလိဂ္ကို အႏုိင္ရဖို႔ လံုေလာက္ေအာင္ ေကာင္းမြန္ျခင္း မရွိပါဘူး။ ေမာ္ရင္ညိဳနဲ႔ ဟယ္ရီကိန္းတို႔ ရွိေပမယ့္လည္း လံုေလာက္ျခင္း မရွိပါဘူး။ သူတို႔က စတမ္းဖိုဒ့္ဘရစ္မွာ ေတာင့္ခံဖို႔ လာခဲ့တာပါ။

သူတို႔ ေဘာလံုးရာသီေကာင္းတစ္ခုကို ရမွာပါ။ ဒါေပမယ့္ ပရီးမီးယားလိဂ္ကို အႏုိင္ရဖို႔ အရမ္းေကာင္းတဲ့ ေဘာလံုးရာသီဆိုတာျဖစ္လာေအာင္ ၾကိဳးစားဖို႔က သိပ္ကို ကြာျခားလြန္းပါတယ္။ က်ေနာ္ကေတာ့ စပါးတို႔ ပရီးမီးယားလိဂ္ကို အႏုိင္ရမယ္လို႔ မထင္ပါဘူး။ မန္စီးတီးက စပါးထက္ ေတာင့္တင္းပါတယ္။

စပါးက ရလဒ္ေကာင္းေတြ ရေနေပမယ့္ ခ်ယ္ဆီးနဲ႔ပြဲ စပါးရဲ႕ အေနအထားအတြက္ေတာ့ မအံ့ၾသပါဘူး။ သူတို႔က ဟယ္ရီကိန္းအေပၚမွာ မူတည္ေနပါတယ္။ ေမာ္ရင္ညိဳက စပါး ကစားသမားေတြက အဝတ္လဲခန္းမွာ စိတ္ပ်က္ေနတယ္လို႔ ေျပာတယ္။ က်ေနာ္ကေတာ့ သူတို႔ ေပ်ာ္ေနသင့္တယ္လို႔ ထင္ပါတယ္။ ေမာ္ရင္ညိဳလည္း ဒီရလဒ္အတြက္ ေပ်ာ္မွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေမာ္ရင္ညိဳက စပါး အဝတ္လဲခန္းဟာ အႏုိင္သံုးမွတ္ မရတာအတြက္ စိတ္ပ်က္ျပီး မေပ်ာ္ရႊင္ျဖစ္ေနတယ္ဆိုတဲ့ စကားကို တုန္႔ျပန္ခဲ့ျခင္းျဖစ္တယ္။ စပါးရဲ႕ ကစားပံုဟာ ရမွတ္ ၃ မွတ္ထက္ ရမွတ္ ၁ မွတ္ကို ဦးတည္ခဲ့တာလည္း ျဖစ္ပါတယ္။

ေမာ္ရင္ညိဳကေတာ့ သေရတစ္မွတ္အတြက္ ကစားတယ္ဆိုတာကို လက္မခံပါဘူး။ စပါးမန္ေနဂ်ာက ” က်ေန္ာတို႔ သေရအတြက္ ကစားတယ္ဆိုတာ မဟုတ္ပါဘူး။ က်ေနာ္ရဲ႕ ကစားသမားေတြက ဒီကို အႏုိင္ယူဖို႔ လာတာပါ။ အႏုိင္ယူလိုတဲ့ စိတ္ဓါတ္ပိုင္းေတြကို အသင္းသားေတြနဲ႔အတူ မွ်ေဝထားပါတယ္။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။