နှစ်ဂိုးသွင်းပြီး ယူနိုက်တက် ဟီးရိုး ဖြစ်ထားတဲ့ ကာဗာနီ အက်ဖ်အေရဲ့ စစ်ဆေးမှုခံရပြီး ပွဲပယ်ထိခံ ရှိနေ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီဟာ ညက ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ အနိုင်ဂိုး အပါအဝင် နှစ်ဂိုး သွင်းပြီး ကလပ်အသင်းကို အကူအညီကြီး ပေးခဲ့ပေမယ့် ပွဲ အပြီး လူမှုကွန်ယက်မှာ အောင်ပွဲခံမှုကနေ အက်ဖ်အေရဲ့ စုံစမ်း စစ်ဆေးခြင်း ခံရဖို့ ရှိနေပြီး ပွဲပယ် ပြစ်ဒဏ်ပါ ထိခံရနိုင်ချေ ရှိနေပါတယ်။

ယူနိုက်တက်ဟာ ကာဗာနီ အရန်ခုံကနေ ထ မလာခင်ထိ ၂-၀ နဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပြီး ဝါရင့် တိုက်စစ်မှူးကြီး ဝင်လာချိန်မှာတော့ ချေပ ဂိုးများ ပြန်သွင်းနိုင်ခဲ့ကာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာမှ ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူလိုက်တာကြောင့် နိုင်ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အသက် ၃၃ နှစ် အရွယ် ဥရုဂွေးသားဟာ ပွဲ အပြီးမှာ ချီးကျူးမှုတွေ အများအပြား ခံခဲ့ရပြီး ၎င်းက အင်စတာဂရမ်ကနေ တုန့်ပြန်နှုတ်ဆက်တဲ့ သဘော အဖြစ် “Gracias n******” လို့ ရေးသား ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသုံးအနှုန်းက အင်္ဂလန်မှာတော့ လူမျိုးရေး ခွဲခြားတဲ့ စကား ဖြစ်နေတာကြောင့် ဝေဖန်မှုတွေ ခံရပြီး ကာဗာနီကလည်း ပို့စ်ကို ပြန်ဖျက်သွားခဲ့ရပါတယ်။

ကာဗာနီနဲ့ နိုင်ငံအသင်းဖော် ဖြစ်တဲ့ လူးဝစ် ဆွာရက်စ်တုန်းကလည်း အီဗရာနဲ့ အချင်းများချိန်မှာ ထိုသို့ အသုံးနှုန်းမျိုး ထွက်ခဲ့တာကြောင့် ၂၀၁၁ အောက်တိုဘာတုန်းက ဒဏ်ကြေး ပေါင် ၄ သောင်းနဲ့ ၈ ပွဲ ပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်။ လောလောဆယ်ထိတော့ အက်ဖ်အေနဲ့ ယူနိုက်တက် ဘက်က ထို ဖြစ်စဉ် အပေါ် မှတ်ချက် တစုံတရာတော့ ထုတ်ပြောခြင်း မရှိသေးပါဘူး။

ကာဗာနီဟာ မန်ချက်စတာ ယူနိက်တက်ထံ အောက်တိုဘာလထဲမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ လူစားဝင် ကစားတဲ့ ၅ ပွဲ ရှိထားပြီး ၃ ဂိုးထိ သွင်းယူထားပြီ ဖြစ်ပါတယ်။

ညက ဆောက်သမ်တန်ကို နိုင်တဲ့ ပွဲ အပြီးမှာတော့ ယူနိုက်တက် နည်းပြ ဆိုးရှားက ကာဗာနီကို အထူး ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းရဲ့ ဘောလုံးနဲ့ ရွေ့လျားမှုတွေက အထင်ကြီးဖွယ် ပြီးပြည့်စုံခဲ့တယ်လို့ ဆိုးရှားက ဆိုပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မွဴး ကာဗာနီဟာ ညက ေဆာက္သမ္တန္နဲ႕ ပရီးမီးယားလိဂ္ ပြဲမွာ အနုိင္ဂိုး အပါအ၀င္ နွစ္ဂိုး သြင္းျပီး ကလပ္အသင္းကို အကူအညီၾကီး ေပးခဲ့ေပမယ့္ ပြဲ အျပီး လူမႈကြန္ယက္မွာ ေအာင္ပြဲခံမႈကေန အက္ဖ္ေအရဲ႕ စံုစမ္း စစ္ေဆးျခင္း ခံရဖို႕ ရွိေနျပီး ပြဲပယ္ ျပစ္ဒဏ္ပါ ထိခံရနိုင္ေခ် ရွိေနပါတယ္။

ယူနိုက္တက္ဟာ ကာဗာနီ အရန္ခံုကေန ထ မလာခင္ထိ ၂-၀ နဲ႕ အေရးနိမ့္ေနခဲ့တာ ျဖစ္ျပီး ၀ါရင့္ တိုက္စစ္မွဴးၾကီး ၀င္လာခ်ိန္မွာေတာ့ ေခ်ပ ဂိုးမ်ား ျပန္သြင္းနုိင္ခဲ့ကာ ပြဲျပီးခါနီး နာက်င္ အခ်ိန္ပိုမွာမွ ပြဲသိမ္း အနိုင္ဂိုးကို သြင္းယူလိုက္တာေၾကာင့္ နုိင္ပြဲေကာင္း တစ္ပြဲ ျဖစ္ခဲ့ပါတယ္။

အသက္ ၃၃ နွစ္ အရြယ္ ဥရုေဂြးသားဟာ ပြဲ အျပီးမွာ ခ်ီးက်ဴးမႈေတြ အမ်ားအျပား ခံခဲ့ရျပီး ၄င္းက အင္စတာဂရမ္ကေန တုန္႔ျပန္ႏႈတ္ဆက္တဲ့ သေဘာ အျဖစ္ “Gracias n******” လို႔ ေရးသား ပို႔စ္တင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အသံုးအႏႈန္းက အဂၤလန္မွာေတာ့ လူမ်ိဳးေရး ခြဲျခားတဲ့ စကား ျဖစ္ေနတာေၾကာင့္ ေ၀ဖန္မႈေတြ ခံရျပီး ကာဗာနီကလည္း ပို႔စ္ကို ျပန္ဖ်က္သြားခဲ့ရပါတယ္။

ကာဗာနီနဲ႕ နိုင္ငံအသင္းေဖာ္ ျဖစ္တဲ့ လူး၀စ္ ဆြာရက္စ္တုန္းကလည္း အီဗရာနဲ႕ အခ်င္းမ်ားခ်ိန္မွာ ထိုသို႔ အသံုးႏႈန္းမ်ိဳး ထြက္ခဲ့တာေၾကာင့္ ၂၀၁၁ ေအာက္တိုဘာတုန္းက ဒဏ္ေၾကး ေပါင္ ၄ ေသာင္းနဲ႕ ၈ ပြဲ ပယ္ ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရတယ္။ ေလာေလာဆယ္ထိေတာ့ အက္ဖ္ေအနဲ႕ ယူနိုက္တက္ ဘက္က ထို ျဖစ္စဥ္ အေပၚ မွတ္ခ်က္ တစံုတရာေတာ့ ထုတ္ေျပာျခင္း မရွိေသးပါဘူး။

ကာဗာနီဟာ မန္ခ်က္စတာ ယူနိက္တက္ထံ ေအာက္တိုဘာလထဲမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေရာက္ရွိလာတာ ျဖစ္ျပီး ပရီးမီးယားလိဂ္မွာ လူစား၀င္ ကစားတဲ့ ၅ ပြဲ ရွိထားျပီး ၃ ဂိုးထိ သြင္းယူထားျပီ ျဖစ္ပါတယ္။

ညက ေဆာက္သမ္တန္ကို နုိင္တဲ့ ပြဲ အျပီးမွာေတာ့ ယူနိုက္တက္ နည္းျပ ဆိုးရွားက ကာဗာနီကို အထူး ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ျပီး ၄င္းရဲ႕ ေဘာလံုးနဲ႕ ေရြ႕လ်ားမႈေတြက အထင္ၾကီးဖြယ္ ျပီးျပည့္စံုခဲ့တယ္လို႔ ဆိုးရွားက ဆိုပါတယ္။