ရာထူးတည်ငြိမ်ပြီးနောက် ယူနိုက်တက်မှာ ဆိုးလ်ရှား ဖြေရှင်းဖို့ ရှိနေတဲ့ အရေးကြီး ကိစ္စ ၅ ရပ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ဆိုးလ်ရှား တစ်ယောက် ဖိအားတွေ ဆက်တိုက်ခံနေရသလို ၎င်းရဲ့ နည်းပြဘဝ အနာဂတ်က မေးခွန်းထုတ်စရာဖြစ်လာခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ် အကြီးအကဲ အက်ဝုဒ်ဝပ်ကတော့ ကလပ်တစ်ခုလုံးက နော်ဝေနည်းပြ အနောက်မှာ ထောက်ခံမှု ရှိနေတယ်လို့ အခိုင်အမာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ကွင်းထဲမှာ ပိုပြီးကြီးမားတဲ့ အောင်မြင်မှုတွေမရခင် ခက်ခက်ခဲခဲ ကြိုးစားနေရဆဲဖြစ်ပေမယ့် အသင်းက ဆက်လက်တိုးတက်နေသလို အိုလီ လက်အောက်မှာ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတုန်းပဲလို့ ယုံကြည်ထားပါတယ်” လို့ အက်ဝုဒ်ဝဒ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

အိုလီဂန်နာဆိုးလ်ရှားအနေနဲ့ ထိုသို့ ဒုတိယဥက္ကဌ အက်ဝုဒ်ဝဒ်ရဲ့ ထောက်ခံမှုကို ရရှိခဲ့တဲ့နောက် ဖြေရှင်းရမယ့် အရေးကြီး ပြဿနာတွေများစွာ ရှိနေပါတယ်။ ဒါကြောင့် ဝုဒ်ဝဒ်ရဲ့ ထောက်ခံမှုကို ရခဲ့တဲ့နောက်မှာ ဆိုးလ်ရှား ဖြေရှင်းရမယ့် အဓိက ပြဿနာတွေအကြောင်း Mirror သတင်းဌာန က အခုလို သုံးသပ်သွားခဲ့ပါတယ်။

နံပါတ်တစ်နေရာ ငြင်းခုံမှုတွေကို အတည်တကျဖြစ်စေဖို့

ဒေးဗစ်ဒီဂီယာဟာ ဒီရာသီမှာ ၎င်းရဲ့ နံပါတ်တစ် နေရာကို ထိန်းသိမ်းခဲ့ပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါဆို ဒင်းဟန်ဒါဆန်ကို ဘယ်နားမှာ ထားမလဲ? အင်္ဂလန်သား ဂိုးသမားအတွက် ကြီးမားတဲ့ အနာဂတ်ရှိတယ်ဆိုရင် သူ့ကို အရန်ခုံ မထိုင်ခိုင်းပဲ ပုံမှန်ကစားခွင့်ပေးဖို့ လိုအပ်ပါတယ်။

ယိုပေါက်တွေနဲ့ ခံစစ်

ဒါကတော့ ဆိုးလ်ရှား ဦးစားပေး စဉ်းစားရမယ့် ပြဿနာပါ။ ယူနိုက်တက်ဟာ စပါးကို အိမ်ကွင်းမှာ ၆ဂိုးပေးခဲ့ရတာ အပါအဝင် ဒီရာသီ လိဂ်အဖွင့်၇ပွဲမှာ ၁၄ဂိုးပေးခဲ့ရပြီးပါပြီ။ ဒါက ဇန်နဝါရီမှာ ကစားသမားသစ်တွေခေါ်ဖို့ တွန်းအားဖြစ်စေနိုင်ပေမယ့် သူတို့တွေအနေနဲ့ ခံစစ်ပိုင်းကို သေချာ မပြင်ဆင်နိုင်ရင် မြန်မြန်ပဲ ကျရှုံးရတော့မှာပါ။

ပေါ့ဘာရဲ့ အကောင်းဆုံးပုံစံ ရရှိဖို့

ဆိုးလ်ရှားဟာ ပေါ့ဘာရဲ့ အကောင်းဆုံးပုံစံကို ထပ်မံရရှိအောင် လုပ်နိုင်ရင် သူ့အတွက် အရာအားလုံးက အများကြီး ပိုလွယ်ကူသွားမှာပါ။ ပေါ့ဘာက အမြင့်ဆုံးအချိန်မှာတုန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဆိုတာငြင်းလို့မရခဲ့ပါဘူး။ အခုတော့ သူက နွံထဲ နစ်နေတာဖြစ်ပြီး ၈မိနစ်လောက် ကစားရရုံနဲ့လဲ ဒါကို ပြောင်းလဲလို့ရမှာမဟုတ်ပါဘူး။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ဝင်ခွင့်

ချန်ပီယံလိဂ်အောင်မြင်မှုဆီသွားဖို့ အခွင့်အရေး ရှိနိုင်တာကို သိနေတဲ့အခါ ဘယ်သူကမှ ကြာသပတေးညတွေမှာ သူတို့အသင်းကို မကြည့်ချင်ပါဘူး။ ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်တို့ကို နိုင်ခဲ့တဲ့နောက် အုပ်စုအဆင့်ကနေတက်ဖို့ အခြေအနေကောင်းနေပေမယ့် ဘာရှက်ရှီဟီကို ရှုံးနိမ့်ခဲ့တာက ဘယ်အရာကိုမှ တပ်အပ်ပြောလို့မရဘူးဆိုတာကို သက်သေပြခဲ့တာပါ။

ဂရင်းဝုဒ်ရဲ့ ရွှေရောင်နေ့ရက်တွေဆီ

ဒါကလဲ ဆိုးလ်ရှားအတွက် အဓိက အရေးတကြီး ဖြေရှင်းသင့်တဲ့ ပြဿနာပါပဲ။ မေဆန်ဂရင်းဝုဒ်မှာ ဘယ်လိုပြဿနာတွေပဲ ရှိရှိ သူ့ရဲ့အနာဂတ်အတွက် စဉ်းစားပြီး ဖြေရှင်းဖို့လိုပါတယ်။ ယူနိုက်တက်နဲ့ အင်္ဂလန်အတွက် ဂရင်းဝုဒ်မှာ ဘယ်လောက်တောင် အလားအလာကောင်းတွေ ရှိလဲဆိုတာ ကျွန်တော်တို့ အားလုံး မြင်တွေ့ခဲ့ရပြီးဖြစ်ပြီးတော့ သူ့အနေနဲ့ အခုချက်ချင်း အပြင်ကို ရုန်းထွက်ပြီး ဒါကို နားလည်ဖို့ လိုပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ဆိုး႐ြားတဲ့ ရလဒ္ေတြေၾကာင့္ ဆိုးလ္ရွား တစ္ေယာက္ ဖိအားေတြ ဆက္တိုက္ခံေနရသလို ၎ရဲ႕ နည္းျပဘဝ အနာဂတ္က ေမးခြန္းထုတ္စရာျဖစ္လာခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ အႀကီးအကဲ အက္ဝုဒ္ဝပ္ကေတာ့ ကလပ္တစ္ခုလုံးက ေနာ္ေဝနည္းျပ အေနာက္မွာ ေထာက္ခံမႈ ရွိေနတယ္လို႔ အခိုင္အမာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

“ကြင္းထဲမွာ ပိုၿပီးႀကီးမားတဲ့ ေအာင္ျမင္မႈေတြမရခင္ ခက္ခက္ခဲခဲ ႀကိဳးစားေနရဆဲျဖစ္ေပမယ့္ အသင္းက ဆက္လက္တိုးတက္ေနသလို အိုလီ လက္ေအာက္မွာ ကြၽန္ေတာ္တို႔က လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတုန္းပဲလို႔ ယုံၾကည္ထားပါတယ္” လို႔ အက္ဝုဒ္ဝဒ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အိုလီဂန္နာဆိုးလ္ရွားအေနနဲ႔ ထိုသို႔ ဒုတိယဥကၠဌ အက္ဝုဒ္ဝဒ္ရဲ႕ ေထာက္ခံမႈကို ရရွိခဲ့တဲ့ေနာက္ ေျဖရွင္းရမယ့္ အေရးႀကီး ျပႆနာေတြမ်ားစြာ ရွိေနပါတယ္။ ဒါေၾကာင့္ ဝုဒ္ဝဒ္ရဲ႕ ေထာက္ခံမႈကို ရခဲ့တဲ့ေနာက္မွာ ဆိုးလ္ရွား ေျဖရွင္းရမယ့္ အဓိက ျပႆနာေတြအေၾကာင္း Mirror သတင္းဌာန က အခုလို သံုးသပ္သြားခဲ့ပါတယ္။

နံပါတ္တစ္ေနရာ ျငင္းခုံမႈေတြကို အတည္တက်ျဖစ္ေစဖို႔

ေဒးဗစ္ဒီဂီယာဟာ ဒီရာသီမွာ ၎ရဲ႕ နံပါတ္တစ္ ေနရာကို ထိန္းသိမ္းခဲ့ၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ လုပ္ျပႏိုင္ခဲ့ပါတယ္။ ဒါဆို ဒင္းဟန္ဒါဆန္ကို ဘယ္နားမွာ ထားမလဲ? အဂၤလန္သား ဂိုးသမားအတြက္ ႀကီးမားတဲ့ အနာဂတ္ရွိတယ္ဆိုရင္ သူ႔ကို အရန္ခုံ မထိုင္ခိုင္းပဲ ပုံမွန္ကစားခြင့္ေပးဖို႔ လိုအပ္ပါတယ္။

ယိုေပါက္ေတြနဲ႔ ခံစစ္

ဒါကေတာ့ ဆိုးလ္ရွား ဦးစားေပး စဥ္းစားရမယ့္ ျပႆနာပါ။ ယူႏိုက္တက္ဟာ စပါးကို အိမ္ကြင္းမွာ ၆ဂိုးေပးခဲ့ရတာ အပါအဝင္ ဒီရာသီ လိဂ္အဖြင့္၇ပြဲမွာ ၁၄ဂိုးေပးခဲ့ရၿပီးပါၿပီ။ ဒါက ဇန္နဝါရီမွာ ကစားသမားသစ္ေတြေခၚဖို႔ တြန္းအားျဖစ္ေစႏိုင္ေပမယ့္ သူတို႔ေတြအေနနဲ႔ ခံစစ္ပိုင္းကို ေသခ်ာ မျပင္ဆင္ႏိုင္ရင္ ျမန္ျမန္ပဲ က်ရႈံးရေတာ့မွာပါ။

ေပါ့ဘာရဲ႕ အေကာင္းဆုံးပုံစံ ရရွိဖို႔

ဆိုးလ္ရွားဟာ ေပါ့ဘာရဲ႕ အေကာင္းဆုံးပုံစံကို ထပ္မံရရွိေအာင္ လုပ္ႏိုင္ရင္ သူ႔အတြက္ အရာအားလုံးက အမ်ားႀကီး ပိုလြယ္ကူသြားမွာပါ။ ေပါ့ဘာက အျမင့္ဆုံးအခ်ိန္မွာတုန္းက ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ေယာက္ဆိုတာျငင္းလို႔မရခဲ့ပါဘူး။ အခုေတာ့ သူက ႏြံထဲ နစ္ေနတာျဖစ္ၿပီး ၈မိနစ္ေလာက္ ကစားရ႐ုံနဲ႔လဲ ဒါကို ေျပာင္းလဲလို႔ရမွာမဟုတ္ပါဘူး။

ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ဝင္ခြင့္

ခ်န္ပီယံလိဂ္ေအာင္ျမင္မႈဆီသြားဖို႔ အခြင့္အေရး ရွိႏိုင္တာကို သိေနတဲ့အခါ ဘယ္သူကမွ ၾကာသပေတးညေတြမွာ သူတို႔အသင္းကို မၾကည့္ခ်င္ပါဘူး။ ယူႏိုက္တက္ဟာ ပီအက္စ္ဂ်ီနဲ႔ လိုက္ပ္ဇစ္တို႔ကို ႏိုင္ခဲ့တဲ့ေနာက္ အုပ္စုအဆင့္ကေနတက္ဖို႔ အေျခအေနေကာင္းေနေပမယ့္ ဘာရွက္ရွီဟီကို ရႈံးနိမ့္ခဲ့တာက ဘယ္အရာကိုမွ တပ္အပ္ေျပာလို႔မရဘူးဆိုတာကို သက္ေသျပခဲ့တာပါ။

ဂရင္းဝုဒ္ရဲ႕ ေ႐ႊေရာင္ေန႔ရက္ေတြဆီ

ဒါကလဲ ဆိုးလ္ရွားအတြက္ အဓိက အေရးတႀကီး ေျဖရွင္းသင့္တဲ့ ျပႆနာပါပဲ။ ေမဆန္ဂရင္းဝုဒ္မွာ ဘယ္လိုျပႆနာေတြပဲ ရွိရွိ သူ႔ရဲ႕အနာဂတ္အတြက္ စဥ္းစားၿပီး ေျဖရွင္းဖို႔လိုပါတယ္။ ယူႏိုက္တက္နဲ႔ အဂၤလန္အတြက္ ဂရင္းဝုဒ္မွာ ဘယ္ေလာက္ေတာင္ အလားအလာေကာင္းေတြ ရွိလဲဆိုတာ ကြၽန္ေတာ္တို႔  အားလုံး ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ၿပီးေတာ့ သူ႔အေနနဲ႔ အခုခ်က္ခ်င္း အျပင္ကို ႐ုန္းထြက္ၿပီး ဒါကို နားလည္ဖို႔ လိုပါတယ္။