ပိုချက်တီနို ရောက်လာရင် ဖြစ်လာနိုင်တဲ့ မန်ချက်စတာယူနိုက်တက် လူစာရင်း အခင်းအကျင်း

ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ အစ္စတန်ဘူလ် အသင်းတို့ကို ဆက်တိုက်ရှုံးခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားမှာ ဖိအားတွေ ပိုမို များပြားလာခဲ့ပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုက အိုးလ်ထရက်ဖို့ဒ်မှာ နည်းပြနေရာဝင်ယူဖို့ ထပ်မံပြီး တရားဝင် ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။

ယူနိုက်တက် အမှုဆောင်အဖွဲ့ဟာ ဆိုးလ်ရှားကို ပိုချက်တီနိုနဲ့ အစားထိုးဖို့အတွက် ဆက်သွယ်မှု လုပ်ခဲ့ပြီး အာဂျင်တိုင်းသား နည်းပြအနေနဲ့ မန်ချက်စတာကို ရောက်လာခဲ့ရင် အပြောင်းအလဲများစွာ လုပ်နိုင်ဖွယ် ရှိပါတယ်။

ဆိုးလ်ရှားဟာ ဒီရာသီမှာ မတူညီတဲ့ ကစားကွက်၃မျိုးကို အသုံးပြုခဲ့ပေမယ့် ပိုချက်တီနိုကတော့ ဆောက်သမ်တန်နဲ့ စပါးမှာ သူ့စိတ်ကြိုက် ဖြစ်ခဲ့တဲ့ ၄-၂-၃-၁ ပုံစံကို ပြန်လည် ဖော်ဆောင်လာနိုင်ကြောင်း Mirror သတင်းဌာနမှာ သုံးသပ်ထားပါတယ်။

ပိုချက်တီနို ရောက်လာရင်လည်း ဂိုးသမားနေရာမှာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အမှားတွေ များစွာ လုပ်ခဲ့တဲ့ ဒီဂီယာက ဒီရာသီမှာ အထင်ကြီးစရာ လုပ်ပြနေတာနဲ့အတူ ဒင်းဟန်ဒါဆန်ထက် သူကပဲ နေရာဦးထားဦးမှာပါ။ ပိုချက်တီနိုနဲ့ လုခ်ရှောတို့က ဆောက်သမ်တန် မှာတုန်းက နီးစပ်တဲ့ ဆက်ဆံရေးရှိခဲ့ဖူးတာဖြစ်ပြီး အဲ့ဒီ့တုန်းကပဲ ရှောဟာ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပိုချက်တီနိုလက်အောက်မှာ ကစားခဲ့တဲ့အချိန်တွေအကြောင်းနဲ့ ပတ်သက်လို့ ရှောက – “သူက ကျွန်တော့်ကို သူ့လက်အောက်မှာ ထပ်မံပြီး ကစားစေချင်တယ်လို့ ထင်ပါတယ်၊ သူကကျွန်တော့်ကို သားလို့ပြ ခေါ်လေ့ရှိတယ်၊ ဒီလောက်ဆို ကျွန်တော်တို့ ဘယ်လောက်ရင်းနှီးခဲ့လဲသိမှာပါ၊ ကျွန်တော့်မှာ အတက်အကျတွေ အများကြီးရှိခဲ့တယ်၊ ဒါပေမယ့် ပိုချက်တီနိုနဲ့ အချိန်တွေကတော့ ကျွန်တော့်အတွက် အတက်ချည်းပါပဲ”လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့်ပဲ အိုးလ်ထရက်ဖို့ဒ်ကိုပိုချက်တီနို ရောက်လာရင် ဘယ်နောက်တန်းမှာ ကစားသမားသစ် အဲလက်စ်တဲလက်စ်ထက် ရှောက ဦးစားပေး ခံရဖွယ် ရှိနေပါတယ်။

ဝမ်ဘစ်ဆာကာ ကလဲ သူ့စိတ်ကြိုက်နည်းဗျူဟာမှာ အဓိကနေရာကနေ ပါဝင်သလို ပိုချက်တီနိုလက်အောက်မှာ အဆင့်အတန်းအသစ်တစ်ခုအထိ ရောက်ရှိနိုင်ပါတယ်။ ပိုချက်တီနိုဟာ တွမ်ဇီဘီကို အခွင့်အရေး ပေးချင်တဲ့ ဆန္ဒရှိသလို လူငယ်ကြယ်ပွင့်အနေနဲ့ သူ့မှာကြံ့ခိုင်မှုပြည့်ဝနေရင် ဗဟိုနောက်တန်းမှာ ဟယ်ရီမက်ဂွိုင်းယားနဲ့အတူ ပုံမှန်ကစားရနိုင်တာဖြစ်ပါတယ်။

ပေါ့ဘာကတော့ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးချင်ကြောင်း ပြောခဲ့ပြီး ကလပ်ကနေ ထွက်ခွာဖို့ အရိပ်အမြွက်ပြခဲ့တဲ့နောက် အိုးလ်ထရက်ဖို့ဒ် ကစားသမားဘဝကို အဆုံးသတ်ရနိုင်ပါတယ်။ ဒါကြောင့် ကွင်းလယ်မှာ တော်မီနေးအတွက် ဗန်ဒီဘိခ်က ပုံမှန်တွဲဖက် ဖြစ်လာနိုင်ပြီး သူတို့ နှစ်ယောက်လုံးကလဲ ပိုချက်တီနိုရဲ့ high pressing ကစားပုံမှာ လိုအပ်တဲ့အတိုင်း အပြေးကောင်းသူတွေ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က နံပါတ်၁၀နေရာ ယူမှာဖြစ်ပြီး ဂရင်းဝုဒ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့ကတော့ တိုက်စစ်သုံးယောက်တွဲကို ပုံဖော်မှာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ စိတ်လှုပ်ရှားစရာ အရည်အချင်းရှိသူတွေကို ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမားတွေအဖြစ် တိုးတက်စေနိုင်တယ်ဆိုတာ စပါးမှာ ပြသ ခဲ့တာဖြစ်သလို ၎င်းအနေနဲ့ တိုက်စစ်သုံးယောက်လုံးရဲ့ အကောင်းဆုံးပုံစံတွေကို ဖော်ထုတ်နိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ထားပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ အာဆင္နယ္နဲ႔ အစၥတန္ဘူလ္ အသင္းတို႔ကို ဆက္တိုက္ရႈံးခဲ့တဲ့ေနာက္ နည္းျပ ဆိုးလ္ရွားမွာ ဖိအားေတြ ပိုမို မ်ားျပားလာခဲ့ျပီး စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုက အိုးလ္ထရက္ဖို႔ဒ္မွာ နည္းျပေနရာဝင္ယူဖို႔ ထပ္မံၿပီး တရား၀င္ ခ်ိတ္ဆက္မႈေတြ ရွိလာခဲ့ပါတယ္။

ယူႏိုက္တက္ အမႈေဆာင္အဖြဲ႕ဟာ ဆိုးလ္ရွားကို ပိုခ်က္တီႏိုနဲ႔ အစားထိုးဖို႔အတြက္ ဆက္သြယ္မႈ လုပ္ခဲ့ၿပီး အာဂ်င္တိုင္းသား နည္းျပအေနနဲ႔ မန္ခ်က္စတာကို ေရာက္လာခဲ့ရင္ အေျပာင္းအလဲမ်ားစြာ လုပ္ႏိုင္ဖြယ္ ရွိပါတယ္။

ဆိုးလ္ရွားဟာ ဒီရာသီမွာ မတူညီတဲ့ ကစားကြက္၃မ်ိဳးကို အသုံးျပဳခဲ့ေပမယ့္ ပိုခ်က္တီႏိုကေတာ့ ေဆာက္သမ္တန္နဲ႔ စပါးမွာ သူ႔စိတ္ႀကိဳက္ျဖစ္ခဲ့တဲ့ ၄-၂-၃-၁ ပုံစံကို ျပန္လည္ ​ေဖာ္ေဆာင္လာနုိင္ေၾကာင္း Mirror သတင္းဌာနမွာ သံုးသပ္ထားပါတယ္။

ပိုခ်က္တီနို ေရာက္လာရင္လည္း ဂိုးသမားေနရာမွာေတာ့ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း အမွားေတြ မ်ားစြာ လုပ္ခဲ့တဲ့ ဒီဂီယာက ဒီရာသီမွာ အထင္ႀကီးစရာ လုပ္ျပေနတာနဲ႔အတူ ဒင္းဟန္ဒါဆန္ထက္ သူကပဲ ေနရာဦးထားဦးမွာပါ။ ပိုခ်က္တီႏိုနဲ႔ လုခ္ေရွာတို႔က ေဆာက္သမ္တန္ မွာတုန္းက နီးစပ္တဲ့ ဆက္ဆံေရးရွိခဲ့ဖူးတာျဖစ္ၿပီး အဲ့ဒီ့တုန္းကပဲ ေရွာဟာ အဂၤလန္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ပိုခ်က္တီႏိုလက္ေအာက္မွာ ကစားခဲ့တဲ့အခ်ိန္ေတြအေၾကာင္းနဲ႔ ပတ္သက္လို႔ ေရွာက – “သူက ကြၽန္ေတာ့္ကို သူ႔လက္ေအာက္မွာ ထပ္မံၿပီး ကစားေစခ်င္တယ္လို႔ ထင္ပါတယ္၊ သူကကြၽန္ေတာ့္ကို သားလို႔ျပ ေခၚေလ့ရွိတယ္၊ ဒီေလာက္ဆို ကြၽန္ေတာ္တို႔ ဘယ္ေလာက္ရင္းႏွီးခဲ့လဲသိမွာပါ၊ ကြၽန္ေတာ့္မွာ အတက္အက်ေတြ အမ်ားႀကီးရွိခဲ့တယ္၊ ဒါေပမယ့္ ပိုခ်က္တီႏိုနဲ႔ အခ်ိန္ေတြကေတာ့ ကြၽန္ေတာ့္အတြက္ အတက္ခ်ည္းပါပဲ”လို႔ ဆိုခဲ့ပါတယ္။

ဒါေၾကာင့္ပဲ အိုးလ္ထရက္ဖို႔ဒ္ကိုပိုခ်က္တီႏို ေရာက္လာရင္ ဘယ္ေနာက္တန္းမွာ ကစားသမားသစ္ အဲလက္စ္တဲလက္စ္ထက္ ေရွာက ဦးစားေပး ခံရဖြယ္ ရွိေနပါတယ္။

ဝမ္ဘစ္ဆာကာ ကလဲ သူ႔စိတ္ႀကိဳက္နည္းဗ်ဴဟာမွာ အဓိကေနရာကေန ပါဝင္သလို ပိုခ်က္တီႏိုလက္ေအာက္မွာ အဆင့္အတန္းအသစ္တစ္ခုအထိ ေရာက္ရွိႏိုင္ပါတယ္။ ပိုခ်က္တီႏိုဟာ တြမ္ဇီဘီကို အခြင့္အေရး ေပးခ်င္တဲ့ ဆႏၵရွိသလို လူငယ္ၾကယ္ပြင့္အေနနဲ႔ သူ႔မွာႀကံ့ခိုင္မႈျပည့္ဝေနရင္ ဗဟိုေနာက္တန္းမွာ ဟယ္ရီမက္ဂြိဳင္းယားနဲ႔အတူ ပုံမွန္ကစားရႏိုင္တာျဖစ္ပါတယ္။

ေပါ့ဘာကေတာ့ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးခ်င္ေၾကာင္း ေျပာခဲ့ၿပီး ကလပ္ကေန ထြက္ခြာဖို႔ အရိပ္အႁမြက္ျပခဲ့တဲ့ေနာက္ အိုးလ္ထရက္ဖို႔ဒ္ ကစားသမားဘဝကို အဆုံးသတ္ရႏိုင္ပါတယ္။ ဒါေၾကာင့္ ကြင္းလယ္မွာ ေတာ္မီေနးအတြက္ ဗန္ဒီဘိခ္က ပုံမွန္တြဲဖက္ ျဖစ္လာႏိုင္ၿပီး သူတို႔ နွစ္ေယာက္လုံးကလဲ ပိုခ်က္တီႏိုရဲ႕ high pressing ကစားပုံမွာ လိုအပ္တဲ့အတိုင္း အေျပးေကာင္းသူေတြ ျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္က နံပါတ္၁၀ေနရာ ယူမွာျဖစ္ၿပီး ဂရင္းဝုဒ္၊ မာရွယ္၊ ရက္ရွ္ဖို႔ဒ္တို႔ကေတာ့ တိုက္စစ္သုံးေယာက္တြဲကို ပုံေဖာ္မွာျဖစ္ပါတယ္။

ပိုခ်က္တီႏိုဟာ စိတ္လႈပ္ရွားစရာ အရည္အခ်င္းရွိသူေတြကို ေျခစြမ္းတည္ၿငိမ္တဲ့ ကစားသမားေတြအျဖစ္ တိုးတက္ေစႏိုင္တယ္ဆိုတာ စပါးမွာ ျပသ ခဲ့တာျဖစ္သလို ၎အေနနဲ႔ တိုက္စစ္သုံးေယာက္လုံးရဲ႕ အေကာင္းဆုံးပုံစံေတြကို ေဖာ္ထုတ္ႏိုင္ဖြယ္ ရိွတယ္လို႔ သံုးသပ္ထားပါတယ္။