သူသာ ယူနိုက်တက် နည်းပြ ဖြစ်လာရင် အပြောင်းအလဲ ခပ်ကြမ်းကြမ်းတွေ မြင်ရမယ်လို့ တပ်လှန့်လိုက်တဲ့ ပိုချက်တီနို

စပါးနည်းပြဟောင်း ပိုချက်တီနိုကတော့ ဆိုးရှားနေရာ အစားဝင်ပြီး သူသာ မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြ ဖြစ်လာရင် အပြောင်းအလဲတွေ ခပ်ကြမ်းကြမ်း ကိုင်တွယ် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုကာ တပ်လှန့်လိုက်ပါတယ်။

ဆိုးရှားကတော့ အာဆင်နယ်ကို ရှုံးတဲ့ ပွဲ အပြီး အမှတ်ပေးဇယား အဆင့် ၁၅ နေရာကနေ တက်မလာသေးတဲ့ အသင်း အခြေအနေ ကြောင့် ဖိအားများစွာ ရင်ဆိုင်နေရပြီ ဖြစ်ကာ ရာထူးကနေ ထုတ်ပယ်ခံရဖို့လည်း သတင်းတွေ ထွက်လာပြီ ဖြစ်ပါတယ်။ ဆိုးရှား နေရာအတွက် ယူနိုက်တက် လျာထား ချိတ်ဆက်ထားတဲ့ နည်းပြတွေထဲ စပါးနည်းပြဟောင်း ပိုချက်တီနိုလည်း ပါဝင်နေပါတယ်။

ပိုချက်တီနိုဟာ စပါးအသင်းနဲ့ လမ်းခွဲခဲ့တာ တစ်နှစ်နီးပါး ရှိပြီ ဖြစ်ပြီး အသင်းသစ် မရရှိသေးပါဘူး။ စကိုင်းစပေါ့ရဲ့ အစီအစဉ်မှာ တနင်္လာနေ့က ပါဝင်ခဲ့ရာမှာတော့ ပိုချက်တီနိုက နည်းပြလောကထဲ ပြန်ဝင်လာဖို့ ရှိကြောင်း၊ အင်္ဂလန်မှာ ထပ်မံ အခြေချဖို့ စိတ်ဝင်စားကြောင်းများ အသိပေးတဲ့ အပြင် ကလပ်အသင်းသစ်ကို သူ ရောက်ရင် ပြောင်းလဲရမှာတွေကို နာကျင်ရမှာ ဖြစ်သည့်တိုင် သေချာ ကိုင်တွယ် လုပ်ဆောင်သွားမယ်လို့ အသိပေးလိုက်ပါတယ်။

” တော့တင်ဟမ် အသင်းမှာက ကစားသမား ၃၃ ယောက် ရှိခဲ့တယ်။ အဲဒီကာလအတွင်းမှာ အသင်းရဲ့ ကိုယ်ပိုင် ပုံရိပ် တစ်ခု ရအောင် ကြိုးစားပြီး အပြောာင်းအလဲတွေလည်း လုပ်ဆောင်ခဲ့တယ်။ အဲဒီမှာ ရောက်တဲ့ ပထမ နေ့ရက်တည်းက စပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ပျော်ရွှင်ခဲ့ရတယ်။ အဲဒီအတွက်လည်း ဂျိုးလူးဝစ်နဲ့ အသင်းပိုင်ရှင် ဒန်နီရယ် လီဗိုင်း၊ ဘုတ်အဖွဲ့တွေက အစစ အရာရာ ပံ့ပိုး ကူညီခဲ့တယ်။ နောက်ပြီး ကစားသမားတွေရောပေါ့။ သူတို့ကလည်း သိပ်အံ့အားသင့်စရာပါ။

ကလပ်အသင်း တစ်ခုကို ဦးဆောင်ဖို့ ဆိုတာ အကျင့်စရိုက်တွေ စည်းမျဉ်းတွေနဲ့ ကိုယ့်အသင်းကိုယ် ကြပ်မတ်ရတာပါ။ အဲဒီအတွက် ထိပ်ဆုံး အဆင့်ကနေ စပြီး ကန့်သတ်ဖို့ လိုပါတယ်။ ကိုယ့် စည်းမျဉ်း အပေါ် ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမယ်။ ဒီပုံစံနဲ့ပဲ အသင်းတစ်သင်းကို ဦးဆောင်နိုင်မှာပါ အဲဒီကျမှ ကိုယ်လိုချင်တဲ့ လမ်းကြောင်း အတိုင်း သွားနိုင်မှာ ဖြစ်တယ်။ ဒါတွေက လုံး၀ ထူးရှယ်တွေ ဖန်တီးဖို့ ဖြစ်ပြီး တော့တင်ဟမ်မှာ အကောင်အထည် ဖော်နိုင်ခဲ့တယ်။ တကယ့် အံ့ဖွယ်ပါ။

အပြောင်းအလဲ ဆိုတာကတော့ အမြဲ နာကျင်စရာပါပဲ။ တကယ်ကိုပါ။ ဒါပေမယ့် ကလပ်အသင်းသစ်ကို ရောက်ပြီ ဆိုရင် အပြောင်းအလဲတွေက လုပ်ဖို့ လိုပါတယ်။ အစကောင်းမှာ ပိုပြီး လွယ်ကူနိုင်မှာပါ။ တကယ်လို့ တစ်ခုခု အကောင်အထည် ဖော်နေတုန်း လမ်းခုလတ်မှာ ကိုယ်က ဝင်လာတယ် ဆိုလည်း ပြန်စရမှာပါ။ ဒါကြောင်း အခြေခံအုတ်မြစ်ကောင်း ခိုင်ခံ့ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဒါမျိုး လုပ်ထုံးလုပ်နည်းကို ကျနော်တို့ ယုံကြည်တယ်။ နည်းပြ အဖွဲ့ဝင်တွေကလည်း ကစားသမားတွေ သက်တောင့်သက်သာ ရှိလာပြီး တိုးတက်ဖို့ အားထုတ်လာအောင် ဝိုင်းဝန်းပေးရပါမယ်။ ဒါကလည်း အရေးပါတဲ့ အချက်ပါ။ ” လို့ ပိုချက်တီနိုက သူ့ အမြင်တွေကို ဖွင့်ဟသွားခဲ့ပါတယ်။

အာဂျင်တိုင်းသားရဲ့ အဆိုအရတော့ သူသာ မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူလာရမယ် ဆိုရင် သူ့နည်းလမ်းနဲ့ စည်းမျဉ်းတွေကို လိုက်နာကြဖို့ အပြောင်းအလဲ ခပ်ကြမ်းကြမ်းတွေ မြင်ရဖွယ် ရှိနေပါတယ်။

Zawgyi – စပါးနည္းျပေဟာင္း ပိုခ်က္တီနိုကေတာ့ ဆိုးရွားေနရာ အစား၀င္ျပီး သူသာ မန္ခ်က္စတာ ယူနိုက္တက္မွာ နည္းျပ ျဖစ္လာရင္ အေျပာင္းအလဲေတြ ခပ္ၾကမ္းၾကမ္း ကိုင္တြယ္ လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း အရိပ္အျမြက္ ေျပာဆိုကာ တပ္လွန္႔လိုက္ပါတယ္။

ဆိုးရွားကေတာ့ အာဆင္နယ္ကို ရွံဳးတဲ့ ပြဲ အျပီး အမွတ္ေပးဇယား အဆင့္ ၁၅ ေနရာကေန တက္မလာေသးတဲ့ အသင္း အေျခအေန ေၾကာင့္ ဖိအားမ်ားစြာ ရင္ဆုိင္ေနရျပီ ျဖစ္ကာ ရာထူးကေန ထုတ္ပယ္ခံရဖို႕လည္း သတင္းေတြ ထြက္လာျပီ ျဖစ္ပါတယ္။ ဆိုးရွား ေနရာအတြက္ ယူနိုက္တက္ လ်ာထား ခ်ိတ္ဆက္ထားတဲ့ နည္းျပေတြထဲ စပါးနည္းျပေဟာင္း ပိုခ်က္တီနိုလည္း ပါ၀င္ေနပါတယ္။

ပိုခ်က္တီနိုဟာ စပါးအသင္းနဲ႕ လမ္းခြဲခဲ့တာ တစ္နွစ္နီးပါး ရွိျပီ ျဖစ္ျပီး အသင္းသစ္ မရရွိေသးပါဘူး။ စကိုင္းစေပါ့ရဲ႕ အစီအစဥ္မွာ တနလၤာေန႕က ပါ၀င္ခဲ့ရာမွာေတာ့ ပိုခ်က္တီနိုက နည္းျပေလာကထဲ ျပန္၀င္လာဖို႔ ရွိေၾကာင္း၊ အဂၤလန္မွာ ထပ္မံ အေျခခ်ဖို႔ စိတ္၀င္စားေၾကာင္းမ်ား အသိေပးတဲ့ အျပင္ ကလပ္အသင္းသစ္ကို သူ ေရာက္ရင္ ေျပာင္းလဲရမွာေတြကို နာက်င္ရမွာ ျဖစ္သည့္တိုင္ ေသခ်ာ ကိုင္တြယ္ လုပ္ေဆာင္သြားမယ္လို႔ အသိေပးလိုက္ပါတယ္။

” ေတာ့တင္ဟမ္ အသင္းမွာက ကစားသမား ၃၃ ေယာက္ ရွိခဲ့တယ္။ အဲဒီကာလအတြင္းမွာ အသင္းရဲ႕ ကိုယ္ပိုင္ ပံုရိပ္ တစ္ခု ရေအာင္ ၾကိဳးစားျပီး အေျပာာင္းအလဲေတြလည္း လုပ္ေဆာင္ခဲ့တယ္။ အဲဒီမွာ ေရာက္တဲ့ ပထမ ေန႔ရက္တည္းက စျပီး စိတ္လႈပ္ရွားစရာေတြနဲ႕ ေပ်ာ္ရႊင္ခဲ့ရတယ္။ အဲဒီအတြက္လည္း ဂ်ိဳးလူး၀စ္နဲ႕ အသင္းပိုင္ရွင္ ဒန္နီရယ္ လီဗိုင္း၊ ဘုတ္အဖြဲ႕ေတြက အစစ အရာရာ ပံ့ပိုး ကူညီခဲ့တယ္။ ေနာက္ျပီး ကစားသမားေတြေရာေပါ့။ သူတို႔ကလည္း သိပ္အံ့အားသင့္စရာပါ။

ကလပ္အသင္း တစ္ခုကို ဦးေဆာင္ဖို႔ ဆိုတာ အက်င့္စရိုက္ေတြ စည္းမ်ဥ္းေတြနဲ႕ ကိုယ့္အသင္းကိုယ္ ၾကပ္မတ္ရတာပါ။ အဲဒီအတြက္ ထိပ္ဆံုး အဆင့္ကေန စျပီး ကန္႔သတ္ဖို႔ လိုပါတယ္။ ကိုယ့္ စည္းမ်ဥ္း အေပၚ ကိုယ္ ခိုင္ခိုင္မာမာ ရပ္တည္နုိင္ရမယ္။ ဒီပံုစံနဲ႕ပဲ အသင္းတစ္သင္းကို ဦးေဆာင္နုိင္မွာပါ အဲဒီက်မွ ကိုယ္လိုခ်င္တဲ့ လမ္းေၾကာင္း အတိုင္း သြားနုိင္မွာ ျဖစ္တယ္။ ဒါေတြက လံုး၀ ထူးရွယ္ေတြ ဖန္တီးဖို႔ ျဖစ္ျပီး ေတာ့တင္ဟမ္မွာ အေကာင္အထည္ ေဖာ္နုိင္ခဲ့တယ္။ တကယ့္ အံ့ဖြယ္ပါ။

အေျပာင္းအလဲ ဆိုတာကေတာ့ အျမဲ နာက်င္စရာပါပဲ။ တကယ္ကိုပါ။ ဒါေပမယ့္ ကလပ္အသင္းသစ္ကို ေရာက္ျပီ ဆိုရင္ အေျပာင္းအလဲေတြက လုပ္ဖို႔ လိုပါတယ္။ အစေကာင္းမွာ ပိုျပီး လြယ္ကူနုိင္မွာပါ။ တကယ္လို႔ တစ္ခုခု အေကာင္အထည္ ေဖာ္ေနတုန္း လမ္းခုလတ္မွာ ကိုယ္က ၀င္လာတယ္ ဆိုလည္း ျပန္စရမွာပါ။ ဒါေၾကာင္း အေျခခံအုတ္ျမစ္ေကာင္း ခိုင္ခံ့ဖို႔က သိပ္ကို အေရးၾကီးပါတယ္။ ဒါမ်ိဳး လုပ္ထံုးလုပ္နည္းကို က်ေနာ္တို႔ ယံုၾကည္တယ္။ နည္းျပ အဖြဲ႕၀င္ေတြကလည္း ကစားသမားေတြ သက္ေတာင့္သက္သာ ရွိလာျပီး တိုးတက္ဖို႔ အားထုတ္လာေအာင္ ၀ိုင္း၀န္းေပးရပါမယ္။ ဒါကလည္း အေရးပါတဲ့ အခ်က္ပါ။ ” လို႔ ပိုခ်က္တီနိုက သူ႔ အျမင္ေတြကို ဖြင့္ဟသြားခဲ့ပါတယ္။

အာဂ်င္တိုင္းသားရဲ႕ အဆိုအရေတာ့ သူသာ မန္ခ်က္စတာ ယူနိုက္တက္ကို တာ၀န္ယူလာရမယ္ ဆိုရင္ သူ႔နည္းလမ္းနဲ႕ စည္းမ်ဥ္းေတြကို လိုက္နာၾကဖို႕ အေျပာင္းအလဲ ခပ္ၾကမ္းၾကမ္းေတြ ျမင္ရဖြယ္ ရွိေနပါတယ္။