အင်္ဂလန်ကလပ်တွေရဲ့ ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

ဒီတစ်ပတ် ကြားရက်မှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေရဲ့ တတိယမြောက် ပွဲတွေ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ရာ အင်္ဂလန် ကလပ်အသင်းတွေ ဖြစ်တဲ့ လီဗာပူး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ပွဲစဉ်တွေ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီး Vs အိုလံပီယာကို့စ်

ပွဲချိန်။ ။ နိုဝင်ဘာ ၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၂း၃၀ နာရီ

မန်စီးတီးအသင်းဟာ သီတင်းပတ်ကုန်က ပွဲမှာတော့ ရှက်ဖီးကို ဖိကာ အနိုင်ယူပြီး ကလင်းရှိ နှစ်ပွဲဆက် ရယူထားခဲ့ပါတယ်။ အသင်းခံစစ်ပိုင်းကို မေးခွန်းထုတ်စ ပြုနေတဲ့ မန်စီးတီး ဖန်တွေ အတွက်တော့ ဒီသတင်းတွေက တေးသံသာပဲ ဖြစ်ပါတယ်။ ကလင်းရှိတွေ ပိုရလေ ယုံကြည်မှုတွေက ပိုတက်လေ ဖြစ်ပြီး ဒီပွဲကနေလည်း မန်စီးတီးတို့ သုံးပွဲဆက် ပေးဂိုး မရှိဘဲ ဂရိအသင်းကို သက်တောင့်သက်သာ နိုင်ပွဲ ယူသွားလိမ့်မယ် ထင်ပါတယ်။

အိုဝင်ခန့်မှန်းရလဒ်။ ။ ၂ဂိုးနဲ့ အထက် အသာနဲ့ မန်စီးတီး အနိုင် (သို့မဟုတ်) မန်စီးတီး 4-0 အိုလံပီယာကို့စ်

အတ္တလန္တာ Vs လီဗာပူး

ပွဲချိန်။ ။ နိုဝင်ဘာ ၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၂း၃၀ နာရီ

အတ္တလန္တာ အသင်းကတော့ ဒီရာသီမှာ အခုထိ ပျော်စရာတွေ ရှိနေပါတယ်။ သူတို့ က လောလောဆယ် ခံစစ်မှာ အားနည်းချက်တွေ ရှိနေတဲ့ လီဗာပူးအသင်း အတွက်တော့ အန္တရာယ်ရှိတဲ့ အသင်း ဖြစ်ပါတယ်။ အီတလီသားတွေက ဒီပွဲမှာ ပြိုင်ဘက်ကို ပြဿနာတွေ ပေးနိုင်ဖို့ ယုံကြည်ချက် ရှိနေပါလိမ့်မယ်။ လီဗာပူးကလည်း ဒီတလောမှာ ဂိုးတွေ ပေးရရင်တောင် နိုင်ပွဲတော့ ရအောင် ရှာနိုင်နေပါတယ်။ ဒါက ချန်ပီယံတို့ရဲ့ ဝိသေသပါပဲ။ အတ္တလန္တာ က စိန်ခေါ်မှု တစ်ခု ဖြစ်ပေမယ့် လီဗာပူးပဲ နိုင်ပွဲနဲ့ အတူ အောင်ပွဲခံသွားမယ်လို့ ကျနော် ထင်ပါတယ်။

အိုဝင်ခန့်မှန်းရလဒ်။ ။ အတ္တလန္တာ 1-2 လီဗာပူး

ချယ်ဆီး Vs ရင်းနက်စ်

ပွဲချိန်။ ။ နိုဝင်ဘာ ၅ ရက် (ကြာသပတေးနေ့) နံနက် ၂း၃၀ နာရီ

ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၃ဂိုးစီနဲ့ သရေကျပြီး နောက်ပိုင်း ချယ်ဆီးက တစ်ဂိုးမှ မပေးရဘဲ လေးပွဲ ဆက် ပြန် တုန့်ပြန် ပြခဲ့ပါတယ်။ ချယ်ဆီးကတော့ ရာသီအစမှာ ကသီလင်တ ဖြစ်ခဲ့ရပေမယ့် အချိုးအကွေ့ တစ်ခုလို လုံး၀ လမ်းကြောင်း ပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း ချယ်ဆီးက အိမ်ကွင်းမှာ ရင်းနက်စ်ကို ကောင်းစွာ အနိုင်ယူပါလိမ့်မယ်။

အိုဝင်ခန့်မှန်းရလဒ်။ ။ ပေးဂိုး မရှိ ချယ်ဆီး အနိုင် (သို့) ချယ်ဆီး 2-0 ရင်းနက်စ်

အစ္စတန်ဘူလ် ဘက်ရှီးယား Vs မန်ချက်စတာ ယူနိုက်တက်

ပွဲချိန်။ ။ နိုဝင်ဘာ ၅ ရက် (ကြာသပတေးနေ့) နံနက် ၀၀း၂၅ နာရီ

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ဘောလုံးလောကမှာ ခန့်မှန်းရ အခက်ဆုံး ဖြစ်နိုင်ပါတယ်။ ဥရောပမှာ သူတို့ အကောင်းဆုံး ပုံစံတွေ ပြသနေပေမယ့် ပြည်တွင်းလိဂ်မှာတော့ ဟန်ချက်ညီမှု မရှိသေးပါဘူး။ ဥရောပပွဲ ပြန် ရောက်လာတော့ သူတို့ နောက်ထပ် ရလဒ်ကောင်း ယူပြနိုင်မယ် ကျနော် ထင်ပါတယ်။ ယူနိုက်တက်က အိမ်ကွင်းထက် အဝေးကွင်း ကစားတာ လောလောဆယ် ပိုသင့်တော်နေတယ် ပြောရမှာပါ။ သူတို့က ကောင်တာ တိုက်စစ် အကောင်းဆုံး လုပ်ပြနိုင်ပါတယ်။ ဆိုးရှား အနေနဲ့ အာဆင်နယ်ကို ရှုံးထားတဲ့ ပွဲကနေ ပြန်နိုးထနိုင်ဖို့က ဒီပွဲ အကောင်းဆုံး အခွင့် အရေးပါ။ သူတို့ အမှတ်ပြည့် ယူပြီး အိုးထရက်ဖို့ဒ်ကို ပြန်ကြပါလိမ့်မယ်။

အိုဝင်ခန့်မှန်းရလဒ်။ ။ အစ္စတန်ဘူလ် ဘက်ရှီးယား 0-2 မန်ချက်စတာ ယူနိုက်တက်

Zawgyi – ဒီတစ္ပတ္ ၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြရဲ႕ တတိယေျမာက္ ပြဲေတြ ယွဥ္ျပိဳင္ ကစားေတာ့မွာ ျဖစ္ရာ အဂၤလန္ ကလပ္အသင္းေတြ ျဖစ္တဲ့ လီဗာပူး၊ မန္စီးတီး၊ ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ ပြဲစဥ္ေတြ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

မန္စီးတီး Vs အိုလံပီယာကို႔စ္

ပြဲခ်ိန္။ ။ နို၀င္ဘာ ၄ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၂း၃၀ နာရီ

မန္စီးတီးအသင္းဟာ သီတင္းပတ္ကုန္က ပြဲမွာေတာ့ ရွက္ဖီးကို ဖိကာ အနုိင္ယူျပီး ကလင္းရွိ နွစ္ပြဲဆက္ ရယူထားခဲ့ပါတယ္။ အသင္းခံစစ္ပိုင္းကို ေမးခြန္းထုတ္စ ျပဳေနတဲ့ မန္စီးတီး ဖန္ေတြ အတြက္ေတာ့ ဒီသတင္းေတြက ေတးသံသာပဲ ျဖစ္ပါတယ္။ ကလင္းရွိေတြ ပိုရေလ ယံုၾကည္မႈေတြက ပိုတက္ေလ ျဖစ္ျပီး ဒီပြဲကေနလည္း မန္စီးတီးတို႔ သံုးပြဲဆက္ ေပးဂိုး မရွိဘဲ ဂရိအသင္းကို သက္ေတာင့္သက္သာ နုိင္ပြဲ ယူသြားလိမ့္မယ္ ထင္ပါတယ္။

အို၀င္ခန္႔မွန္းရလဒ္။ ။ ၂ဂိုးနဲ႕ အထက္ အသာနဲ႕ မန္စီးတီး အနုိင္ (သို႔မဟုတ္) မန္စီးတီး 4-0 အိုလံပီယာကို႔စ္

အတၱလႏၱာ Vs လီဗာပူး

ပြဲခ်ိန္။ ။ နို၀င္ဘာ ၄ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၂း၃၀ နာရီ

အတၱလႏၱာ အသင္းကေတာ့ ဒီရာသီမွာ အခုထိ ေပ်ာ္စရာေတြ ရွိေနပါတယ္။ သူတို႔ က ေလာေလာဆယ္ ခံစစ္မွာ အားနည္းခ်က္ေတြ ရွိေနတဲ့ လီဗာပူးအသင္း အတြက္ေတာ့ အႏၱရာယ္ရွိတဲ့ အသင္း ျဖစ္ပါတယ္။ အီတလီသားေတြက ဒီပြဲမွာ ျပိဳင္ဘက္ကို ျပႆနာေတြ ေပးနုိင္ဖို႔ ယံုၾကည္ခ်က္ ရွိေနပါလိမ့္မယ္။ လီဗာပူးကလည္း ဒီတေလာမွာ ဂိုးေတြ ေပးရရင္ေတာင္ နိုင္ပြဲေတာ့ ရေအာင္ ရွာနိုင္ေနပါတယ္။ ဒါက ခ်န္ပီယံတို႔ရဲ႕ ၀ိေသသပါပဲ။ အတၱလႏၱာ က စိန္ေခၚမႈ တစ္ခု ျဖစ္ေပမယ့္ လီဗာပူးပဲ နုိင္ပြဲနဲ႕ အတူ ေအာင္ပြဲခံသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။

အို၀င္ခန္႔မွန္းရလဒ္။ ။ အတၱလႏၱာ 1-2 လီဗာပူး

ခ်ယ္ဆီး Vs ရင္းနက္စ္

ပြဲခ်ိန္။ ။ နို၀င္ဘာ ၅ ရက္ (ၾကာသပေတးေန႔) နံနက္ ၂း၃၀ နာရီ

ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ၃ဂိုးစီနဲ႕ သေရက်ျပီး ေနာက္ပိုင္း ခ်ယ္ဆီးက တစ္ဂိုးမွ မေပးရဘဲ ေလးပြဲ ဆက္ ျပန္ တုန္႔ျပန္ ျပခဲ့ပါတယ္။ ခ်ယ္ဆီးကေတာ့ ရာသီအစမွာ ကသီလင္တ ျဖစ္ခဲ့ရေပမယ့္ အခ်ိဳးအေကြ႕ တစ္ခုလို လံုး၀ လမ္းေၾကာင္း ေျပာင္းနုိင္ခဲ့ျပီ ျဖစ္ပါတယ္။ ဒီပြဲမွာလည္း ခ်ယ္ဆီးက အိမ္ကြင္းမွာ ရင္းနက္စ္ကို ေကာင္းစြာ အနုိင္ယူပါလိမ့္မယ္။

အို၀င္ခန္႔မွန္းရလဒ္။ ။ ေပးဂိုး မရွိ ခ်ယ္ဆီး အနုိင္ (သို႔) ခ်ယ္ဆီး 2-0 ရင္းနက္စ္

အစၥတန္ဘူလ္ ဘက္ရွီးယား Vs မန္ခ်က္စတာ ယူနိုက္တက္

ပြဲခ်ိန္။ ။ နို၀င္ဘာ ၅ ရက္ (ၾကာသပေတးေန႔) နံနက္ ၀၀း၂၅ နာရီ

မန္ခ်က္စတာယူနိုက္တက္ဟာ လက္ရွိ ေဘာလံုးေလာကမွာ ခန္႔မွန္းရ အခက္ဆံုး ျဖစ္နိုင္ပါတယ္။ ဥေရာပမွာ သူတို႔ အေကာင္းဆံုး ပံုစံေတြ ျပသေနေပမယ့္ ျပည္တြင္းလိဂ္မွာေတာ့ ဟန္ခ်က္ညီမႈ မရွိေသးပါဘူး။ ဥေရာပပြဲ ျပန္ ေရာက္လာေတာ့ သူတို႔ ေနာက္ထပ္ ရလဒ္ေကာင္း ယူျပနိုင္မယ္ က်ေနာ္ ထင္ပါတယ္။ ယူနိုက္တက္က အိမ္ကြင္းထက္ အေ၀းကြငး္ ကစားတာ ေလာေလာဆယ္ ပိုသင့္ေတာ္ေနတယ္ ေျပာရမွာပါ။ သူတို႔က ေကာင္တာ တိုက္စစ္ အေကာင္းဆံုး လုပ္ျပနိုင္ပါတယ္။ ဆိုးရွား အေနနဲ႕ အာဆင္နယ္ကို ရွံဳးထားတဲ့ ပြဲကေန ျပန္နုိးထနုိင္ဖို႔က ဒီပြဲ အေကာင္းဆံုး အခြင့္ အေရးပါ။ သူတို႔ အမွတ္ျပည့္ ယူျပီး အိုးထရက္ဖို႔ဒ္ကို ျပန္ၾကပါလိမ့္မယ္။

အို၀င္ခန္႔မွန္းရလဒ္။ ။ အစၥတန္ဘူလ္ ဘက္ရွီးယား 0-2 မန္ခ်က္စတာ ယူနိုက္တက္

- ဘောလုံးပွဲတွေရဲ့ live တွေ၊ ဟိုက်လိုက်တွေ ကြည့်ဖို့ Sports Home Time တယ်လီဂရမ် - https://t.me/sportshometime