ယူနိုက်တက်က လိုက်ဇစ်ကို ဂိုးပြတ်နိုင်တာ ကံကောင်းလို့ပါဆိုတဲ့ ဝေဖန်မှု

ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း လီဘိုးက ယူနိုက်တက် မန်နေဂျာ ဆိုးရှားက ပေါ့ဘာကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မသိကြောင်းနဲ့ ပေါ့ဘာရဲ့ အကောင်းဆုံးနေရာကလည်း အရန်ခုံပါလို့ ပြင်းထန်စွာ ဝေဖန်ပါတယ်။

အသက် ၂၇နှစ်အရွယ် ကစားသမားရဲ့ အမှားကြောင့် အာဆင်နယ်ကို ပင်နယ်တီပေးခဲ့ရပြီး အူဘာမီးယန်းရဲ့ ကန်သွင်းမှုနဲ့ပဲ လန်ဒန်ကလပ်က အနိုင်ရခဲ့တယ်။ ဒီပွဲဟာ ယူနိုက်တက်အတွက် ဒီရာသီ ၃ပွဲမြောက် အိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ၁၄ နှစ်ကြာ အနိုင်ယူလာတဲ့ ပြိုင်ဘက်ကြီးကို အရံှူးရလဒ်ဖြင့် အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

လီဘိုးက ပြီးခဲ့တဲ့အပတ် လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ ယူနိုက်တက်က ကံကောင်းခဲ့ခြင်းပဲဖြစ်ပြီး ယူနိုက်တက်နည်းပြက ပေါ့ဘာရဲ့ အကောင်းဆုံးပုံစံ ရရှိအောင် လုပ်ဖို့ ရုန်းကန်နေရတာနဲ့အတူ အခုအချိန်မှာ ဆိုးရှားအနေနဲ့ သူ့ကို ပွဲထွက်စာရင်းထဲ မထည့်သင့်ဘူးလို့ ဆိုပါတယ်။

လီဘိုးက “ ယူနိုက်တက်ရဲ့ ကစားပုံအတွက် ဖြေရှင်းချက်ရှိလား မရှိလား ကျွန်တော်မသိဘူး၊ လိုက်ဇစ်နဲ့ပွဲက ကျပန်းနိုင်ပွဲဖြစ်ခဲ့ပြီးတော့ သူတို့ကံကောင်းသွားခဲ့ရုံပါ၊ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က မလုံလောက်ခဲ့ဘူး၊ အံ့အားသင့်စရာ ကောင်းအောင်ကို အဆင့်အတန်းက ကျဆင်းနေတယ်။

အဲ့လို စိန်ပွင့်ပုံစံ ကွင်းလယ်ကို မြင်ရတာက အတော်လေး ထူးဆန်းခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဆိုးလ်ရှားက ပေါ့ဘာကို အလယ်မှာ ထားချင်ခဲ့တာလေ၊ အဲ့ဒါက ပြဿနာဖြစ်နေတာပဲ၊ ဘာလို့လဲဆိုတော့ သူက ဒုတိယပိုင်းမှာ ပေါ့ဘာကို ပြောင်းလဲစေခဲ့ပြီး ဘယ်တောင်ပံလောက်နီးပါး ကစားခိုင်းခဲ့တာ။

ပေါ့ဘာကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သူမသိဘူး၊ သူ့ရဲ့ တကယ့်နေရာကို ဆိုးလ်ရှား စဉ်းစားဖို့ လိုနေပြီ၊ အခုချိန်မှာ ပေါ့ဘာအတွက် အသင့်တော်ဆုံးနေရာက အရန်ခုံပါပဲ”လို့ လီဘိုးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ ၉ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၈ ကအသင်းနဲ့ ရမှတ် ၆ မှတ်ပဲ ကွာဟနေပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ ဂွတ်ဒီဆင်ပက်ခ်မှာ ယူနိုက်တက်ဟာ စုဖွဲ့မှုကောင်းနေတဲ့ အဲဗာတန်နဲ့ ကစားရဖို့ ရှိနေပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ခံစစ္မွဴးေဟာင္း လီဘိုးက ယူႏုိက္တက္ မန္ေနဂ်ာ ဆိုးရွားက ေပါ့ဘာကို ဘယ္လို ကိုင္တြယ္ရမလဲဆိုတာ မသိေၾကာင္းနဲ႔ ေပါ့ဘာရဲ႕ အေကာင္းဆံုးေနရာကလည္း အရန္ခံုပါလို႔ ျပင္းထန္စြာ ေဝဖန္ပါတယ္။

အသက္ ၂၇ႏွစ္အ႐ြယ္ ကစားသမားရဲ႕ အမွားေၾကာင့္ အာဆင္နယ္ကို ပင္နယ္တီေပးခဲ့ရၿပီး အူဘာမီးယန္းရဲ႕ ကန္သြင္းမႈနဲ႔ပဲ လန္ဒန္ကလပ္က အႏိုင္ရခဲ့တယ္။ ဒီပြဲဟာ ယူႏိုက္တက္အတြက္ ဒီရာသီ ၃ပြဲေျမာက္ အိမ္ကြင္းရႈံးပြဲျဖစ္ခဲ့ၿပီး အိမ္ကြင္းမွာ ၁၄ ႏွစ္ၾကာ အႏုိင္ယူလာတဲ့ ျပိဳင္ဘက္ၾကီးကို အရံွဴးရလဒ္ျဖင့္ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

လီဘိုးက ၿပီးခဲ့တဲ့အပတ္ လိုက္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ေျခစြမ္းေကာင္းေတြျပသခဲ့တဲ့ ယူႏုိက္တက္က ကံေကာင္းခဲ့ျခင္းပဲျဖစ္ျပီး ယူႏိုက္တက္နည္းျပက ေပါ့ဘာရဲ႕ အေကာင္းဆုံးပုံစံ ရရွိေအာင္ လုပ္ဖို႔ ႐ုန္းကန္ေနရတာနဲ႔အတူ အခုအခ်ိန္မွာ ဆိုးရွားအေနနဲ႔ သူ႔ကို ပြဲထြက္စာရင္းထဲ မထည့္သင့္ဘူးလို႔ ဆိုပါတယ္။

လီဘိုးက “ ယူႏိုက္တက္ရဲ႕ ကစားပုံအတြက္ ေျဖရွင္းခ်က္ရွိလား မရွိလား ကြၽန္ေတာ္မသိဘူး၊ လိုက္ဇစ္နဲ႔ပြဲက က်ပန္းႏိုင္ပြဲျဖစ္ခဲ့ၿပီးေတာ့ သူတို႔ကံေကာင္းသြားခဲ့႐ုံပါ၊ ပရီးမီးယားလိဂ္မွာ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတဲ့ ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္က မလုံေလာက္ခဲ့ဘူး၊ အံ့အားသင့္စရာ ေကာင္းေအာင္ကို အဆင့္အတန္းက က်ဆင္းေနတယ္။

အဲ့လို စိန္ပြင့္ပံုစံ ကြင္းလယ္ကို ျမင္ရတာက အေတာ္ေလး ထူးဆန္းခဲ့တယ္၊ ဘာလို႔လဲဆိုေတာ့ ဆိုးလ္ရွားက ေပါ့ဘာကို အလယ္မွာ ထားခ်င္ခဲ့တာေလ၊ အဲ့ဒါက ျပႆနာျဖစ္ေနတာပဲ၊ ဘာလို႔လဲဆိုေတာ့ သူက ဒုတိယပိုင္းမွာ ေပါ့ဘာကို ေျပာင္းလဲေစခဲ့ၿပီး ဘယ္ေတာင္ပံေလာက္နီးပါး ကစားခိုင္းခဲ့တာ။

ေပါ့ဘာကို ဘယ္လို ကိုင္တြယ္ရမလဲဆိုတာ သူမသိဘူး၊ သူ႔ရဲ႕ တကယ့္ေနရာကို ဆိုးလ္ရွား စဥ္းစားဖို႔ လိုေနၿပီ၊ အခုခ်ိန္မွာ ေပါ့ဘာအတြက္ အသင့္ေတာ္ဆုံးေနရာက အရန္ခုံပါပဲ”လို႔ လီဘိုးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ လက္ရွိမွာေတာ့ အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ လက္ရွိ ခ်န္ပီယံ လီဗာပူးနဲ႔ ၉ မွတ္အကြာ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ ၁၈ ကအသင္းနဲ႔ ရမွတ္ ၆ မွတ္ပဲ ကြာဟေနပါတယ္။ ႏိုဝင္ဘာလ ၇ ရက္ေန႔ ဂြတ္ဒီဆင္ပက္ခ္မွာ ယူႏုိက္တက္ဟာ စုဖြဲ႔မႈေကာင္းေနတဲ့ အဲဗာတန္နဲ႔ ကစားရဖို႔ ရွိေနပါတယ္။