ခရက်စ်နိုဒါနဲ့ ပွဲက လမ်းပတ် အားရကျေနပ်ခဲ့ရတဲ့ ချယ်ဆီး ခံစစ်သမား နှစ်ဦး

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ် ကတော့ ညက ခရက်စ်နိုဒါကို လေးဂိုးပြတ် နိုင်တဲ့ ပွဲမှာ ပြန်ကစားခွင့်ပေးခဲ့တဲ့ အန်တိုနီယို ရူဒီဂါ ရဲ့ စွမ်းဆောင်ရည်ကို အားရကျေနပ်ကြောင်း ဖွင့်ဟခဲ့ပြီး ဇူးမား ခြေစွမ်းကိုလည်း သဘောကျနေခဲ့ပါတယ်။

ချယ်ဆီးရဲ့ ဂျာမန်သား ခံစစ်မှူး ရူဒီဂါကတော့ သီယေဂို ဆေးလ်ဗား ရောက်လာပြီး ပို ကစားခွင့်နည်းကာ အသင်းကနေ ထွက်ဖို့ ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီမှာ ရူဒီဂါက ခရစ္စတန်ဆန်၊ ဆေးဗား၊ ဇူးမားနဲ့ တိုမိုရီတို့ နောက်မှသာ အခွင့်အရေး ပေးခြင်း ခံခဲ့ရတာ ဖြစ်ပြီး ဒီတလောမှာမှ ထရိန်နင်မှာ အားစိုက် ကြိုးစားမှုတွေကြောင့် လမ်းပတ်က ပြန်ကစားခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားမှာ သွားကစားရတဲ့ ခရက်စ်နိုဒါနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ချယ်ဆီးက ခံစစ် ကျစ်လစ်စွာနဲ့ ပေးဂိုး မရှိခဲ့ဘဲ လေးဂိုး သွင်းကာ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ ရူဒီဂါရဲ့ ပထမဆုံး ပွဲထွက်ကစားတဲ့ ပွဲ အတွက် လမ်းပတ်က ပွဲ အပြီးမှာ မှတ်ချက်ပြု ချီးကျူးခဲ့ပါတယ်။

” ကျနော်ကတော့ ဇူးမားနဲ့ ရူဒီဂါ တို့ စွမ်းဆောင်ရည်ကို သိပ်သဘောကျ ကျေနပ်နေတယ်။ ကစားသမားတွေထဲမှာ သူတို့ကတော့ နာမည်တပ် ချီးကျူး အသိအမှတ်ပြု ခံရထိုက်ပါတယ်။ ရူဒီဂါရဲ့ ဒီတလော သီတင်းပတ်တွေ အတွင်းက ပရို ဆန်မှုတွေကို မြင်ခဲ့ရပြီး ကျနော်က သူနဲ့ ပတ်သတ်လို့ သံသယတွေ မရှိပါဘူး။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး အသင်း ဗဟိုခံစစ်မှာ ရွေးချယ်စရာတွေ များနေတာကြောင့် ရူဒီဂါ ကျေနပ်လောက်တဲ့ ပွဲကစားချိန် ပေးနိုင်ဖို့ကိုတော့ မသေချာသေးကြောင်း လမ်းပတ်က ဝန်ခံခဲ့ပြီး အသင်းမှာ ရှိတဲ့ ဗဟိုခံစစ် ငါးဦး လုံးကို ပျော်ရွှင်အောင် ထိန်းထားဖို့တော့ မလွယ်ကူဘူးလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ ကေတာ့ ညက ခရက္စ္နိုဒါကို ေလးဂိုးျပတ္ နုိင္တဲ့ ပြဲမွာ ျပန္ကစားခြင့္ေပးခဲ့တဲ့ အန္တိုနီယို ရူဒီဂါ ရဲ႕ စြမ္းေဆာင္ရည္ကို အားရေက်နပ္ေၾကာင္း ဖြင့္ဟခဲ့ျပီး ဇူးမား ေျခစြမ္းကိုလည္း သေဘာက်ေနခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ဂ်ာမန္သား ခံစစ္မွဴး ရူဒီဂါကေတာ့ သီေယဂို ေဆးလ္ဗား ေရာက္လာျပီး ပို ကစားခြင့္နည္းကာ အသင္းကေန ထြက္ဖို႔ ေရပန္းစားခဲ့သူ ျဖစ္ပါတယ္။ ဒီရာသီမွာ ရူဒီဂါက ခရစၥတန္ဆန္၊ ေဆးဗား၊ ဇူးမားနဲ႕ တိုမိုရီတို႔ ေနာက္မွသာ အခြင့္အေရး ေပးျခင္း ခံခဲ့ရတာ ျဖစ္ျပီး ဒီတေလာမွာမွ ထရိန္နင္မွာ အားစိုက္ ၾကိဳးစားမႈေတြေၾကာင့္ လမ္းပတ္က ျပန္ကစားခြင့္ ေပးဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ရုရွားမွာ သြားကစားရတဲ့ ခရက္စ္နိုဒါနဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ ခ်ယ္ဆီးက ခံစစ္ က်စ္လစ္စြာနဲ႕ ေပးဂိုး မရွိခဲ့ဘဲ ေလးဂိုး သြင္းကာ ဂိုးျပတ္ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီ ရူဒီဂါရဲ႕ ပထမဆံုး ပြဲထြက္ကစားတဲ့ ပြဲ အတြက္ လမ္းပတ္က ပြဲ အျပီးမွာ မွတ္ခ်က္ျပဳ ခ်ီးက်ဴးခဲ့ပါတယ္။

” က်ေနာ္ကေတာ့ ဇူးမားနဲ႕ ရူဒီဂါ တို႔ စြမ္းေဆာင္ရည္ကို သိပ္သေဘာက် ေက်နပ္ေနတယ္။ ကစားသမားေတြထဲမွာ သူတို႔ကေတာ့ နာမည္တပ္ ခ်ီးက်ဴး အသိအမွတ္ျပဳ ခံရထိုက္ပါတယ္။ ရူဒီဂါရဲ႕ ဒီတေလာ သီတင္းပတ္ေတြ အတြင္းက ပရို ဆန္မႈေတြကို ျမင္ခဲ့ရျပီး က်ေနာ္က သူနဲ႕ ပတ္သတ္လို႔ သံသယေတြ မရွိပါဘူး။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး အသင္း ဗဟိုခံစစ္မွာ ေရြးခ်ယ္စရာေတြ မ်ားေနတာေၾကာင့္ ရူဒီဂါ ေက်နပ္ေလာက္တဲ့ ပြဲကစားခ်ိန္ ေပးနုိင္ဖို႔ကိုေတာ့ မေသခ်ာေသးေၾကာင္း လမ္းပတ္က ၀န္ခံခဲ့ျပီး အသင္းမွာ ရွိတဲ့ ဗဟိုခံစစ္ ငါးဦး လံုးကို ေပ်ာ္ရႊင္ေအာင္ ထိန္းထားဖို႔ေတာ့ မလြယ္ကူဘူးလို႔ ေျပာဆိုခဲ့ပါတယ္။