ယူနိုက်တက်က တိုက်စစ်ဆင်တိုင်း ဂိုးရနိုင်လောက်အောင် ကောင်းတယ်လို့ ရပ်ဖိုဒ့် ပြော

ယူနိုက်တက်ဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ၅-၀ ဖြင့် အနိုင်ရခဲ့ပြီး တိုက်စစ်သမား ရပ်ဖိုဒ့်ကလည်း hat-trick သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ ရပ်ဖိုဒ့်ဟာ ပွဲချိန် ၂၇ မိနစ်အတွင်းမှာ သွင်းဂိုး ၃ ဂိုး ရခဲ့တာပါ။ အင်္ဂလန်လူငယ် တိုက်စစ်သမားက ချန်ပီယံလိဂ်သမိုင်မှာ မိနစ် အတိုဆုံးနဲ့ hat-trick ရတဲ့ ကစားသမား အနည်းငယ်ထဲမှာလည်း ပါဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

ရပ်ဖိုဒ့် မတိုင်ခင်က အမ်ဘတ်ပီ၊ ပန်ဒီယာနီ၊ လော်ရန်တေးနဲ့ ရိုဆီလာတို့ကပဲ အရန်ခုံကနေ ထလာပြီး hat-trick သွင်းယူနိုင်သူတွေ ဖြစ်ထားခဲ့တာပါ။ ဒါပေမယ့် အားလုံးထဲမှာ ရပ်ဖိုဒ့်က မိနစ် အတိုဆုံးဖြစ်ပြီး ၂၇ မိနစ်နဲ့တင် ဂိုးအားလုံးကို သွင်းခဲ့တာ ဖြစ်ပါတယ်။

ရပ်ဖိုဒ့်က ” မန်နေဂျာက ကျနော်က ပွဲရဲ့ တန်ပိုကို ပိုတက်လာအောင် လုပ်ပေးတာမျိုး လိုချင်ခဲ့တယ်။ အဲ့တာကြောင့် တိုက်စစ်ကို ပိုအားထည့်ကစားခဲ့ရတယ်။ နေရာလွတ်တွေလည်း မြင်ခဲ့ရပြီး ဘရူနိုနဲ့ ပေါလ်တို့ ဘောလုံးရချိန်မှာ ကျနေ်ာတို့ရဲ့ ကစားပုံက အန္တရာယ်ပေးနိုင်စွမ်း မြင့်မားခဲ့ကာ တိုက်စစ်ကစားတိုင်း ဂိုးရတော့မယ့် အနေအထား ဖြစ်ပါတယ်။

ဒါက စစ်မှန်တဲ့ အသင်းလိုက် စွမ်းဆောင်ရည်ပါ။ ပွဲထွက်ကစားသမားတွေ ကစားပုံ ကောင်းတာကြောင့် လူစားဝင် ကစားသမားတွေလည်း ကစားပုံ ကောင်းကြတာဖြစ်တယ်။ ပွဲကို အဆုံးသတ်လိုက်ဖို့ ဒီထက်ပိုကောင်းတဲ့ စိတ်ဓါတ်ပိုင်းတွေကိုလည်း တောင်းဆိုလို့ မရနိုင်တော့ပါဘူး။ ကျနေ်ာတို့ ဆန္ဒအတိုင်း အလုပ်ဖြစ်ခဲ့ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ရပ်ဖိုဒ့်ဟာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက နော်တင်ဟမ် ဖော်ရက်စ်ပွဲမှာ ဆိုးရှား လုပ်ပြပြီးနောက်ပိုင်း လူစားဝင် ကစားသမားအဖြစ်နဲ့ hat-trick ရတဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ZAWGYI – ယူႏိုက္တက္ဟာ မနက္က ယွဥ္ျပိဳင္ကစားတဲ့ လိုက္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ၅-၀ ျဖင့္ အႏုိင္ရခဲ့ျပီး တိုက္စစ္သမား ရပ္ဖိုဒ့္ကလည္း hat-trick သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ လူစားဝင္လာခဲ့တဲ့ ရပ္ဖိုဒ့္ဟာ ပြဲခ်ိန္ ၂၇ မိနစ္အတြင္းမွာ သြင္းဂိုး ၃ ဂိုး ရခဲ့တာပါ။ အဂၤလန္လူငယ္ တိုက္စစ္သမားက ခ်န္ပီယံလိဂ္သမိုင္မွာ မိနစ္ အတိုဆံုးနဲ႔ hat-trick ရတဲ့ ကစားသမား အနည္းငယ္ထဲမွာလည္း ပါဝင္သြားခဲ့ျပီ ျဖစ္ပါတယ္။

ရပ္ဖိုဒ့္ မတိုင္ခင္က အမ္ဘတ္ပီ၊ ပန္ဒီယာနီ၊ ေလာ္ရန္ေတးနဲ႔ ရိုဆီလာတို႔ကပဲ အရန္ခံုကေန ထလာျပီး hat-trick သြင္းယူႏုိင္သူေတြ ျဖစ္ထားခဲ့တာပါ။ ဒါေပမယ့္ အားလံုးထဲမွာ ရပ္ဖိုဒ့္က မိနစ္ အတိုဆံုးျဖစ္ျပီး ၂၇ မိနစ္နဲ႔တင္ ဂိုးအားလံုးကို သြင္းခဲ့တာ ျဖစ္ပါတယ္။

ရပ္ဖိုဒ့္က ” မန္ေနဂ်ာက က်ေနာ္က ပြဲရဲ႕ တန္ပိုကို ပိုတက္လာေအာင္ လုပ္ေပးတာမ်ိဳး လိုခ်င္ခဲ့တယ္။ အဲ့တာေၾကာင့္ တိုက္စစ္ကို ပိုအားထည့္ကစားခဲ့ရတယ္။ ေနရာလြတ္ေတြလည္း ျမင္ခဲ့ရျပီး ဘရူႏိုနဲ႔ ေပါလ္တို႔ ေဘာလံုးရခ်ိန္မွာ က်ေန္ာတို႔ရဲ႕ ကစားပံုက အႏၱရာယ္ေပးႏုိင္စြမ္း ျမင့္မားခဲ့ကာ တိုက္စစ္ကစားတိုင္း ဂိုးရေတာ့မယ့္ အေနအထား ျဖစ္ပါတယ္။

ဒါက စစ္မွန္တဲ့ အသင္းလိုက္ စြမ္းေဆာင္ရည္ပါ။ ပြဲထြက္ကစားသမားေတြ ကစားပံု ေကာင္းတာေၾကာင့္ လူစားဝင္ ကစားသမားေတြလည္း ကစားပံု ေကာင္းၾကတာျဖစ္တယ္။ ပြဲကို အဆံုးသတ္လိုက္ဖို႔ ဒီထက္ပိုေကာင္းတဲ့ စိတ္ဓါတ္ပိုင္းေတြကိုလည္း ေတာင္းဆိုလို႔ မရႏုိင္ေတာ့ပါဘူး။ က်ေန္ာတို႔ ဆႏၵအတိုင္း အလုပ္ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ရပ္ဖိုဒ့္ဟာ ၁၉၉၉ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက ေနာ္တင္ဟမ္ ေဖာ္ရက္စ္ပြဲမွာ ဆိုးရွား လုပ္ျပျပီးေနာက္ပိုင္း လူစားဝင္ ကစားသမားအျဖစ္နဲ႔ hat-trick ရတဲ့ ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။