နည်းပြ အသိုင်းအဝိုင်းမှာ အင်္ဂလန်သား ဖြစ်လို့ ဝေဖန်မှုတွေ ပိုခံနေရတယ်လို့ လမ်းပတ် ယူဆနေ

ချယ်ဆီး နည်းပြလမ်းပတ်က သူဟာ နည်းပြ အသိုင်းအဝိုင်းမှာ ဆိုရင် တခြားနည်းပြတွေနဲ့ မတူဘဲ အင်္ဂလန်သား ဖြစ်လို့ ခွဲခြားဆက်ဆံခံခဲ့ရတယ်လို့ ယုံကြည်နေပြီး သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ နည်းပြ လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ရင်းနှီးတဲ့လူတွေကလည်း မေးခွန်းထုတ်ခဲ့ကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါဘီကောင်တီမှာ နည်းပြအဖြစ် တစ်ရာသီကြာခဲ့ပြီးနောက် ၂၀၁၉ မှာ ချယ်ဆီးကို ဦးဆောင်ဖို့အတွက် လမ်းပတ်ကို ရိုမန်အေဗရာမိုဗစ်ခ်ျက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ထိုအချိန်မှာ ချယ်ဆီး အတွက် အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတာကြောင့် လမ်းပတ်ဟာအကယ်ဒမီ ကစားသမားတွေအပေါ် ယုံကြည်မှုပေးခဲ့ပြီး မေဆန်မောင့်၊တန်မီအေဗရာဟမ်နဲ့ အိုဒွိုင်းတို့လို လူငယ်တွေကို အသင်းကြီး မှာ အခွင့်အရေး ပေးခဲ့ပါတယ်။

လမ်းပတ်ရဲ့ ယုံကြည်မှုကို လူငယ်ကြယ်ပွင့်တွေ အတွက် ပြန်လည်ပေးဆပ်ခဲ့တာနဲ့အတူ ချယ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး အက်ဖ်အေဖလားဖိုင်နယ်ကိုလဲ ရောက်ရှိခဲ့ပါတယ်။ လမ်းပတ်ဟာ ဖိအားနဲ့ မျှော့်လင့်ချက်တွေ ယူဆောင်လာတဲ့ ထိပ်သီး ၆သင်း နည်းပြတွေထဲမှာ တစ်ဦးတည်းသော အင်္ဂလိပ်လူမျိုးလဲဖြစ်ပြီး တခြားနိုင်ငံခြားနည်းပြတွေနဲ့ မတူညီတဲ့ သဘောထားမှုမျိုး ခံခဲ့ရလားလို့ မေးမြန်းခဲ့ရာမှာ လမ်းပတ်က ဟုတ်တယ် ယူဆကြောင်း အခုလို ဖွင့်ဟခဲ့ပါတယ်။

“ဟုတ်မယ်ထင်တယ်၊ ကျွန်တော် ဒီအလုပ်ကိုရတော့ လူများစွာက ဒါကို မေးခွန်းထုတ်ခဲ့ကြတယ်၊ ‘မင်း ဒီတာဝန်ကိုယူချင်တာ သေချာရဲ့လား’ ဆိုပြီး ပြောကြတယ်၊ တခါတလေ လူတွေက ဘယ်လို အကြောင်းကို မဆို သူတို့ထင်ချင်သလို ထင်တတ်ကြတာ၊ တချို့ကတော့ ကျွန်တော်က ဒါဘီမှာ တစ်နှစ်ပဲ နည်းပြရသေးတဲ့ လူငယ်အင်္ဂလိပ်နည်းပြဖြစ်နေလို့ ထင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာ ကျွန်တော်တို့က လူတွေကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ရတယ်၊ မင်းဘယ်က လာ လာ နည်းပြအားလုံးကို အတူတူပဲ တန်ဖိုးဖြတ်သင့်တယ်လို့ ထင်ပါတယ်။

ကျွန်တော်ကတော့ မနှစ်က ထိပ်ဆုံးလေးသင်းထဲဝင်အောင်လုပ်ခဲ့တဲ့အတွက် သိပ်ဂုဏ်ယူပါတယ်၊ တခြားအကြောင်းတွေကြောင့် ကျွန်တော်တို့တွေ အဲ့ဒီ့ထက်တောင် ပိုကောင်းတဲ့နေရာမျိုး ရနိုင်ခြေရှိခဲ့တာပါ၊ ဒါပေမယ့်ကျွန်တော်ကတော့ ကျေနပ်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ အမြင်တွေကို ကျွန်တော်က ပြောင်းလဲလို့မရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ် အသင်းကို နည်းပြနေပြီး လူတွေရဲ့ အမြင်တွေကို လိုက် နားထောင်နေရင် ကိုယ့်ကိုပဲ စိတ်ရှုပ်စေမှာပါ၊

ဒါကြောင့် ကျွန်တော်က တတ်နိုင်သလောက် ကောင်းကောင်းလုပ်ဖို့ပဲ လိုပါတယ်၊ အဲ့ဒီ့ထင်မြင်ချက်တွေက သူတို့ဘာသာသူတို့ ပြောနေမှာပဲလေ၊ ကျွန်တော် ဒီအလုပ်ကို ရခဲ့တဲ့အတွက် အရမ်းကျေနပ်ပါတယ်၊ ဒီကလပ်ကို နည်းပြရတဲ့အတွက် နေ့တိုင်းဂုဏ်ယူရပါတယ်” လို့ လမ်းပတ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး နည္းျပလမ္းပတ္က သူဟာ နည္းျပ အသိုင္းအ၀ိုင္းမွာ ဆိုရင္ တျခားနည္းျပေတြနဲ႔ မတူဘဲ အဂၤလန္သား ျဖစ္လို႔ ခြဲျခားဆက္ဆံခံခဲ့ရတယ္လို႔ ယုံၾကည္ေနၿပီး သူ႔အေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ နည္းျပ လုပ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚမွာ ရင္းႏွီးတဲ့လူေတြကလည္း ေမးခြန္းထုတ္ခဲ့ၾကတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဒါဘီေကာင္တီမွာ နည္းျပအျဖစ္ တစ္ရာသီၾကာခဲ့ၿပီးေနာက္ ၂၀၁၉ မွာ ခ်ယ္ဆီးကို ဦးေဆာင္ဖို႔အတြက္ လမ္းပတ္ကို ႐ိုမန္ေအဗရာမိုဗစ္ခ္်က ေခၚယူခဲ့တာျဖစ္ပါတယ္။ ထိုအခ်ိန္မွာ ခ်ယ္ဆီး အတြက္ အေျပာင္းအေ႐ႊ႕ ပိတ္ပင္ခံထားရတာေၾကာင့္ လမ္းပတ္ဟာအကယ္ဒမီ ကစားသမားေတြအေပၚ ယုံၾကည္မႈေပးခဲ့ၿပီး ေမဆန္ေမာင့္၊တန္မီေအဗရာဟမ္နဲ႔ အိုဒြိဳင္းတို႔လို လူငယ္ေတြကို အသင္းႀကီး မွာ အခြင့္အေရး ေပးခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ယုံၾကည္မႈကို လူငယ္ၾကယ္ပြင့္ေတြ အတြက္ ျပန္လည္ေပးဆပ္ခဲ့တာနဲ႔အတူ ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ၿပီး အက္ဖ္ေအဖလားဖိုင္နယ္ကိုလဲ ေရာက္ရွိခဲ့ပါတယ္။ လမ္းပတ္ဟာ ဖိအားနဲ႔ ေမွ်ာ့္လင့္ခ်က္ေတြ ယူေဆာင္လာတဲ့ ထိပ္သီး ၆သင္း နည္းျပေတြထဲမွာ တစ္ဦးတည္းေသာ အဂၤလိပ္လူမ်ိဳးလဲျဖစ္ၿပီး တျခားႏိုင္ငံျခားနည္းျပေတြနဲ႔ မတူညီတဲ့ သေဘာထားမႈမ်ိဳး ခံခဲ့ရလားလို႔ ေမးျမန္းခဲ့ရာမွာ လမ္းပတ္က ဟုတ္တယ္ ယူဆေၾကာင္း အခုလို ဖြင့္ဟခဲ့ပါတယ္။

“ဟုတ္မယ္ထင္တယ္၊ ကြၽန္ေတာ္ ဒီအလုပ္ကိုရေတာ့ လူမ်ားစြာက ဒါကို ေမးခြန္းထုတ္ခဲ့ၾကတယ္၊ ‘မင္း ဒီတာဝန္ကိုယူခ်င္တာ ေသခ်ာရဲ႕လား’ ဆိုၿပီး ေျပာၾကတယ္၊ တခါတေလ လူေတြက ဘယ္လို အေၾကာင္းကို မဆို သူတို႔ထင္ခ်င္သလို ထင္တတ္ၾကတာ၊ တခ်ိဳ႕ကေတာ့ ကြၽန္ေတာ္က ဒါဘီမွာ တစ္ႏွစ္ပဲ နည္းျပရေသးတဲ့ လူငယ္အဂၤလိပ္နည္းျပျဖစ္ေနလို႔ ထင္ပါတယ္၊ ဒါေပမယ့္ တခ်ိန္တည္းမွာ ကြၽန္ေတာ္တို႔က လူေတြကို အေပၚယံၾကည့္ၿပီး ဆုံးျဖတ္ရတယ္၊ မင္းဘယ္က လာ လာ နည္းျပအားလုံးကို အတူတူပဲ တန္ဖိုးျဖတ္သင့္တယ္လို႔ ထင္ပါတယ္။

ကြၽန္ေတာ္ကေတာ့ မႏွစ္က ထိပ္ဆုံးေလးသင္းထဲဝင္ေအာင္လုပ္ခဲ့တဲ့အတြက္ သိပ္ဂုဏ္ယူပါတယ္၊ တျခားအေၾကာင္းေတြေၾကာင့္ ကြၽန္ေတာ္တို႔ေတြ အဲ့ဒီ့ထက္ေတာင္ ပိုေကာင္းတဲ့ေနရာမ်ိဳး ရႏိုင္ေျခရွိခဲ့တာပါ၊ ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ ေက်နပ္ပါတယ္၊ ဒါေပမယ့္ သူတို႔ရဲ႕ အျမင္ေတြကို ကြၽန္ေတာ္က ေျပာင္းလဲလို႔မရပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ပရီးမီးယားလိဂ္ အသင္းကို နည္းျပေနၿပီး လူေတြရဲ႕ အျမင္ေတြကို လိုက္ နားေထာင္ေနရင္ ကိုယ့္ကိုပဲ စိတ္ရႈပ္ေစမွာပါ၊

ဒါေၾကာင့္ ကြၽန္ေတာ္က တတ္ႏိုင္သေလာက္ ေကာင္းေကာင္းလုပ္ဖို႔ပဲ လိုပါတယ္၊ အဲ့ဒီ့ထင္ျမင္ခ်က္ေတြက သူတို႔ဘာသာသူတို႔ ေျပာေနမွာပဲေလ၊ ကြၽန္ေတာ္ ဒီအလုပ္ကို ရခဲ့တဲ့အတြက္ အရမ္းေက်နပ္ပါတယ္၊ ဒီကလပ္ကို နည္းျပရတဲ့အတြက္ ေန႔တိုင္းဂုဏ္ယူရပါတယ္” လို႔ လမ္းပတ္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။