ခံစစ်တန်းမှာ ကံဆိုးရာ မိုးလိုက်ရွာနေတဲ့ ဒဏ်ရာသတင်း လီဗာပူးနည်းပြ ကလော့ပ် ဖွင့်ဟ

လီဗာပူးအသင်းဟာ ညက Midtjylland နဲ့ ချန်ပီယံလိဂ် ပွဲမှာ ဂျိုတာ ဆာလက်တို့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုတွင်း အခြေအနေ ကောင်းနေပေမယ့် အားထားရတဲ့ ကစားသမားတချို့ ထိခိုက် ဒဏ်ရာ ရသွားခဲ့တာက နစ်နာခဲ့ပါတယ်။

ခံစစ်မှာ အားထားရတဲ့ ဗန်ဒိုက် ဒဏ်ရာ ရသွားပြီးနောက် မာမာချာချာ မရှိတဲ့ မာတစ်လည်း အခြေအနေ မကောင်းချိန်မှာ ကွင်းလယ် ခံစစ်သမား ဖာဘင်ညိုက ဗဟိုခံစစ်မှာ ဝင် ကစားပေးနေပါတယ်။ ဒါပေမယ့် ညကပွဲမှာတော့ ဖာဘင်ညို ပါ ဒဏ်ရာ ရသွားပြန်တာကြောင့် လီဗာပူးအသင်း အတွက် ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ အနေထား ဖြစ်လာခဲ့တာပါ။

ဖာဘင်ညိုကို ပွဲချိန် ၂၈ မိနစ်တည်းက လူစားလဲကာ ကွင်းထဲမှာတင် ကုသမှုတွေ ပေးခဲ့ရပါတယ်။ စွယ်စုံရတဲ့ ဘရာဇီးသား ကို ကွင်းထဲ က ထုတ်သွားရပြီးနောက် တံကောက်ကြော ဒဏ်ရာ ဖြစ်ခဲ့သလား ဆိုတာ ထပ်မံ scan ဖတ် စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်တွေ အတွင်းမှာ လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေလည်း ရှိပြီး အရေးကြီး ပွဲစဉ်တွေက စောင့်ဆိုင်းနေတာကြောင့် ဖာဘင်ညိုသာ ကာလရှည် နားရမယ်ဆို အထိနာမှုကြီး ဖြစ်လာမှာပါ။ ဗန်ဒိုက် နာသွားပြီးနောက် ဖာဘင်ညိုက ဟော်လန်သား နေရာကို သုံးပွဲလုံး ပါဝင် ပွဲထွက် ကစားပေးထားပါတယ်။

” ဖာဘင်ညိုကတော့ တံကောက်ကြော ထိသွားတယ် ထင်ပါတယ်။ သူက ဆက်ကစားနိုင်ပါတယ် ဆိုပေမယ့် အားစိုက်ပြေးတာတွေ ဘာတွေ မလုပ်နိုင်တော့လို့ လဲလိုက်တာပါ။ သူ့ ဒဏ်ရာကိုတော့ အသေးစိတ်သိဖို့ scan လုပ် စစ်ဆေးရဦးမယ်။ ရလဒ်ကို စောင့်ဆိုင်းရမှာပေါ့။

တစ်ယောက်ယောက် ကြွက်သားထိသွားတယ် ဆိုရင် နောက်တစ်နေ့မနက်မှာပဲ ဆရာဝန်က ကျနော့်ကို ဖုန်းဆက်ပြီး ဟာ ဒါမဟုတ်ဘူး အားလုံး အိုကေပဲ လို့ ပြောတဲ့ ကိစ္စ ဆိုတာက သိပ်ကို ရှားပါလိမ့်မယ်။ ” လို့ ကလော့ပ်က ပွဲအပြီးမှာ စိတ်ပျက်စွာ ဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ညက Midtjylland နဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာ ဂ်ိဳတာ ဆာလက္တို႔ သြင္းဂိုးေတြနဲ႕ အနုိင္ရရွိခဲ့ျပီး အုပ္စုတြင္း အေျခအေန ေကာင္းေနေပမယ့္ အားထားရတဲ့ ကစားသမားတခ်ို႕ ထိခိုက္ ဒဏ္ရာ ရသြားခဲ့တာက နစ္နာခဲ့ပါတယ္။

ခံစစ္မွာ အားထားရတဲ့ ဗန္ဒိုက္ ဒဏ္ရာ ရသြားျပီးေနာက္ မာမာခ်ာခ်ာ မရွိတဲ့ မာတစ္လည္း အေျခအေန မေကာင္းခ်ိန္မွာ ကြင္းလယ္ ခံစစ္သမား ဖာဘင္ညိဳက ဗဟိုခံစစ္မွာ ၀င္ ကစားေပးေနပါတယ္။ ဒါေပမယ့္ ညကပြဲမွာေတာ့ ဖာဘင္ညိဳ ပါ ဒဏ္ရာ ရသြားျပန္တာေၾကာင့္ လီဗာပူးအသင္း အတြက္ ကံဆိုးမ သြားရာ မိုးလိုက္လို႔ရြာ အေနထား ျဖစ္လာခဲ့တာပါ။

ဖာဘင္ညိဳကို ပြဲခ်ိန္ ၂၈ မိနစ္တည္းက လူစားလဲကာ ကြင္းထဲမွာတင္ ကုသမႈေတြ ေပးခဲ့ရပါတယ္။ စြယ္စံုရတဲ့ ဘရာဇီးသား ကို ကြင္းထဲ က ထုတ္သြားရျပီးေနာက္ တံေကာက္ေၾကာ ဒဏ္ရာ ျဖစ္ခဲ့သလား ဆိုတာ ထပ္မံ scan ဖတ္ စစ္ေဆးမႈေတြ ျပဳလုပ္ရဦးမွာ ျဖစ္ပါတယ္။

လာမယ့္ သီတင္းပတ္ေတြ အတြင္းမွာ လီဗာပူးအသင္းဟာ မန္စီးတီးနဲ႕ ရင္ဆိုင္ရမယ့္ ပြဲေတြလည္း ရွိျပီး အေရးၾကီး ပြဲစဥ္ေတြက ေစာင့္ဆိုင္းေနတာေၾကာင့္ ဖာဘင္ညိဳသာ ကာလရွည္ နားရမယ္ဆို အထိနာမႈၾကီး ျဖစ္လာမွာပါ။ ဗန္ဒိုက္ နာသြားျပီးေနာက္ ဖာဘင္ညိဳက ေဟာ္လန္သား ေနရာကို သံုးပြဲလံုး ပါ၀င္ ပြဲထြက္ ကစားေပးထားပါတယ္။

” ဖာဘင္ညိဳကေတာ့ တံေကာက္ေၾကာ ထိသြားတယ္ ထင္ပါတယ္။ သူက ဆက္ကစားနုိင္ပါတယ္ ဆိုေပမယ့္ အားစိုက္ေျပးတာေတြ ဘာေတြ မလုပ္နုိင္ေတာ့လို႔ လဲလိုက္တာပါ။ သူ႔ ဒဏ္ရာကိုေတာ့ အေသးစိတ္သိဖို႔ scan လုပ္ စစ္ေဆးရဦးမယ္။ ရလဒ္ကို ေစာင့္ဆိုင္းရမွာေပါ့။

တစ္ေယာက္ေယာက္ ၾကြက္သားထိသြားတယ္ ဆိုရင္ ေနာက္တစ္ေန႕မနက္မွာပဲ ဆရာ၀န္က က်ေနာ့္ကို ဖုန္းဆက္ျပီး ဟာ ဒါမဟုတ္ဘူး အားလံုး အိုေကပဲ လို႔ ေျပာတဲ့ ကိစၥ ဆိုတာက သိပ္ကို ရွားပါလိမ့္မယ္။ ” လို႔ ကေလာ့ပ္က ပြဲအျပီးမွာ စိတ္ပ်က္စြာ ဆိုခဲ့ပါတယ္။