ညက အာဆင်နယ်နဲ့ လက်စတာတို့ပွဲမှာတော့ မိနစ် ၈၀ နီးပါးထိ ဂိုး မရှိ သကျေနေခဲ့ပေမယ့် လက်စတာ တိုက်စစ်မှူး ဗာဒီရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်တို့ အိမ်ကွှု်းမှာ ရှုံးပွဲ တွေ့သွားရပါတယ်။ အာဆင်နယ်နဲ့ တွေ့တိုင်း ဂိုးသွင်းလေ့ ရှိတဲ့ ဗာဒီကတော့ ဒီပွဲမှာ မိနစ် ၆၀ မှ လူစားဝင် ကစားခဲ့ပေမယ့် အစဉ်အလာ မပျက် ဂိုးသွင်းခဲ့ပြန်ပါတယ်။
အင်္ဂလန် သတင်းတွေကတော့ အရန်ခုံကနေ ဗာဒီ ထလာပြီ ဆိုတည်းက ဇာတ်ညွှန်းက သိပြီးသား ဖြစ်နေပြီလို့ ညွှန်းဆိုခဲ့ကြပါတယ်။ ဗာဒီဟာ လက်စတာနဲ့ ပြီးခဲ့တဲ့ နှစ်ပွဲဆက် ဒဏ်ရာကြောင့် လွဲချော်ခဲ့တာ ဖြစ်ပြီး ဒီပွဲမှာမှ လူစားပြန်ဝင် ကစားခဲ့ကာ တစ်ပွဲလုံး အခွင့်အရေးတွေး ဖြုန်းထားတဲ့ အာတီတာနဲ့ အာဆင်နယ် အသင်းသားတွေကို ကောင်းကောင်း သင်ခန်းစာ ပေးခဲ့ပါတယ်။

လက်စတာ တိုက်စစ်မှူး ဗာဒီက အာဆင်နယ် အသင်းဘက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုး သွင်းထားပြီး သူ့ စိတ်ကြိုက် ဂိုးသွင်းတဲ့ အသင်း တစ်သင်း ဖြစ်လို့နေပါတယ်။ အာဆင်နယ်ဘက် ဗာဒီထက် ပို ဂိုးသွင်းထားတာ ဆိုလို့ ၁၂ ဂိုး သွင်းထားတဲ့ ဝိန်း ရွန်းနီသာ ရှိပါတယ်။ ဗာဒီက အာဆင်နယ် လိုအပ်နေတဲ့ အညှာအတာမဲ့ သွေးအေး တိုက်စစ်မှူး ဆိုတာ ဘာလဲ ပြသခဲ့ပြီး လက်စတာ အတွက် အရေးပါတဲ့ သုံးမှတ်ကို ယူပြသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံး အိမ်ကွင်းမှာ ကစားထားတဲ့ လိဂ်ပွဲ ၃၃ ပွဲလုံး ရှုံးပွဲ မရှိခဲ့တာ ဖြစ်ပေမယ့် အောက်တိုဘာလထဲ လက်စတာနဲ့ အတွေ့မှာတော့ ထိုမှတ်တမ်းကောင်း ကျိုးပျက်ခဲ့ရပါတယ်။ ဗာဒီ ဝင်မလာခင်ထိ အာဆင်နယ်ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ပွဲကို စီးထားနိုင်ခဲ့ပေမယ့် ၎င်း ဝင်လာပြီး အဆုံးအဖြတ် ဖြစ်စေမယ့် သွင်းဂိုးနဲ့ ပြောင်းလဲခဲ့ပါတယ်။
လက်စတာနဲ့ အာဆင်နယ် နှစ်သင်းလုံးဟာ ဒီရာသီ တာထွက် အကောင်းကြီး မဟုတ်တဲ့ အသင်းတွေ ဖြစ်ပြီး ၉ မှတ်စီသာ ရထားခဲ့ကြပေမယ့် ဒီပွဲ အရတော့ လက်စတာဟာ ကျဉ်းထဲကြပ်ထဲမှာ အဆုံးအဖြတ် ဖြစ်စေတဲ့ တိုက်စစ်မှူးနဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ပြခဲ့ပါတယ်။ အာဆင်နယ် ဘက်မှာတော့ တိုက်စစ်မှူး အူဘာမီးယန်းနဲ့ လာကာဇက်တို့က အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြပြီး အူဘာမီးယန်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတာ ၅ ပွဲထိ ရှိလာခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ လီဗာပူး၊ မန်စီးတီးနဲ့ လက်စတာတို့ကို ရှုံးနိမ့်ထားပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး ထိပ်သီးအလွှာထဲ ပြန်ရောက်ဖို့ အသင့် မရှိသေးတာ မြင်တွေ့ရပါတယ်။ ဂန်းနားတွေဟာ ထိပ်သီးချင်းတွေ့တဲ့ ပွဲတွေမှာ အမှတ်ယူပြပြီး သူတို့ အဆင့်အတန်းကို ပြသဖို့ လိုနေဆဲ ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေက သုံးသပ်ထားပါတယ်။
အာဆင်နယ်ရဲ့ ကြုံတွေ့နေကျ ထုံးစံအတိုင်း ဘောလုံး ပိုင်ဆိုင်မှု အသာ ၅၇% ထိ ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင် အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တာက ဆိုးဝါးစေခဲ့ပါတယ်။ ဘောလုံး သုံးသပ်သူ တချို့ကလည်း အသင်း ခံစစ်မှာ အာတီတာ နေရာထားခဲ့တဲ့ ၃ ယောက်တန်း ခံစစ်က အဆင်မပြေဘဲ ၄ ယောက်တန်း ပြန်ထားသင့်ကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။

Zawgyi – ညက အာဆင္နယ္နဲ႕ လက္စတာတို႔ပြဲမွာေတာ့ မိနစ္ ၈၀ နီးပါးထိ ဂိုး မရွိ သေက်ေနခဲ့ေပမယ့္ လက္စတာ တိုက္စစ္မွဴး ဗာဒီရဲ႕ သြင္းဂိုးေၾကာင့္ အာဆင္နယ္တို႔ အိမ္ကြႈ္းမွာ ရွံဳးပြဲ ေတြ႔သြားရပါတယ္။ အာဆင္နယ္နဲ႕ ေတြ႔တိုင္း ဂိုးသြင္းေလ့ ရွိတဲ့ ဗာဒီကေတာ့ ဒီပြဲမွာ မိနစ္ ၆၀ မွ လူစား၀င္ ကစားခဲ့ေပမယ့္ အစဥ္အလာ မပ်က္ ဂိုးသြင္းခဲ့ျပန္ပါတယ္။
အဂၤလန္ သတင္းေတြကေတာ့ အရန္ခံုကေန ဗာဒီ ထလာျပီ ဆိုတည္းက ဇာတ္ညႊန္းက သိျပီးသား ျဖစ္ေနျပီလို႔ ညႊန္းဆိုခဲ့ၾကပါတယ္။ ဗာဒီဟာ လက္စတာနဲ႕ ျပီးခဲ့တဲ့ နွစ္ပြဲဆက္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာ ျဖစ္ျပီး ဒီပြဲမွာမွ လူစားျပန္၀င္ ကစားခဲ့ကာ တစ္ပြဲလံုး အခြင့္အေရးေတြး ျဖဳန္းထားတဲ့ အာတီတာနဲ႕ အာဆင္နယ္ အသင္းသားေတြကို ေကာင္းေကာင္း သင္ခန္းစာ ေပးခဲ့ပါတယ္။
လက္စတာ တိုက္စစ္မွဴး ဗာဒီက အာဆင္နယ္ အသင္းဘက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၁ ဂိုး သြင္းထားျပီး သူ႔ စိတ္ၾကိဳက္ ဂိုးသြင္းတဲ့ အသင္း တစ္သင္း ျဖစ္လို႔ေနပါတယ္။ အာဆင္နယ္ဘက္ ဗာဒီထက္ ပို ဂိုးသြင္းထားတာ ဆိုလို႔ ၁၂ ဂိုး သြင္းထားတဲ့ ၀ိန္း ရြန္းနီသာ ရွိပါတယ္။ ဗာဒီက အာဆင္နယ္ လိုအပ္ေနတဲ့ အညွာအတာမဲ့ ေသြးေအး တိုက္စစ္မွူး ဆိုတာ ဘာလဲ ျပသခဲ့ျပီး လက္စတာ အတြက္ အေရးပါတဲ့ သံုးမွတ္ကို ယူျပသြားခဲ့ပါတယ္။
အာဆင္နယ္ဟာ ေနာက္ဆံုး အိမ္ကြင္းမွာ ကစားထားတဲ့ လိဂ္ပြဲ ၃၃ ပြဲလံုး ရွံဳးပြဲ မရွိခဲ့တာ ျဖစ္ေပမယ့္ ေအာက္တိုဘာလထဲ လက္စတာနဲ႕ အေတြ႔မွာေတာ့ ထိုမွတ္တမ္းေကာင္း က်ိဳးပ်က္ခဲ့ရပါတယ္။ ဗာဒီ ၀င္မလာခင္ထိ အာဆင္နယ္ဟာ ေဘာလံုး ပိုင္ဆိုင္မႈ အသာနဲ႕ ပြဲကို စီးထားနုိင္ခဲ့ေပမယ့္ ၄င္း ၀င္လာျပီး အဆံုးအျဖတ္ ျဖစ္ေစမယ့္ သြင္းဂိုးနဲ႕ ေျပာင္းလဲခဲ့ပါတယ္။
လက္စတာနဲ႕ အာဆင္နယ္ နွစ္သင္းလံုးဟာ ဒီရာသီ တာထြက္ အေကာင္းၾကီး မဟုတ္တဲ့ အသင္းေတြ ျဖစ္ျပီး ၉ မွတ္စီသာ ရထားခဲ့ၾကေပမယ့္ ဒီပြဲ အရေတာ့ လက္စတာဟာ က်ဥ္းထဲၾကပ္ထဲမွာ အဆံုးအျဖတ္ ျဖစ္ေစတဲ့ တိုက္စစ္မွဴးနဲ႕ အထင္ၾကီးဖြယ္ စြမ္းေဆာင္ျပခဲ့ပါတယ္။ အာဆင္နယ္ ဘက္မွာေတာ့ တိုက္စစ္မွဴး အူဘာမီးယန္းနဲ႕ လာကာဇက္တို႔က အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့ၾကျပီး အူဘာမီးယန္းဟာ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ေနတာ ၅ ပြဲထိ ရွိလာခဲ့ပါတယ္။
အာဆင္နယ္ဟာ ဒီရာသီမွာ လီဗာပူး၊ မန္စီးတီးနဲ႕ လက္စတာတို႔ကို ရွံဳးနိမ့္ထားျပီ ျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အင္အားၾကီး ထိပ္သီးအလႊာထဲ ျပန္ေရာက္ဖို႔ အသင့္ မရွိေသးတာ ျမင္ေတြ႔ရပါတယ္။ ဂန္းနားေတြဟာ ထိပ္သီးခ်င္းေတြ႕တဲ့ ပြဲေတြမွာ အမွတ္ယူျပျပီး သူတို႔ အဆင့္အတန္းကို ျပသဖို႔ လိုေနဆဲ ျဖစ္ေၾကာင္း အဂၤလန္သတင္းဌာနေတြက သံုးသပ္ထားပါတယ္။
အာဆင္နယ္ရဲ႕ ၾကံဳေတြ႔ေနက် ထံုးစံအတိုင္း ေဘာလံုး ပိုင္ဆိုင္မႈ အသာ ၅၇% ထိ ရွိခဲ့ေပမယ့္ ဂိုးမသြင္းနုိင္ အခြင့္အေရးေတြ မဖန္တီးနုိင္ခဲ့တာက ဆိုး၀ါးေစခဲ့ပါတယ္။ ေဘာလံုး သံုးသပ္သူ တခ်ိဳ႕ကလည္း အသင္း ခံစစ္မွာ အာတီတာ ေနရာထားခဲ့တဲ့ ၃ ေယာက္တန္း ခံစစ္က အဆင္မေျပဘဲ ၄ ေယာက္တန္း ျပန္ထားသင့္ေၾကာင္း ေထာက္ျပမႈေတြ ရွိေနပါတယ္။
