ပေါင် သန်း ၂၀၀ ကျော် သုံးပြီး ဂိုးပေါက် ပျောက်နေတဲ့ ချယ်ဆီး ဘာလဲ ဘယ်လဲ မေးခွန်းထုတ်မှု

စနေနေ့က မန်ချက်စတာ ယူနိုက်တက်နဲ့ ဂိုး မရှိ သရေပွဲ မှာ ချယ်ဆီး နည်းပြ ဖရန့်လမ်းပတ် အနေနဲ့ သူ ခေါင်းကိုက်နေရတဲ့ ပေးဂိုးများများ ခံစစ်နဲ့ ဂိုးသမား ပြသနာကို ဖြေရှင်းနိုင်ပြီလို့ စိတ်သက်သာရာ ရနိုင်သော်လည်း ဒီဂီယာ တစ်ကြိမ်သာ ကာကွယ်ခဲ့ရတဲ့ အသင်း တိုက်စစ်က ဝေဖန်ချင်စရာ ဖြစ်နေပါတယ်။ အင်္ဂလန် နာမည်ကြီး Goal သတင်းဌာနမှ ချယ်ဆီး သတင်းထောက် နစ်ဇာ ကင်ဆယ်လာ ကတော့ ပေါင် သန်း ၂၀၀ ကျော် သုံးပြီး ဂိုးပေါက်ပျောက်နေတဲ့ ချယ်ဆီး ဘယ်လိုလဲ လို့ ဆောင်းပါး တစ်ပုဒ်နဲ့ မေးခွန်းထုတ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းက ရင်ခုန်စရာတွေ မပေးနိုင်ခဲ့သလို ဆိုးရှားရဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း အနည်းငယ် ဂိုးပေါက် ခြိမ်းခြောက်မှု ပိုလုပ်နိုင်ခဲ့ပေမယ့် နှစ်သင်းလုံး ထူးမခြားနားသာ လို့ ဆိုရမှာပါ။ ဆိုးရှားရော လမ်းပတ်ရောက လတ်တလော ရှုံးပွဲတွေ သရေပွဲတွေနဲ့ ဖိအားတွေ ကိုယ်စီ ရှိနေပြီး ဒီပွဲကို အမှားမခံလို မရှုံးလိုတာ ပိုပြီး ဦးတည် ပြင်ဆင်သွားခဲ့တယ် ဆိုရမှာပါ။

ချယ်ဆီး အသင်း အနေနဲ့ နှစ်ပွဲဆက် ကလင်းရှိ ယူနိုင်ခဲ့တာ ဖြစ်ပေမယ့် အသင်းရဲ့ ဖန်တီးမှုပိုင်းမှာတော့ စိတ်ပျက်ဖွယ် ရှိခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်၊ ပူလီဆစ်နဲ့ တီမိုဝါနာတို့ ဦးဆောင်ထားတဲ့ တိုက်စစ်လိုင်းက ဘာမှ လောက်လောက်လားလား လုပ်မပြနိုင်ခဲ့ပါဘူး။ ချန်ပီယံလိဂ်မှာ ဆီဗီလာကို ဂိုး မရှိသရေကျခဲ့သလို နောက်ထပ် ယူနိုက်တက်ကိုလည်း အလားတူ ထပ်မံ သရေကျသွားခဲ့ရပါတယ်။

အထူးသဖြင့် ညက အိုးထရက်ဖို့ဒ်မှာ ကိုင်ဟာဗက်ဇ် တစ်ယောက် လုံး၀ လမ်းပျောက်နေခဲ့တာ မြင်ခဲ့ရပါတယ်။ ဂျာမန်သားဟာ လုံး၀ ခြေမတွေ့ခဲ့တဲ့ အပြင် အဓိက ပေးပို့မှု တစ်ခုသာ လုပ်နိုင်ခဲ့ပြီး ယူနိုက်တက် ဘက် ကန်သွင်းမှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ပါဘူး။ ပူလီဆစ်ကလည်း ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကောင်းတွေ အတိုင်း ပြန်မရနိုင်သေးဘဲ ရှိပါတယ်။ တီမိုဝါနာကတော့ ဘောလုံး ရဖို့ကို အတော်ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်နဲ့ ပွဲမှာ ဘောလုံး ထိချက် ၂၆ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါဟာ ဂိုးသမား မန်ဒီထက်တောင် လေးကြိမ် နည်းနေသေးတာ ဖြစ်ပါတယ်။

ချယ်ဆီး အတွက် တစ်ခုတည်းသော အကောင်းမြင်စရာက ကီပါနေရာ အစားဝင်ဖို့ ရောက်လာတဲ့ မန်ဒီရဲ့ အားကိုးလောက်စရာ ကာကွယ်မှုတွေကို မြင်ခဲ့ရတာ ဖြစ်ပြီး မန်ဒီကြောင့်သာ ချယ်ဆီးအသင်း လက်ဗလာနဲ့ အိမ်ပြန်ရမယ့် အရေးက လွတ်ခဲ့ရပါတယ်။ ဆီနီဂေါသားဟာ အနောက်လန်ဒန်ရောက်တာ မကြာသေးပေမယ့် ကလင်းရှိ သုံးပွဲ ယူထားပြီး ဖြစ်ကာ ဒီရာသီမှာ သူ့ အရင် ကစားထားတဲ့ ကီပါဆို ပေးဂိုး မရှိတဲ့ ပွဲ မရှိဘဲ ကာဘယ်လာရို ဆို တစ်ပွဲသာ ကလင်းရှိ ရထားပါတယ်။ ဂိုးသမား အပြင် သီယေဂို ဆေးလ်ဗား ကလည်း ခံစစ်သမားတွေကြား ဦးဆောင် ညွှန်ကြားပြီး ယိုယွင်းတဲ့ ချယ်ဆီး ခံစစ်တန်းကို ကျစ်လစ်အောင် စုစည်းပေးနိုင်ခဲ့တာလည်း အမှန်ပဲ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်ပိုင်းကတော့ ဖန်တီးမှုလိုင်စင်ပါ ကျပျောက်သွားသလို ဖြစ်ခဲ့ပြီး ဒီပွဲမှာ ချယ်ဆီးအတွက် အဖန်တီးပေးနိုင်ဆုံးက ရီစီဂျိမ်းစ်သာ ဖြစ်လို့နေပါတယ်။ သူ့ရဲ့ ကန်တင်ချက်တွေက တိုက်စစ်ကို လှုပ်ရှားဖို့ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ကွီတာ အပေါ် မက်ဂွဲရားရဲ့ ပြစ်ဒဏ် ကျူးလွန်မှုအတွက် ချယ်ဆီးအသင်း ပင်နယ်တီ ရခဲ့သင့်ပြီး နစ်နာခဲ့တာတော့ရှိခဲ့ပါတယ်။ ဒါပေမယ့် ပေါင် သန်း ၂၀၀ ကျော် သုံးပြီး နွေမှာ ခေါ်ယူထားတဲ့ ချယ်ဆီး တိုက်စစ်က သွင်း ဂိုး တစ်ဂိုးတောင် မရှာဖွေနိုင်ခဲ့တာက အသင်းအတွက် စိတ်ပူစရာကြီး တစ်ချက် ဖြစ်လာခဲ့ပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ် အနေနဲ့ ကစားသမား ခေါ်ယူမှုတွေလည်း စိတ်ကြိုက် လုပ်ထားတာ ဖြစ်လို့ အသင်း ခံစစ်နဲ့ တိုက်စစ်ကို ဟန်ချက်ညီအောင် နည်းလမ်း ရှာဖွေပြီး အမြန်ဆုံး ပြင်ဆင်ပေးဖို့ ဖိအား ရှိလာပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းက ပေးဂိုးတွေ တင် ရပ်တန့်နိုင်တာ မဟုတ်ဘဲ သွင်းဂိုးတွေပါ ရပ်တန့်သွားခဲ့တာက လမ်းပတ် လျှော်ပစ်လို့ မရတဲ့ ကိစ္စကြီး ဖြစ်လာနေပါတယ် လို့ Goal သတင်းက သုံးသပ်ထားပါတယ်။

Zawgyi – စေနေန႔က မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ဂိုး မရွိ သေရပြဲ မွာ ခ်ယ္ဆီး နည္းျပ ဖရန္႔လမ္းပတ္ အေနနဲ႕ သူ ေခါင္းကိုက္ေနရတဲ့ ေပးဂိုးမ်ားမ်ား ခံစစ္နဲ႕ ဂိုးသမား ျပသနာကို ေျဖရွင္းနိုင္ျပီိလုိ႔ စိတ္သက္သာရာ ရနုိင္ေသာ္လည္း ဒီဂီယာ တစ္ၾကိမ္သာ ကာကြယ္ခဲ့ရတဲ့ အသင္း တိုက္စစ္က ေ၀ဖန္ခ်င္စရာ ျဖစ္ေနပါတယ္။ အဂၤလန္ နာမည္ၾကီး Goal သတင္းဌာနမွ ခ်ယ္ဆီး သတင္းေထာက္ နစ္ဇာ ကင္ဆယ္လာ ကေတာ့ ေပါင္ သန္း ၂၀၀ ေက်ာ္ သံုးျပီး ဂိုးေပါက္ေပ်ာက္ေနတဲ့ ခ်ယ္ဆီး ဘယ္လိုလဲ လို႔ ေဆာင္းပါး တစ္ပုဒ္နဲ႕ ေမးခြန္းထုတ္သြားခဲ့ပါတယ္။

ဒီပြဲမွာ ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းက ရင္ခုန္စရာေတြ မေပးနုိင္ခဲ့သလို ဆိုးရွားရဲ႕ မန္ခ်က္စတာ ယူနိုက္တက္ကလည္း အနည္းငယ္ ဂိုးေပါက္ ျခိမ္းေျခာက္မႈ ပိုလုပ္နုိင္ခဲ့ေပမယ့္ နွစ္သင္းလံုး ထူးမျခားနားသာ လို႔ ဆိုရမွာပါ။ ဆိုးရွားေရာ လမ္းပတ္ေရာက လတ္တေလာ ရွံုးပြဲေတြ သေရပြဲေတြနဲ႕ ဖိအားေတြ ကိုယ္စီ ရွိေနျပီး ဒီပြဲကို အမွားမခံလို မရွံဳးလိုတာ ပိုျပီး ဦးတည္ ျပင္ဆင္သြားခဲ့တယ္ ဆိုရမွာပါ။

ခ်ယ္ဆီး အသင္း အေနနဲ႕ နွစ္ပြဲဆက္ ကလင္းရွိ ယူနိုင္ခဲ့တာ ျဖစ္ေပမယ့္ အသင္းရဲ႕ ဖန္တီးမႈပိုင္းမွာေတာ့ စိတ္ပ်က္ဖြယ္ ရွိခဲ့ပါတယ္။ ကိုင္ဟာဗက္ဇ္၊ ပူလီဆစ္နဲ႕ တီမို၀ါနာတို႔ ဦးေဆာင္ထားတဲ့ တိုက္စစ္လိုင္းက ဘာမွ ေလာက္ေလာက္လားလား လုပ္မျပနုိင္ခဲ့ပါဘူး။ ခ်န္ပီယံလိဂ္မွာ ဆီဗီလာကို ဂိုး မရွိသေရက်ခဲ့သလို ေနာက္ထပ္ ယူနိုက္တက္ကိုလည္း အလားတူ ထပ္မံ သေရက်သြားခဲ့ရပါတယ္။

အထူးသျဖင့္ ညက အိုးထရက္ဖို႔ဒ္မွာ ကိုင္ဟာဗက္ဇ္ တစ္ေယာက္ လံုး၀ လမ္းေပ်ာက္ေနခဲ့တာ ျမင္ခဲ့ရပါတယ္။ ဂ်ာမန္သားဟာ လံုး၀ ေျခမေတြ႔ခဲ့တဲ့ အျပင္ အဓိက ေပးပို႔မႈ တစ္ခုသာ လုပ္နိုင္ခဲ့ျပီး ယူနိုက္တက္ ဘက္ ကန္သြင္းမႈ တစ္ၾကိမ္မွ မလုပ္နုိင္ခဲ့ပါဘူး။ ပူလီဆစ္ကလည္း ျပီးခဲ့တဲ့ ရာသီက ေျခစြမ္းေကာင္းေတြ အတိုင္း ျပန္မရနိုင္ေသးဘဲ ရွိပါတယ္။ တီမို၀ါနာကေတာ့ ေဘာလံုး ရဖို႔ကို အေတာ္ရုန္းကန္ခဲ့ရျပီး ယူနိုက္တက္နဲ႕ ပြဲမွာ ေဘာလံုး ထိခ်က္ ၂၆ ၾကိမ္သာ ရွိခဲ့ပါတယ္။ ဒါဟာ ဂိုးသမား မန္ဒီထက္ေတာင္ ေလးၾကိမ္ နည္းေနေသးတာ ျဖစ္ပါတယ္။

ခ်ယ္ဆီး အတြက္ တစ္ခုတည္းေသာ အေကာင္းျမင္စရာက ကီပါေနရာ အစား၀င္ဖို႔ ေရာက္လာတဲ့ မန္ဒီရဲ႕ အားကိုးေလာက္စရာ ကာကြယ္မႈေတြကို ျမင္ခဲ့ရတာ ျဖစ္ျပီး မန္ဒီေၾကာင့္သာ ခ်ယ္ဆီးအသင္း လက္ဗလာနဲ႕ အိမ္ျပန္ရမယ့္ အေရးက လြတ္ခဲ့ရပါတယ္။ ဆီနီေဂါသားဟာ အေနာက္လန္ဒန္ေရာက္တာ မၾကာေသးေပမယ့္ ကလင္းရွိ သံုးပြဲ ယူထားျပီး ျဖစ္ကာ ဒီရာသီမွာ သူ႔ အရင္ ကစားထားတဲ့ ကီပါဆို ေပးဂိုး မရွိတဲ့ ပြဲ မရွိဘဲ ကာဘယ္လာရို ဆို တစ္ပြဲသာ ကလင္းရွိ ရထားပါတယ္။ ဂိုးသမား အျပင္ သီေယဂို ေဆးလ္ဗား ကလည္း ခံစစ္သမားေတြၾကား ဦးေဆာင္ ညႊန္ၾကားျပီး ယိုယြင္းတဲ့ ခ်ယ္ဆီး ခံစစ္တန္းကို က်စ္လစ္ေအာင္ စုစည္းေပးနုိင္ခဲ့တာလည္း အမွန္ပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ပိုင္းကေတာ့ ဖန္တီးမႈလိုင္စင္ပါ က်ေပ်ာက္သြားသလို ျဖစ္ခဲ့ျပီး ဒီပြဲမွာ ခ်ယ္ဆီးအတြက္ အဖန္တီးေပးနုိင္ဆံုးက ရီစီဂ်ိမ္းစ္သာ ျဖစ္လို႔ေနပါတယ္။ သူ႔ရဲ႕ ကန္တင္ခ်က္ေတြက တိုက္စစ္ကို လႈပ္ရွားဖို႔ ပံ့ပိုးေပးနုိင္ခဲ့ပါတယ္။

ကြီတာ အေပၚ မက္ဂြဲရားရဲ႕ ျပစ္ဒဏ္ က်ဴးလြန္မႈအတြက္ ခ်ယ္ဆီးအသင္း ပင္နယ္တီ ရခဲ့သင့္ျပီး နစ္နာခဲ့တာေတာ့ရွိခဲ့ပါတယ္။ ဒါေပမယ့္ ေပါင္ သန္း ၂၀၀ ေက်ာ္ သံုးျပီး ေႏြမွာ ေခၚယူထားတဲ့ ခ်ယ္ဆီး တိုက္စစ္က သြင္း ဂိုး တစ္ဂိုးေတာင္ မရွာေဖြနုိင္ခဲ့တာက အသင္းအတြက္ စိတ္ပူစရာၾကီး တစ္ခ်က္ ျဖစ္လာခဲ့ပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ အေနနဲ႕ ကစားသမား ေခၚယူမႈေတြလည္း စိတ္ၾကိဳက္ လုပ္ထားတာ ျဖစ္လို႔ အသင္း ခံစစ္နဲ႕ တိုက္စစ္ကို ဟန္ခ်က္ညီေအာင္ နည္းလမ္း ရွာေဖြျပီး အျမန္ဆံုး ျပင္ဆင္ေပးဖို႔ ဖိအား ရွိလာျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းက ေပးဂိုးေတြ တင္ ရပ္တန္႔နုိင္တာ မဟုတ္ဘဲ သြင္းဂိုးေတြပါ ရပ္တန္႔သြားခဲ့တာက လမ္းပတ္ ေလွ်ာ္ပစ္လို႔ မရတဲ့ ကိစၥၾကီး ျဖစ္လာေနပါတယ္ လို႔ Goal သတင္းက သံုးသပ္ထားပါတယ္။