ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲများ အတွက် လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်များ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတစ်ပတ်မှာ ယူနိုက်တက်နဲ့ ချယ်ဆီး ထိပ်တိုက်တွေ့ဆံမှု အပါအဝင် ပွဲကောင်းတေ်ွ ပါဝင်နေပါတယ်။

ဝက်စ်ဟမ်း Vs မန်စီးတီး

ပွဲချိန် ။ ။ အောက်တိုဘာ ၂၄ ရက် (စနေနေ့)၊ ညနေ ၆ နာရီ

မန်စီးတီးဟာ လန်ဒန်ကွင်းမှာတော့ မှတ်တမ်းကောင်းတွေ ရထားပါတယ်။ ဒီမှာ ကစားတိုင်း သူတို့ နိုင်ပွဲရပြီး ဆက်တိုက် ဆိုသလိုလည်း ဂိုးပြတ် 5-0, 4-0, 4-1, 4-0 နဲ့ 5-0 စတဲ့ ရလဒ်တွေနဲ့ ဖြစ်နေပါတယ်။ ဒီတစ်ကြိမ်မှာတော့ ခြားနားတဲ့ ရလဒ်လို့ ကျနော်ထင်ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံး သိပ်မကွာဘဲ ကစားကြမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ဝက်စ်ဟမ်းက ဒီပွဲမတိုင်ခင် စပါးနဲ့ ပွဲမှာ ဂိုးပြတ် အရှုံးကနေ ပြန်လာပြီး သရေပွဲ ယူထားခဲ့ပါတယ်။ ဒါကြောင့် သူတို့ အသင်းမှာ အခြေအနေ ကောင်းတွေ လွှမ်းခြုံထားမှာပါ။

စီးတီးမှာက ဒဏ်ရာ ပြသနာတွေ အများအပြား ရှိနေပါတယ်။ ဒဏ်ရာရ စာရင်းထဲ နောက်ဆုံး ဝင်လာသူက ဖာနန်ဒင်ဟို ဖြစ်ပြီး သူတို့ တိုက်စစ်က အရင်ကလောက် ခပ်သွက်သွက် လှုပ်ရှားနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း 1-1 မန်စီးတီး

မန်ချက်စတာ ယူနိုက်တက် Vs ချယ်ဆီး

ပွဲချိန် ။ ။ အောက်တိုဘာ ၂၄ ရက် (စနေနေ့)၊ ည ၁၁ နာရီ

မန်ချက်စတာယူနိုက်တက် နည်းတူ ချယ်ဆီးအသင်းရဲ့ ဒီရာသီ အကြီးဆုံး ပြသနာက ခံစစ်မှာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ရဲ့ ဆောက်သမ်တန်နဲ့ ပွဲကို ကျနော် ကြည့်ဖြစ်ခဲ့တယ်။ သူတို့ လွယ်လွယ်ကူကူပဲ လျော့ကျသွားခဲ့တာ မြင်ခဲ့တယ်။ အဲဒီမှာ တစ်ဂိုးတည်း အသာရထားခဲ့တာတောင် မဟုတ်ပါဘူး။ နည်းပြ လမ်းပတ်ကတော့ ငါ ဒီမှာ ဘာလုပ်နေလဲတောင် တွေးမိနေမှာပါ။ အနည်းဆုံး ဒီစနေမှာ ချယ်ဆီး အတွက် ဂိုးသမား မန်ဒီ ပါလာနိုင်တာတော့ ရှိပါတယ်။ ချယ်ဆီး အနေနဲ့ ကောင်းစွာ မကာကွယ်နိုင်တဲ့နောက် တိုက်စစ်ပဲ လွှတ်ရမှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 2-0 ချယ်ဆီး

လီဗာပူး Vs ရှက်ဖီးယူနိုက်တက်

ပွဲချိန် ။ ။ အောက်တိုဘာ ၂၅ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁း၃၀ နာရီ

ဗန်ဒိုက် ဒဏ်ရာ ရသွားပြီ ဖြစ်တဲ့နောက် ဗဟိုခံစစ် နေရာ ဝင် တာဝန်ယူနေတဲ့ ဖာဘင်ညိုက အေဂျက်နဲ့ ပွဲမှာ ကောင်းကောင်း လုပ်ပြထားပါတယ်။ ဒါပေမယ့် စနေနေ့ ပွဲမှာတော့ သူ့အတွက် ပို ခက်ခဲမှုတွေ ရင်ဆိုင်ရဖိုပ ရှိနေပါတယ်။ ဖွင့် ကစားတဲ့ ပွဲတွေမှာ ဖာဘင်ညို အဆင်ပြေနိုင်ပေမယ့် တည်ကန်ဘောတွေနဲ့ ပတ်သတ်ပြီးတော့ သူ့ကို စိတ်ပူရပါတယ်။ ဗန်ဒိုက်က ထောင့်ကန်ဘောတွေ ဖရီးကစ်တွေ ကာကွယ်ရာမှာ တကယ် ကြီးမားတဲ့ သက်ရောက်မှု ကြီး ရှိသူပါ။ သူ့ခေါင်းမှာများ သံလိုက် ကပ်ထားသလို ဘောလုံးကို အရင် ဦးအောင် ရှင်းထုတ်နိုင်တယ်။

ရှက်ဖီးယူနိုက်တက်ကတော့ ဒီအခြေအနေမှာ လီဗာပူးကို သွေးတိုးစမ်းဖို့ အကောင်းဆုံး ကြိုးစားပါလိမ့်မယ်။ အထူးသဖြင့် အက်ဒရီယန် ရှိနေတဲ့ ဂိုးပေါက်က စိတ်ဝင်စားစရာပါ။ အန်းဖီးမှာ ရှက်ဖီးတို့ ဂိုးသွင်းမယ်လို့ ကျေနာ် ထင်ပါတယ်။ ဒါပေမယ့် လီဗာပူးကတော့ ပိုသွင်းမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ပွဲက ဂိုးသိပ်ကွာမှာ မဟုတ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-1 ရှက်ဖီးယူနိုက်တက်

အာဆင်နယ် Vs လက်စတာ

ပွဲချိန် ။ ။ အောက်တိုဘာ ၂၆ ရက် (တနင်္လာနေ့)၊ နံနက် ၁း၄၅ နာရီ

အာဆင်နယ် အတွက် လက်စတာကို ရင်ဆိုင်ဖို့ အခုက အချိန်ကောင်းပါပဲ။ သူတို့က နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၂ ပွဲလုံး ရှုံးထားတာပါ။ လက်စတာက ဗာဒီ ကစားနိုင်ပါ့မလား စောင့်ကြည့်နေရဆဲ ဖြစ်ပြီး ဆိုရမ်ချူး၊ အမ်ဒီဒီတို့လို အဓိက ကစားသမားတွေကိုလည်း လက်လွှတ်ထားရပါတယ်။ ဒီပွဲကတော့ ဂန်းနားတွေ အနိုင်ပါပဲ။

လော်ရိုးခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-1 လက်စတာ

အခြားပွဲစဉ်များအတွက် လော်ရိုး ရလဒ်ခန့်မှန်း

  • Aston Villa 1-2 Leeds United
  • Fulham 0-2 Crystal Palace
  • Southampton 2-0 Everton
  • Wolves 2-0 Newcastle United
  • Brighton 2-0 West Brom
  • Burley 2-1 Tottenham

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္မ်ား အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ ဒီတစ္ပတ္မွာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီး ထိပ္တိုက္ေတြ႔ဆံမႈ အပါအ၀င္ ပြဲေကာင္းေတ္ြ ပါ၀င္ေနပါတယ္။

၀က္စ္ဟမ္း Vs မန္စီးတီး

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၄ ရက္ (စေနေန႔)၊ ညေန ၆ နာရီ

မန္စီးတီးဟာ လန္ဒန္ကြင္းမွာေတာ့ မွတ္တမ္းေကာင္းေတြ ရထားပါတယ္။ ဒီမွာ ကစားတိုင္း သူတို႔ နုိင္ပြဲရျပီး ဆက္တိုက္ ဆိုသလိုလည္း ဂိုးျပတ္ 5-0, 4-0, 4-1, 4-0 နဲ႕ 5-0 စတဲ့ ရလဒ္ေတြနဲ႕ ျဖစ္ေနပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ ျခားနားတဲ့ ရလဒ္လို႔ က်ေနာ္ထင္ပါတယ္။ ဒီပြဲမွာ နွစ္သင္းလံုး သိပ္မကြာဘဲ ကစားၾကမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ၀က္စ္ဟမ္းက ဒီပြဲမတိုင္ခင္ စပါးနဲ႕ ပြဲမွာ ဂိုးျပတ္ အရွံဳးကေန ျပန္လာျပီး သေရပြဲ ယူထားခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႔ အသင္းမွာ အေျခအေန ေကာင္းေတြ လႊမ္းျခံဳထားမွာပါ။

စီးတီးမွာက ဒဏ္ရာ ျပသနာေတြ အမ်ားအျပား ရွိေနပါတယ္။ ဒဏ္ရာရ စာရင္းထဲ ေနာက္ဆံုး ၀င္လာသူက ဖာနန္ဒင္ဟို ျဖစ္ျပီး သူတို႔ တိုက္စစ္က အရင္ကေလာက္ ခပ္သြက္သြက္ လႈပ္ရွားနုိင္မွာ မဟုတ္ဘူးလို႔ ထင္ပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ ၀က္စ္ဟမ္း 1-1 မန္စီးတီး

မန္ခ်က္စတာ ယူနိုက္တက္ Vs ခ်ယ္ဆီး

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၄ ရက္ (စေနေန႔)၊ ည ၁၁ နာရီ

မန္ခ်က္စတာယူနုိက္တက္ နည္းတူ ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ အၾကီးဆံုး ျပသနာက ခံစစ္မွာ ျဖစ္ေနပါတယ္။ ျပီးခဲ့တဲ့ သီတင္းပတ္က သူတို႔ရဲ႕ ေဆာက္သမ္တန္နဲ႕ ပြဲကို က်ေနာ္ ၾကည့္ျဖစ္ခဲ့တယ္။ သူတို႔ လြယ္လြယ္ကူကူပဲ ေလ်ာ့က်သြားခဲ့တာ ျမင္ခဲ့တယ္။ အဲဒီမွာ တစ္ဂိုးတည္း အသာရထားခဲ့တာေတာင္ မဟုတ္ပါဘူး။ နည္းျပ လမ္းပတ္ကေတာ့ ငါ ဒီမွာ ဘာလုပ္ေနလဲေတာင္ ေတြးမိေနမွာပါ။ အနည္းဆံုး ဒီစေနမွာ ခ်ယ္ဆီး အတြက္ ဂိုးသမား မန္ဒီ ပါလာနုိင္တာေတာ့ ရွိပါတယ္။ ခ်ယ္ဆီး အေနနဲ႕ ေကာင္းစြာ မကာကြယ္နုိင္တဲ့ေနာက္ တိုက္စစ္ပဲ လႊတ္ရမွာပါ။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ မန္ခ်က္စတာ ယူနိုက္တက္ 2-0 ခ်ယ္ဆီး

လီဗာပူး Vs ရွက္ဖီးယူနိုက္တက္

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၅ ရက္ (တနဂၤေႏြေန႔)၊ နံနက္ ၁း၃၀ နာရီ

ဗန္ဒိုက္ ဒဏ္ရာ ရသြားျပီ ျဖစ္တဲ့ေနာက္ ဗဟိုခံစစ္ ေနရာ ၀င္ တာ၀န္ယူေနတဲ့ ဖာဘင္ညိဳက ေအဂ်က္နဲ႕ ပြဲမွာ ေကာင္းေကာင္း လုပ္ျပထားပါတယ္။ ဒါေပမယ့္ စေနေန႔ ပြဲမွာေတာ့ သူ႔အတြက္ ပို ခက္ခဲမႈေတြ ရင္ဆိုင္ရဖိုပ ရွိေနပါတယ္။ ဖြင့္ ကစားတဲ့ ပြဲေတြမွာ ဖာဘင္ညိဳ အဆင္ေျပနိုင္ေပမယ့္ တည္ကန္ေဘာေတြနဲ႕ ပတ္သတ္ျပီးေတာ့ သူ႔ကို စိတ္ပူရပါတယ္။ ဗန္ဒိုက္က ေထာင့္ကန္ေဘာေတြ ဖရီးကစ္ေတြ ကာကြယ္ရာမွာ တကယ္ ၾကီးမားတဲ့ သက္ေရာက္မႈ ၾကီး ရွိသူပါ။ သူ႔ေခါင္းမွာမ်ား သံလိုက္ ကပ္ထားသလို ေဘာလံုးကို အရင္ ဦးေအာင္ ရွင္းထုတ္နုိင္တယ္။

ရွက္ဖီးယူနုိက္တက္ကေတာ့ ဒီအေျခအေနမွာ လီဗာပူးကို ေသြးတိုးစမ္းဖို႔ အေကာင္းဆံုး ၾကိဳးစားပါလိမ့္မယ္။ အထူးသျဖင့္ အက္ဒရီယန္ ရွိေနတဲ့ ဂိုးေပါက္က စိတ္၀င္စားစရာပါ။ အန္းဖီးမွာ ရွက္ဖီးတို႔ ဂိုးသြင္းမယ္လို႔ ကေ်နာ္ ထင္ပါတယ္။ ဒါေပမယ့္ လီဗာပူးကေတာ့ ပိုသြင္းမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ပြဲက ဂိုးသိပ္ကြာမွာ မဟုတ္ပါဘူး။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ လီဗာပူး 2-1 ရွက္ဖီးယူနိုက္တက္

အာဆင္နယ္ Vs လက္စတာ

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၆ ရက္ (တနလၤာေန႔)၊ နံနက္ ၁း၄၅ နာရီ

အာဆင္နယ္ အတြက္ လက္စတာကို ရင္ဆိုင္ဖို႔ အခုက အခ်ိန္ေကာင္းပါပဲ။ သူတို႔က ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲ ၂ ပြဲလံုး ရွံဳးထားတာပါ။ လက္စတာက ဗာဒီ ကစားနိုင္ပါ့မလား ေစာင့္ၾကည့္ေနရဆဲ ျဖစ္ျပီး ဆိုရမ္ခ်ဴး၊ အမ္ဒီဒီတို႔လို အဓိက ကစားသမားေတြကိုလည္း လက္လႊတ္ထားရပါတယ္။ ဒီပြဲကေတာ့ ဂန္းနားေတြ အနိုင္ပါပဲ။

ေလာ္ရိုးခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ 2-1 လက္စတာ

အျခားပြဲစဥ္မ်ားအတြက္ ေလာ္ရိုး ရလဒ္ခန္႔မွန္း

  • Aston Villa 1-2 Leeds United
  • Fulham 0-2 Crystal Palace
  • Southampton 2-0 Everton
  • Wolves 2-0 Newcastle United
  • Brighton 2-0 West Brom
  • Burley 2-1 Tottenham