ပရီးမီးယားလိဂ် ပွဲစဉ် ၆ သီတင်းပတ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်များ ထွက်ပါပြီ

ကြားရက် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်များ အပြီးမှာတော့ ပရီးမီးယားလိဂ် ပွဲများ ပြန်လည် ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ သီတင်းပတ် ၆ ပတ် မြောက် ရောက်လာပြီ ဖြစ်တဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်များ အတွက် မိုက်ကယ် အိုဝင် သုံးသပ် ခန့်မှန်းချက်များ ထွက်ရှိနေပါပြီ။

ဝက်စ်ဟမ်း Vs မန်စီးတီး

ပွဲချိန် ။ ။ အောက်တိုဘာ ၂၄ ရက် (စနေနေ့)၊ ညနေ ၆ နာရီ

မန်စီးတီးအသင်းဟာ ဥရောပပွဲ ကြားရက် ကစားပြီးတဲ့နောက် ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ရဖို့ ရှိနေပါတယ်။ နောက်ဆုံး နှစ်ပွဲ ရလဒ်ကို ကြည့်ရင်တော့ မန်စီးတီးက အကြပ်တွေ့နေပြီ ယူဆရပါတယ်။ အိမ်ရှင် ဝက်စ်ဟမ်းအသင်းကလည်း လက်ရှိ ခြေစွမ်း အရ စီးတီးကို ကောင်းကောင်း ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးကပဲ ဟမ်းမားတွေကို ကျော်ဖြတ်ဖို့ လုံလောက်မှု ရှိနေတယ် ကျနော် ထင်ပါတယ်။ နှစ်သင်းလုံး ဂိုးသွင်းမှာ ဖြစ်ပြီး စီးတီး အနိုင်ပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း 1-3 မန်စီးတီး

မန်ချက်စတာ ယူနိုက်တက် Vs ချယ်ဆီး

ပွဲချိန် ။ ။ အောက်တိုဘာ ၂၄ ရက် (စနေနေ့)၊ ည ၁၁ နာရီ

စနေနေ့ ညနေမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ စပါးကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်အပြီး အိမ်ကွင်းမှာ ပထမဆုံး ပြန် ကစားတဲ့ ပွဲ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အိမ်ကွင်းမှာ ဆောက်သမ်တန်ကို သက်တောင့်သက်သာ ဦးဆောင်ထားခဲ့ပေမယ့် နိုင်ပွဲတော့ မရခဲ့ပါဘူး။ ဒီရာသီ ကန်ပြီးသလောက်ကို ကြည့်ရင် ဒီနှစ်သင်းကြား ခြားနားမှု အများကြီး မရှိဘူးလို့ ကျနော် မြင်ပါတယ်။ သရေပွဲ ဖြစ်သွားဖို့ များပါတယ် နှစ်သင်းလုံးကတော့ ဂိုးသွင်းမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 1-1 ချယ်ဆီး

လီဗာပူး Vs ရှက်ဖီးယူနိုက်တက်

ပွဲချိန် ။ ။ အောက်တိုဘာ ၂၅ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁း၃၀ နာရီ

ရှက်ဖီးယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပတ်မှာတော့ အိမ်ကွင်းမှာ ဖူဟမ်အသင်းကို ဧည့်ခံ ကစားပြီး တစ်မှတ် စယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုတစ်ကြိမ်ကတော့ အန်းဖီးမှာ လက်ရှိ ချန်ပီယံကို ရင်ဆိုင်ရမှာပါ။ ဒီပွဲက ရှက်ဖီး အတွက် ခက်ခဲတဲ့ နောက်တစ်ပွဲ ဖြစ်လာမယ် ထင်ပါတယ်။ လီဗာပူးက ကြားရက်က ချန်ပီယံလိဂ် ပွဲမှာ အေဂျက်ထံကနေ အဝေးကွင်း နိုင်ပွဲ ၁-၀ နဲ့ ရအောင် ယူထးပါတယ်။ ဒီပွဲကိုလည်း ကောင်းမွန်တဲ့ ပုံစံ ဆက်ထိန်းထားပါလိမ့်မယ်။ လီဗာပူးကပဲ နောက်ထပ် သုံးမှတ်ပြည့်နဲ့ ကလင်း ရှိ နိုင်ပွဲ ယူသွားမယ် ထင်ပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 ရှက်ဖီးယူနိုက်တက်

အာဆင်နယ် Vs လက်စတာ

ပွဲချိန် ။ ။ အောက်တိုဘာ ၂၆ ရက် (တနင်္လာနေ့)၊ နံနက် ၁း၄၅ နာရီ

လက်စတာက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲ ရှုံးနိမ့်ပြီး ခက်ခဲတဲ့ ရာသီအစ ပိုင်ဆိုင်ထားပါတယ်။ မြေခွေးတွေက ဒီပွဲမှာ သူတို့ အားထားရတဲ့ တိုက်စစ်မှူး ဂျင်မီ ဗာဒီ ကြံ့ခိုင်မှု အပြည့် ပြန်ရပြီး ပါဝင်နိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ အပတ် စီးတီးနဲ့ ပွဲမှာ ခြေ သိပ် မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီ စွမ်းဆောင်ရည် အရဆို အာဆင်နယ်ကပဲ သုံးမှတ်ပြည့် ဒီပွဲကနေ ယူသွားနိုင်မယ်လို့ ကျနော် ယုံကြည်ထားပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-1 လက်စတာ

အခြားပွဲစဉ်များ ရလဒ်ခန့်မှန်း

  • Aston Villa 2-2 Leeds United
  • Fulham 0-1 Crystal Palace
  • Southampton 1-2 Everton
  • Wolves 0-0 Newcastle United
  • Brighton 1-0 West Brom
  • Burley 1-0 Tottenham

Zawgyi – ၾကားရက္ ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မ်ား အျပီးမွာေတာ့ ပရီးမီးယားလိဂ္ ပြဲမ်ား ျပန္လည္ ယွဥ္ျပိဳင္ေတာ့မွာ ျဖစ္ပါတယ္။ သီတင္းပတ္ ၆ ပတ္ ေျမာက္ ေရာက္လာျပီ ျဖစ္တဲ့ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္မ်ား အတြက္ မိုက္ကယ္ အို၀င္ သံုးသပ္ ခန္႔မွန္းခ်က္မ်ား ထြက္ရွိေနပါျပီ။

၀က္စ္ဟမ္း Vs မန္စီးတီး

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၄ ရက္ (စေနေန႔)၊ ညေန ၆ နာရီ

မန္စီးတီးအသင္းဟာ ဥေရာပပြဲ ၾကားရက္ ကစားျပီးတဲ့ေနာက္ ၀က္စ္ဟမ္းအသင္းနဲ႕ အေ၀းကြင္းမွာ ယွဥ္ျပိဳင္ ရဖို႕ ရွိေနပါတယ္။ ေနာက္ဆံုး နွစ္ပြဲ ရလဒ္ကို ၾကည့္ရင္ေတာ့ မန္စီးတီးက အၾကပ္ေတြ႔ေနျပီ ယူဆရပါတယ္။ အိမ္ရွင္ ၀က္စ္ဟမ္းအသင္းကလည္း လက္ရွိ ေျခစြမ္း အရ စီးတီးကို ေကာင္းေကာင္း ျခိမ္းေျခာက္နုိင္စြမ္း ရွိေနပါတယ္။ ဒါေပမယ့္ မန္စီးတီးကပဲ ဟမ္းမားေတြကို ေက်ာ္ျဖတ္ဖို႔ လံုေလာက္မႈ ရွိေနတယ္ က်ေနာ္ ထင္ပါတယ္။ နွစ္သင္းလံုး ဂိုးသြင္းမွာ ျဖစ္ျပီး စီးတီး အနုိင္ပါ။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ၀က္စ္ဟမ္း 1-3 မန္စီးတီး

မန္ခ်က္စတာ ယူနိုက္တက္ Vs ခ်ယ္ဆီး

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၄ ရက္ (စေနေန႔)၊ ည ၁၁ နာရီ

စေနေန႔ ညေနမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ခ်ယ္ဆီးကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားေတာ့မွာ ျဖစ္ပါတယ္။ ဒီပြဲဟာ စပါးကို ဆိုးဆိုး၀ါး၀ါး ရွံဳးနိမ့္အျပီး အိမ္ကြင္းမွာ ပထမဆံုး ျပန္ ကစားတဲ့ ပြဲ ျဖစ္ပါတယ္။ ခ်ယ္ဆီး အသင္းဟာ ျပီးခဲ့တဲ့ အပတ္က အိမ္ကြင္းမွာ ေဆာက္သမ္တန္ကို သက္ေတာင့္သက္သာ ဦးေဆာင္ထားခဲ့ေပမယ့္ နုိင္ပြဲေတာ့ မရခဲ့ပါဘူး။ ဒီရာသီ ကန္ျပီးသေလာက္ကို ၾကည့္ရင္ ဒီနွစ္သင္းၾကား ျခားနားမႈ အမ်ားၾကီး မရွိဘူးလို႔ က်ေနာ္ ျမင္ပါတယ္။ သေရပြဲ ျဖစ္သြားဖို႔ မ်ားပါတယ္ နွစ္သင္းလံုးကေတာ့ ဂိုးသြင္းမွာပါ။

အို၀င္ ခန္႔မွန္းရလဒ္။ ။ မန္ခ်က္စတာ ယူနိုက္တက္ 1-1 ခ်ယ္ဆီး

လီဗာပူး Vs ရွက္ဖီးယူနိုက္တက္

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၅ ရက္ (တနဂၤေႏြေန႔)၊ နံနက္ ၁း၃၀ နာရီ

ရွက္ဖီးယူနုိက္တက္ဟာ ျပီးခဲ့တဲ့ အပတ္မွာေတာ့ အိမ္ကြင္းမွာ ဖူဟမ္အသင္းကို ဧည့္ခံ ကစားျပီး တစ္မွတ္ စယူနုိင္ခဲ့ျပီ ျဖစ္ပါတယ္။ အခုတစ္ၾကိမ္ကေတာ့ အန္းဖီးမွာ လက္ရွိ ခ်န္ပီယံကို ရင္ဆုိင္ရမွာပါ။ ဒီပြဲက ရွက္ဖီး အတြက္ ခက္ခဲတဲ့ ေနာက္တစ္ပြဲ ျဖစ္လာမယ္ ထင္ပါတယ္။ လီဗာပူးက ၾကားရက္က ခ်န္ပီယံလိဂ္ ပြဲမွာ ေအဂ်က္ထံကေန အေ၀းကြင္း နိုင္ပြဲ ၁-၀ နဲ႕ ရေအာင္ ယူထးပါတယ္။ ဒီပြဲကိုလည္း ေကာင္းမြန္တဲ့ ပံုစံ ဆက္ထိန္းထားပါလိမ့္မယ္။ လီဗာပူးကပဲ ေနာက္ထပ္ သံုးမွတ္ျပည့္နဲ႕ ကလင္း ရွိ နုိင္ပြဲ ယူသြားမယ္ ထင္ပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ လီဗာပူး 2-0 ရွက္ဖီးယူနိုက္တက္

အာဆင္နယ္ Vs လက္စတာ

ပြဲခ်ိန္ ။ ။ ေအာက္တိုဘာ ၂၆ ရက္ (တနလၤာေန႔)၊ နံနက္ ၁း၄၅ နာရီ

လက္စတာက ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ နွစ္ပြဲ ရွံုးနိမ့္ျပီး ခက္ခဲတဲ့ ရာသီအစ ပိုင္ဆိုင္ထားပါတယ္။ ေျမေခြးေတြက ဒီပြဲမွာ သူတို႔ အားထားရတဲ့ တိုက္စစ္မွဴး ဂ်င္မီ ဗာဒီ ၾကံ႕ခိုင္မႈ အျပည့္ ျပန္ရျပီး ပါ၀င္နုိင္ဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္။ အာဆင္နယ္က ျပီးခဲ့တဲ့ အပတ္ စီးတီးနဲ႕ ပြဲမွာ ေျခ သိပ္ မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ ဒီရာသီ စြမ္းေဆာင္ရည္ အရဆို အာဆင္နယ္ကပဲ သံုးမွတ္ျပည့္ ဒီပြဲကေန ယူသြားနုိင္မယ္လို႔ က်ေနာ္ ယံုၾကည္ထားပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ 2-1 လက္စတာ

အျခားပြဲစဥ္မ်ား ရလဒ္ခန္႔မွန္း

  • Aston Villa 2-2 Leeds United
  • Fulham 0-1 Crystal Palace
  • Southampton 1-2 Everton
  • Wolves 0-0 Newcastle United
  • Brighton 1-0 West Brom
  • Burley 1-0 Tottenham