ချန်ပီယံလိဂ်ပြိုင်ဘက် ယူနိုက်တက် အသင်းသားကို အန္တရာယ်ကြီးသူလို့ ချီးကျူးတဲ့ အမ်ဘတ်ပီ

ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ပွဲကြိုမှာတော့ ပီအက်စ်ဂျီ တိုက်စစ်သမား အမ်ဘတ်ပီက ပြိုင်ဘက် တိုက်စစ်သမား ရပ်ဖိုဒ့်ကို ချီးကျူးမှု ပြုလုပ်သွားပါတယ်။

သူကပဲ ရပ်ဖိုဒ့်ဟာ ပရီးမီးယားလိဂ်က ကြောက်စရာ အကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် မှတ်ချက်ပေးခဲ့တယ်။ နိုင်ငံအသင်းဖော် ပေါ့ဘာထံကနေ ရပ်ဖိုဒ့်အကြောင်းတွေ အများကြီးကို သူ ကြားသိထားပါကြောင်းလည်း ပီအက်စ်ဂျီ တိုက်စစ်သမားက ပြောပါတယ်။

အမ်ဘတ်ပီက ” အင်္ဂလန်မှာတော့ ရပ်ဖိုဒ့်က အန္တရာယ်အကြီးဆုံး တိုက်စစ်သမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူက ဘယ်လောက်တဲ့ ကောင်းတဲ့ ကစားသမားလည်းဆိုတာ ပေါလ်ပေါ့ဘာက ပြောပြလေ့ရှိပါတယ်။ ပေါလ်က ကစားသမားတွေနဲ့ ပက်သက်လို့ အဲ့လို ချီးကျူးပြောဆိုမှုတွေ သိပ်လုပ်လေ့ မရှိလှပါဘူး ” လို့ဆိုပါတယ်။

ရပ်ဖိုဒ့်ဟာ အင်္ဂလန်မှာတော့ ကလေးသူငယ် ရေးရာတွေမှာ ဦးဆောင်ဦးရွက် လုပ်ဆောင်နေတာကြောင့် ချီးကျူးခံနေရသူ ဖြစ်ပါတယ်။ ယူနိုက်တက် တိုက်စစ်သမားရဲ့ ထူးချွန်တဲ့ လူမှုရေးရာ ကိစ္စတွေကို လေးစားပါကြောင်းလည်း အမ်ဘတ်ပီက ပြောခဲ့ပါသေးတယ်။

ပြင်သစ်သား တိုက်စစ်မှူးကပဲ ” ကလေးသူငယ်တွေရဲ့ ပက်သက်တဲ့ ကိစက အရေးကြီးပါတယ်။ စစ်မှန်တဲ့ အပြောင်းအလဲအတွက် သူလုပ်ပြခဲ့ပြီး ကြိုးစားနေတာအတွက် ကျနော် တကယ်ကို လေးစားပါတယ်။ ခြားနားတဲ့ ကမ္ဘာကြီးဖြစ်အောင်လုပ်ဖို့ ကစားသမားတွေကလည်း ကိုယ်ရဲ့ နေရာတွေကနေ ပါဝင်သင့်ပါတယ်။ ” လို့ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်မှာတော့ ရပ်ဖိုဒ့်ဟာ နောက်ကျ ပင်နယ်တီကို သွင်းယူခဲ့ပြီး ယူနိုက်တက်ကို နောက်တစ်ဆင့်ကို တက်ရောက်စေခဲ့သူ ဖြစ်ပါတယ်။ ဒါနဲ့ ပက်သက်လို့လည်း အမ်ဘတ်ပီက ပြောပါသေးတယ်။

” အဲ့လို အခြေအနေမှာ လေ့ကျင့်ရေးမှာ ဘယ်လို လေ့ကျင့်ခဲ့တယ် ဆိုတာက အရေးမကြီးတော့ပါဘူး။ ယုံကြည်မှုရှိရှိ အဆုံးသတ်ဖို့ လိုပါတယ်။ သူက အရမ်းကို ယုံကြည်မှုရှိတဲ့ ကစားသမားပါ။

မနှစ်က ချန်ပီယံလိဂ် ဘောလုံးရာသီတွေမှာ ဘာဖြစ်ခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး။ ကျနေ်ာတို့က ချန်ပီယံလိဂ်အတွက် ရည်မှန်းချက်ကြီးပါတယ်။ မနှစ်တုန်းက နီးစပ်ခဲ့ပေမယ့် လုံလောက်အောင် မကောင်းခဲ့ဘူး။ ကျနေ်ာတို့မှာ ဥရောပရဲ့ အကောင်းဆုံး ကစားသမားတွေ ရှိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူႏိုက္တက္နဲ႔ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ ပြဲၾကိဳမွာေတာ့ ပီအက္စ္ဂ်ီ တိုက္စစ္သမား အမ္ဘတ္ပီက ျပိဳင္ဘက္ တိုက္စစ္သမား ရပ္ဖိုဒ့္ကို ခ်ီးက်ဴးမႈ ျပဳလုပ္သြားပါတယ္။

သူကပဲ ရပ္ဖိုဒ့္ဟာ ပရီးမီးယားလိဂ္က ေၾကာက္စရာ အေကာင္းဆံုး တိုက္စစ္သမားေတြထဲက တစ္ဦးအျဖစ္ မွတ္ခ်က္ေပးခဲ့တယ္။ ႏိုင္ငံအသင္းေဖာ္ ေပါ့ဘာထံကေန ရပ္ဖိုဒ့္အေၾကာင္းေတြ အမ်ားၾကီးကို သူ ၾကားသိထားပါေၾကာင္းလည္း ပီအက္စ္ဂ်ီ တိုက္စစ္သမားက ေျပာပါတယ္။

အမ္ဘတ္ပီက ” အဂၤလန္မွာေတာ့ ရပ္ဖိုဒ့္က အႏၱရာယ္အၾကီးဆံုး တိုက္စစ္သမားေတြထဲက တစ္ဦး ျဖစ္ပါတယ္။ သူက ဘယ္ေလာက္တဲ့ ေကာင္းတဲ့ ကစားသမားလည္းဆိုတာ ေပါလ္ေပါ့ဘာက ေျပာျပေလ့ရွိပါတယ္။ ေပါလ္က ကစားသမားေတြနဲ႔ ပက္သက္လို႔ အဲ့လို ခ်ီးက်ဴးေျပာဆိုမႈေတြ သိပ္လုပ္ေလ့ မရွိလွပါဘူး ” လို႔ဆိုပါတယ္။

ရပ္ဖိုဒ့္ဟာ အဂၤလန္မွာေတာ့ ကေလးသူငယ္ ေရးရာေတြမွာ ဦးေဆာင္ဦးရြက္ လုပ္ေဆာင္ေနတာေၾကာင့္ ခ်ီးက်ဴးခံေနရသူ ျဖစ္ပါတယ္။ ယူႏုိက္တက္ တိုက္စစ္သမားရဲ႕ ထူးခၽြန္တဲ့ လူမႈေရးရာ ကိစၥေတြကို ေလးစားပါေၾကာင္းလည္း အမ္ဘတ္ပီက ေျပာခဲ့ပါေသးတယ္။

ျပင္သစ္သား တိုက္စစ္မွဴးကပဲ ” ကေလးသူငယ္ေတြရဲ႕ ပက္သက္တဲ့ ကိစက အေရးၾကီးပါတယ္။ စစ္မွန္တဲ့ အေျပာင္းအလဲအတြက္ သူလုပ္ျပခဲ့ျပီး ၾကိဳးစားေနတာအတြက္ က်ေနာ္ တကယ္ကို ေလးစားပါတယ္။ ျခားနားတဲ့ ကမၻာၾကီးျဖစ္ေအာင္လုပ္ဖို႔ ကစားသမားေတြကလည္း ကိုယ္ရဲ႕ ေနရာေတြကေန ပါဝင္သင့္ပါတယ္။ ” လို႔ဆိုခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္မွာေတာ့ ရပ္ဖိုဒ့္ဟာ ေနာက္က် ပင္နယ္တီကို သြင္းယူခဲ့ျပီး ယူႏိုက္တက္ကို ေနာက္တစ္ဆင့္ကို တက္ေရာက္ေစခဲ့သူ ျဖစ္ပါတယ္။ ဒါနဲ႔ ပက္သက္လို႔လည္း အမ္ဘတ္ပီက ေျပာပါေသးတယ္။

” အဲ့လို အေျခအေနမွာ ေလ့က်င့္ေရးမွာ ဘယ္လို ေလ့က်င့္ခဲ့တယ္ ဆိုတာက အေရးမၾကီးေတာ့ပါဘူး။ ယံုၾကည္မႈရွိရွိ အဆံုးသတ္ဖို႔ လိုပါတယ္။ သူက အရမ္းကို ယံုၾကည္မႈရွိတဲ့ ကစားသမားပါ။

မႏွစ္က ခ်န္ပီယံလိဂ္ ေဘာလံုးရာသီေတြမွာ ဘာျဖစ္ခဲ့တယ္ဆိုတာက အေရးမၾကီးပါဘူး။ က်ေန္ာတို႔က ခ်န္ပီယံလိဂ္အတြက္ ရည္မွန္းခ်က္ၾကီးပါတယ္။ မႏွစ္တုန္းက နီးစပ္ခဲ့ေပမယ့္ လံုေလာက္ေအာင္ မေကာင္းခဲ့ဘူး။ က်ေန္ာတို႔မွာ ဥေရာပရဲ႕ အေကာင္းဆံုး ကစားသမားေတြ ရွိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။